ခြံဝန်းခတ်ဖို့လိုင်းကျင်းတူးရာမှ ကျည်ဆံဟောင်းများတွေ့ရှိ

စစ်ကိုင်း နိုဝင်ဘာ ၁၄၊ ၂၀၁၈

စောပြည့်ချမ်းသာ (VOM)

 

 

စစ်ကိုင်းမြို့ ရွာထောင်တိုက်နယ် အောင်သာယာရပ်ကွက် နယ်မြေ ၄ အတွင်းက  နေအိမ်တစ်အိမ်မှာ  နိုဝင်ဘာ(၁၃ )ရက်နေ့ နံနက် ၇နာရီခန့်အချိန်က ခြံဝန်းခတ်ဖို့ လိုင်းကျင်းတူရာကနေ ကျည်ဆံ ဟောင်းများတွေ့ရှိခဲ့ပါတယ်။

အဲဒီ ကျည်ဆံတွေကို ခြံဝင်းခတ်ဖို့ဌားထားတဲ့ ပန်းရံဆရာတစ်ဦးကနေ လိုင်းကျင်းတူးရာကနေ တွေ့ရှိခဲ့တာ ဖြစ်ပြီး တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ပန်းရံဆရာက ရွှာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးကို အသိပေးအကြောင်းကြားခဲ့ပါတယ်။

အဲလို အသိပေးအကြောင်းကြားခဲ့တဲ့ အတွက် စစ်ကိုင်းမြို့မ ရဲစခန်းက တာဝန်ရှိသူတွေ၊သက်ဆိုင်ရာတာဝန်ရှိသူတွေက  သွားရောက်ကြည့်ရှုယူဆောင်လာပြီး စစ်ကိုင်းမြို့ရှိ တပ်မ (၃၃)က တာဝန်ရှိသူတွေထံ အပ်နှံ့ခဲ့တယ်လို့  ရွှာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးက ပြောပါတယ်။

တူးဖော်တွေ့ရှိခဲ့ရတဲ့ ကျည်ဆံ အရေအတွက်ဟာ စုစုပေါင်း ၉၅တောင့်ရှိပြီး ဒုတိယ ကမ္ဘာစစ်က ကျန်ရှိခဲ့တဲ့ ကျည်ဆံတွေဟုယူဆရပါတယ်။ ယခင် ကလည်း ရွာထောင်နယ်မြေ အတွင်းက ကျည်ဆံတွေကို တွေ့ခဲ့ဖူးတယ်တယ်လို့ ရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW