ရေစကြို အောက်တိုဘာ ၂၉၊ ၂၀၁၈ အောင်မြင့် မကွေးတိုင်း ရေစကြိုမြို့နယ် ထန်းဆယ်ပင်ကျေးရွာနဲ့ အမှတ်(၇)ရပ်ကွက် ၊ငါးရာပြည့် ၊ ဖူလုံကျေးရွာ မအူကျောက်ဖူးကျေးရွာ စတဲ့ကျေးရွာက တောင်သူ ၁၀၀ကျော်ဟာ သူတို့ရဲ့ လယ်ယာမြေနဲ့ပက်သက်ပြီးနစ်နာချက်တွေကိုဆန္ဒဖော်ထုတ်ခဲ့ကြတာပါ ။
Read MoreDay: October 29, 2018
သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် တောင်သူတွေ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်
မုံရွာ အောက်တိုဘာ ၂၉ ၊ ၂၀၁၈ စောပြည့်ချမ်းသာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ် အက်တောကျေးရွာက တောင်သူ ၁၀၀ ကျော်က သိမ်းဆည်းခံ မြေများ ပြန်ရရေးအတွက် ဒီနေ့ နံနက်ပိုင်းမှာ မုံရွာမြို့ပေါ်တက်ပြီး မြို့ အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တန့် ဆည်မြို့ နယ် အက်တောကျေးရွာမှာရှိတဲ့ တောင်သူတွေပိုင် မြေဧက ၅ ဒသမ ၁၉ ဧကကို လျော်ကြေး၊ နစ်နာကြေး၊ မြေအစားထိုးပေးခဲ့တာတွေ မရှိဘဲ ၁၉၇၂ ခုနှစ်က အမှတ် ၁ စက်မှုဝန်ကြီးဌာနက သိမ်းဆည်းခဲ့ပြီး ၂၀၁၀ မှာ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကို အပြီးအပိုင် လွဲပြောင်းရောင်းချခဲ့တဲ့ အတွက် မူလပိုင်ရှင်တောင်သူတွေ လက်ထဲ စွန့်လွတ်အပ်နှံ့ပေးရေး ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဆန္ဒထုတ်ဖော်မှုကို မုံရွာမြို့ တောင်ရပ်ကွက်၊ သာစည်မီးပွိုင့် အနီးမှာ စုရပ်ပြုလုပ်ပြီး …
Read Moreအင်ဒိုနီးရှား၏ Lion Air ပင်လယ်တွင်းပျက်ကျ
အောက်တိုဘာ ၂၉၊ ၂၀၁၈ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ ဒီနေ့မနက် ၆း၂၀ မှာ စတင်ပျံသန်းထွက်ခွာတဲ့ Lion Air လေကြောင်းလိုင်းက လေယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျ ပျောက်ဆုံးခဲ့ပါတယ်။ အဲ့ဒီလေယာဉ်ဟာ စတင်ပျံတက်ပြီး ၁၅ မိနစ်အကြာမှာ မြေပြင်နဲ့အဆက်သွယ်ပြတ်တောက်ပြီး ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ ပင်လယ်ပြင်နေရာမှာ ဆီကွက်တွေ၊ ပေါလောပေါ်နေတဲ့ အပျက်အစီးအပိုင်းအစတွေနဲ့ ပစ္စည်းတွေကို တွေ့နေရပြီး အင်ဒိုနီးရှား လေတပ်၊ ရေတပ်အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့လည်း လေကြောင်းလိုင်းက ဆိုပါတယ်။ ဒီ JT610 လယာဉ်ပေါ်မှာ ကလေးငယ် ၃ ဦး၊ လေယာဉ်အမှုထမ်း ၇ ဦးအပါအဝင် စုစုပေါင်း ၁၈၈ ယောက် ပါဝင်ပြီး၊ ဂျကာတာကနေ ပီနန်ကို သွားမယ်လေယာဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ပီနန်လေဆိပ်မှာတော့…
Read More