ချမ်းမြသာစည်​မြို့နယ်​က ကျူး​ကျော်​တဲ့(၈၀)​ကျော်​ ဖယ်​ရှား
မန္တလေး နိုဝင်ဘာ ၁၃-၂၀၁၈ ဟိန်းကို (VOM) မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​ ၊ မြို့သစ်​အမှတ်​(၅)ရပ်​ကွက်​ နဲ့ ချမ်းမြသာစည်​​တောင်​ရပ်​ကွက်​ ၇၃လမ်း နဲ့ ၇၅လမ်းကြား ​ရေနီ​မြောင်း နဲ့ ​လေယာဉ်​ကွင်း​ဟောင်းကြားက ​ကျူး​ကျော်​​နေထိုင်​​နေတဲ့ ​နေအိမ်​(၈၀)​ကျော်​ကို ယ​နေ့ နိုဝင်​ဘာ(၁၃)ရက်​ နံနက်​ပိုင်းက ဖယ်​ရှားရှင်းလင်းခဲ့ပါတယ်​။ #voiceofmyanmar #မန္တလေး #ချမ်းမြသာစည် #ကျူးရှင်းလင်းရေး
Read More
ကိုရီယားမှာ နှာခေါင်း နဲ့ မျက်ရစ် ခွဲစိတ်ပြုပြင်လိုက်တဲ့ နန်းခင်ဇေယျာ
ရန်ကုန် နိုဝင်ဘာ ၁၃ – ၂၀၁၈ သင်းသဒ္ဒါ သရုပ်ဆောင် နန်းခင်ဇေယျာကတော့ မိမိလက်ရှိနှာခေါင်း နဲ့ပတ်သက်ပြီး ယုံကြည်မှုသိပ်မရှိလို့ ကိုရီယားမှာ သွားပြီး ခွဲစိတ်ပြုပြင်လိုက်ပါတယ်လို့ ဆိုလာပါတယ်။ ”နန်းခင်ရဲ့ နှာခေါင်းက နဲနဲပြားတော့ မကြိုက်ဘူး။ဓာတ်ပုံရိုက်ရင်သိပ်မလှဘူးဖြစ်နေတယ်။ အပြင်ထွက်ရင် နှာတံဖော်ရတာ အလုပ်တစ်လုပ်ပေါ့။ ခုဆိုရင်နှာတံလည်း ဖော်စရာမလိုတော့ဘူးပေါ့။ အခုလို ခွဲစိတ်ပြုပြင်လိုက်တော့ ယုံကြည်မှုအပြည့်အဝရှိလာပါတယ်”လို့ ပြောပါတယ်။ နန်းခင်ဇေယျာ မျက်နှာပြင်ဖြစ်တာ အဓိကက ကိုရီးယားက ဆေးရုံက Ambassadorအနေနဲ့ လုပ်ဆောင်ဖြစ်တာပါ။ကိုယ့်မကြိုက်တဲ့ နှာခေါင်းကို ပြင်လိုက်တာပါ။ ဒါပေမယ့် ကိုရီးယားကဆေးရုံ နန်းခင်ရဲ့ မျက်ရစ်ကိုပါမကြိုက်လို့ ပြင်ပေးလိုက်တာပါ။ နန်းခင်က ခွဲစိတ်တာ တစ်ရက်ကိုမှ နေ့တစ်ဝက်ပဲ ဆေးရုံမှာနေရတယ်။ နန်းခင်ကို ပရိသတ်မှတ် မိပြီးသားရုပ်အတိုင်းလေးပဲ ဖြစ်ချင်တယ်။ ၃ လနေပြီရင်တော့ နန်းခင်ရဲ့ ပုံမှန်ရုပ်လေးရုပ်လုံးပေါ်လာမှာပါ။ နန်းခင်ဇေယျာကတော့ လက်ရှိမှာခွဲစိတ်ပြီး ၁၁ ရက်သာရှိသေးပြီးတော့ မျက်နှာမှာအရောင်တွေမကျသေးဘဲ…
Read More
အစ္စရေးကို ဒုံးကျည်အစင်း ၃၀၀ ကျော်ဖြင့် ပါလက်စတိုင်း စစ်သွေးကြွတို့တိုက်ခိုက်
  ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၃ မျိုးဆက် (VOM) အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ဂါဇာကမ်းမြောင်ဒေသမှာ တင်းမာမှုတွေမြင့်တက်နေပြီး အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၃၇၀ နဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေက နိုဝင်ဘာ ၁၂ ရက်က တိုက်ခိုက်လိုက်ပါတယ်။ တင်းမာမှုတွေမြင့်တက်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း စစ်သွေးကြွ ပစ်မှတ် ၇၀ ကျော်ကို အစ္စရေးတို့က လေကြောင်းကနေတိုက်ခိုက်ပြီးနောက် ပါလက်စတိုင်းဘက်က အခုလို တုံ့ပြန်တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။ ဒီလိုအပြန်အလှန်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားတစ်ဦးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ခုနှစ်ဦး သေဆုံးခဲ့ပြီး အစ္စရေးဘက်မှာ လူ၁၀ဒဏ်ရာရရှိထားတယ်လို့ အစ္စရေးဆေးအမှုထမ်းတွေက ပြောပါတယ်။ အစ္စရေးစစ်ဘက်ကနေ ပါလက်စတိုင်း စစ်သွေးကြွ ဟားမက်အဖွဲ့ပိုင်တဲ့ ဂါဇာစီးတီးက ရုပ်မြင်သံကြားဌာနကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ရုပ်မြင်သံကြားဌာနက အက်ဖ်-၁၆ တိုက်လေယာဉ်ပေါ်ကနေ ဒုံးပျံ သုံးစင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတင်းမာမှုတွေကြောင့် ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ပထမကမ္ဘာစစ်ပြီးဆုံးတဲ့…
Read More
မြောက်ကိုရီးယားက လျှို့ဝှက်နျူကလီးယားစခန်းတွေ ဆက်လုပ်နေဟု အမေရိကန်လေ့လာရေးအဖွဲ့ပြော
Read More
ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ လူ့အခွင့်အရေးမြင့်ဆုံးဆု AI ရုပ်သိမ်း
  လန်ဒန်၊ နိုဝင်ဘာ-၁၃- ၂၀၁၈ မျိုးဆက် (VOM) ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကပေးအပ်ထားတဲ့ အမြင့်ဆုံးလူ့အခွင့် အရေးဆုဖြစ်တဲ့ ယုံကြည်ချက်ကို အစဉ် စွဲကိုင်ထားသူ (Ambassador of Conscience Award) ဆုကို နိုဝင်ဘာ ၁၂ ရက်က ရုပ်သိမ်းလိုက်ပါတယ်။ ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်က အဆိုပါဆုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပေးအပ်ခဲ့တာဖြစ်ပြီး ရှစ်နှစ်အကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ လူ့ခွင့်အရေး ကာကွယ်မြင့်တင်ရေးရဲ့ ပြယုဂ်တစ်ခုမဟုတ်တော့ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုလိုက်ပြီး ဘင်္ဂါလီဒုက္ခသည်အရေးမှာ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်ပြောဆိုမှုမရှိဘဲ နှုတ်ဆိတ်နေတဲ့အတွက် ဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ခြင်း၊ ခွန်အားသတ္တိနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးရဲ့ ပြယုဂ် မဟုတ်တော့ဘူးလို့ နိုင်ငံတကာလွတ်ချမ်းသာခွင့်အဖွဲ့အကြီးအကဲ ကူမီနိုင်ဒူးက ဆုရုပ်သိမ်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာ ၁၁ ရက်က…
Read More
ဝိဥာဉ်ဝင်ပူးတာကို မလုပ်ဖူးပေမယ့်ရအောင် ကြိုးစားထားတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်
ရန်ကုန် နိုဝင်ဘာ ၁၃- ၂၀၁၈ သင်းသဒ္ဒါ (VOM) အိမ်ထောင်ကျပြီးသော်လည်း ပရိသတ်အားပေးအခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ကတော့ ကယားပြည်နယ်မှာ ရိုက်ထားတဲ့ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကားမှာတော့ ဝိဥာဉ်ဝင်ပူးတဲ့ ဇာတ်ဝင်ခန်းကို မလုပ်ဖူးပေမယ့် ရအောင်ကြိုးစားထားတယ်လို့ ဆိုပါတယ်။ အူဝဲလည်း တကယ်အပြင်မှာဝိဥာဉ်ဝင်ပူးတာ မခံရဘူးတော့ မသိဘူးလေနော်။ဒါပေမယ့်ကိုယ် ကြည့်ဖူးတဲ့ဟာတွေဆိုရင် နိုင်ငံခြားတွေမှာတွေ့ရတယ်။ ဝင်ပူးလိုက်တယ်ဆိုတဲ့ Affect ကို ပြရတာလည်းဖြစ်တယ်။ ဝိဥာဉ်ဝင်ပူးတာကို မလုပ်ဖူးပေမယ့် လည်း ဒီမုဒ်ကိုရအောင် ကြိုးစားပြီးတော့ လုပ်ဆောင်ထားပါတယ်”လို့ ပြောပါတယ်။ နှစ်ပေါင်း ၆၀ ဇာတ်ကားရိုက်ကူးမှုတွေမရှိခဲ့တဲ့ လွိုင်ကော်မြို့ရဲ့ အနီးတစ်ဝှိုက်က ရိုးရာယဉ်ကျေးမှုအလှအပတွေပါတွေ့ရမယ့် ” ကြတ်ဂူ” ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ နဲ့ သရုပ်ဆောင်အနေနဲ့ လူမင်း ၊ မြင့်မြတ် ၊ကျော်ထက်အောင် ၊ အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗို အနုပညာရှင်တွေအများကြီးနဲ့ သရုပ်ဆောင်ထားကြပါတယ်။…
Read More
VOM News
FREE
VIEW