အစ္စရေးကို ဒုံးကျည်အစင်း ၃၀၀ ကျော်ဖြင့် ပါလက်စတိုင်း စစ်သွေးကြွတို့တိုက်ခိုက်

 

ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၃
မျိုးဆက် (VOM)

အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ဂါဇာကမ်းမြောင်ဒေသမှာ တင်းမာမှုတွေမြင့်တက်နေပြီး အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၃၇၀ နဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေက နိုဝင်ဘာ ၁၂ ရက်က တိုက်ခိုက်လိုက်ပါတယ်။

တင်းမာမှုတွေမြင့်တက်နေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း စစ်သွေးကြွ ပစ်မှတ် ၇၀ ကျော်ကို အစ္စရေးတို့က လေကြောင်းကနေတိုက်ခိုက်ပြီးနောက် ပါလက်စတိုင်းဘက်က အခုလို တုံ့ပြန်တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။

ဒီလိုအပြန်အလှန်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားတစ်ဦးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ခုနှစ်ဦး သေဆုံးခဲ့ပြီး အစ္စရေးဘက်မှာ လူ၁၀ဒဏ်ရာရရှိထားတယ်လို့ အစ္စရေးဆေးအမှုထမ်းတွေက ပြောပါတယ်။
အစ္စရေးစစ်ဘက်ကနေ ပါလက်စတိုင်း စစ်သွေးကြွ ဟားမက်အဖွဲ့ပိုင်တဲ့ ဂါဇာစီးတီးက ရုပ်မြင်သံကြားဌာနကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ရုပ်မြင်သံကြားဌာနက အက်ဖ်-၁၆ တိုက်လေယာဉ်ပေါ်ကနေ ဒုံးပျံ သုံးစင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုတင်းမာမှုတွေကြောင့် ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ပထမကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ်ပတ်လည်အခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်မယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုလည်း ၎င်းရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

#voiceofmyanmar #အစ္စရေး #ပါလက်စတိုင်း
Ref:RT/BBC
Photo: Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW