ကိုရီယားမှာ နှာခေါင်း နဲ့ မျက်ရစ် ခွဲစိတ်ပြုပြင်လိုက်တဲ့ နန်းခင်ဇေယျာ

ရန်ကုန် နိုဝင်ဘာ ၁၃ – ၂၀၁၈
သင်းသဒ္ဒါ

သရုပ်ဆောင် နန်းခင်ဇေယျာကတော့ မိမိလက်ရှိနှာခေါင်း နဲ့ပတ်သက်ပြီး ယုံကြည်မှုသိပ်မရှိလို့ ကိုရီယားမှာ သွားပြီး ခွဲစိတ်ပြုပြင်လိုက်ပါတယ်လို့ ဆိုလာပါတယ်။

”နန်းခင်ရဲ့ နှာခေါင်းက နဲနဲပြားတော့ မကြိုက်ဘူး။ဓာတ်ပုံရိုက်ရင်သိပ်မလှဘူးဖြစ်နေတယ်။ အပြင်ထွက်ရင် နှာတံဖော်ရတာ အလုပ်တစ်လုပ်ပေါ့။ ခုဆိုရင်နှာတံလည်း ဖော်စရာမလိုတော့ဘူးပေါ့။ အခုလို ခွဲစိတ်ပြုပြင်လိုက်တော့ ယုံကြည်မှုအပြည့်အဝရှိလာပါတယ်”လို့ ပြောပါတယ်။

နန်းခင်ဇေယျာ မျက်နှာပြင်ဖြစ်တာ အဓိကက ကိုရီးယားက ဆေးရုံက Ambassadorအနေနဲ့ လုပ်ဆောင်ဖြစ်တာပါ။ကိုယ့်မကြိုက်တဲ့ နှာခေါင်းကို ပြင်လိုက်တာပါ။ ဒါပေမယ့် ကိုရီးယားကဆေးရုံ နန်းခင်ရဲ့ မျက်ရစ်ကိုပါမကြိုက်လို့ ပြင်ပေးလိုက်တာပါ။ နန်းခင်က ခွဲစိတ်တာ တစ်ရက်ကိုမှ နေ့တစ်ဝက်ပဲ ဆေးရုံမှာနေရတယ်။ နန်းခင်ကို ပရိသတ်မှတ် မိပြီးသားရုပ်အတိုင်းလေးပဲ ဖြစ်ချင်တယ်။ ၃ လနေပြီရင်တော့ နန်းခင်ရဲ့ ပုံမှန်ရုပ်လေးရုပ်လုံးပေါ်လာမှာပါ။

နန်းခင်ဇေယျာကတော့ လက်ရှိမှာခွဲစိတ်ပြီး ၁၁ ရက်သာရှိသေးပြီးတော့ မျက်နှာမှာအရောင်တွေမကျသေးဘဲ အစားအသောက် အရမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

#voiceofmyanmar #နန်းခင်ဇေယျာ #နှာခေါင်းခွဲစိတ်

Related posts

Leave a Comment

VOM News

FREE
VIEW