ကိုယ်တိုင် ဆေးလိပ်မသောက်တတ်ပဲ မီ ဇာတ်ကားမှာ ပီပြင်အောင် သရုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ ပိုင်ဖြိုးသု

  ရန်ကုန် နိုဝင်ဘာ ၁၄ . ၂၀၁၈ သင်းသဒ္ဒါ   မီ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆေးလိပ်သောက်တဲ့ အခန်းတွေပတ်သက်ပြီးတော့ ပိုင်ဖြိုးသုက ” သုက ဆေးလိပ်ကို အနံတောင် မခံနိုင်ခဲ့ပါဘူး။ ကိုယ်တိုင် က ဆေးလိပ်မသောက်တတ်ဘဲ ဒီကာရိုက်တာကို ပီပြင် အောင် သရုပ်ဆောင်ခဲ့ရတယ်။ ခက်ခဲခဲ့တယ်ပါတယ်” လို့ ဆိုလာပါတယ်။ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်း ပတ်သက်ပြီးတော့ “အခုလို ဆိုရှယ်မီဒီယာတွေမှာ အခုလိုမျိုးမြင် တွေ့ရလာတာ ဘယ်လိုခံစားရလဲလို့ မေးရင် ရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ သုရဲ့ ရပ်တည်ချက်က သရုပ် ဆောင်ပါ ။သုရဲ့အဓိက သရုပ်ဆောင် တဲ့ အခါမှာ ကိုယ်ရဲ့ ဇာတ်ရုပ်ကာရိုက်တာကို ပီပြင်အောင်က သုရဲ့ ခေါင်းထဲမှာ နံပါတ်တစ်ဦးစားပေးပါ။ အဲဒါကြောင့် ရူတင်မှာဆိုရင် ဆေးလိပ်အနံ့တောင် မခံနိုင်ခဲ့ပါဘူး ။ ဒါကိုလည်း အရှေ့မှာလည်း ပြောသွားပြီးပါပြီမှ…

Read More

ခြံဝန်းခတ်ဖို့လိုင်းကျင်းတူးရာမှ ကျည်ဆံဟောင်းများတွေ့ရှိ

စစ်ကိုင်း နိုဝင်ဘာ ၁၄၊ ၂၀၁၈ စောပြည့်ချမ်းသာ (VOM)     စစ်ကိုင်းမြို့ ရွာထောင်တိုက်နယ် အောင်သာယာရပ်ကွက် နယ်မြေ ၄ အတွင်းက  နေအိမ်တစ်အိမ်မှာ  နိုဝင်ဘာ(၁၃ )ရက်နေ့ နံနက် ၇နာရီခန့်အချိန်က ခြံဝန်းခတ်ဖို့ လိုင်းကျင်းတူရာကနေ ကျည်ဆံ ဟောင်းများတွေ့ရှိခဲ့ပါတယ်။ အဲဒီ ကျည်ဆံတွေကို ခြံဝင်းခတ်ဖို့ဌားထားတဲ့ ပန်းရံဆရာတစ်ဦးကနေ လိုင်းကျင်းတူးရာကနေ တွေ့ရှိခဲ့တာ ဖြစ်ပြီး တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ပန်းရံဆရာက ရွှာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှုးကို အသိပေးအကြောင်းကြားခဲ့ပါတယ်။ အဲလို အသိပေးအကြောင်းကြားခဲ့တဲ့ အတွက် စစ်ကိုင်းမြို့မ ရဲစခန်းက တာဝန်ရှိသူတွေ၊သက်ဆိုင်ရာတာဝန်ရှိသူတွေက  သွားရောက်ကြည့်ရှုယူဆောင်လာပြီး စစ်ကိုင်းမြို့ရှိ တပ်မ (၃၃)က တာဝန်ရှိသူတွေထံ အပ်နှံ့ခဲ့တယ်လို့  ရွှာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးက ပြောပါတယ်။ တူးဖော်တွေ့ရှိခဲ့ရတဲ့ ကျည်ဆံ အရေအတွက်ဟာ စုစုပေါင်း ၉၅တောင့်ရှိပြီး ဒုတိယ ကမ္ဘာစစ်က ကျန်ရှိခဲ့တဲ့…

Read More

ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒုသမ္မတ တိုက်တွန်း

စင်ကာပူ၊ နိုဝင်ဘာ-၁၄၊ ၂၀၁၈ မျိုးဆက် (VOM)   ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်တယ်လို့ အိမ်ဖြူတော်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနို်င်ငံ အစိုးရလျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ ထောင်ဒဏ် ခုနှစ်နှစ် ပြစ်ဒဏ်ချခံထားရပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှထိပ်သီးဆွေးနွေးပွဲ ပြင်ပ၊ ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့ဆုံချိန်မှာ အမေရိကန်ဒုသမ္မတ မိုက်ပင့်က အခုလိုတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အကြိမ်ပေါင်းများစွာ မိုက်ပင့်က ပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောဆိုပြီး အဆိုပါကိစ္စအပေါ် အလွန်ရှင်းလင်းစွာ အမြင်ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါတံခါးပိတ်အစည်းအဝေးမှာ…

Read More

ဘင်္ဂါလီတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့အစီအစဉ်ရပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂတိုက်တွန်း

ဂျီနီဗာ၊ နိုဝင်ဘာ-၁၄၊ ၂၀၁၈ မျိုးဆက် (VOM)   ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာအကြီးအကဲ မီရှယ်ဘာချီလက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ဝင်ဘာ ၁၃ ရက်ကတိုက်တွန်းလိုက်ပါတယ်။ ဒီလိုပြန်ပို့တာဟာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာတွေ ဖြစ်လာမှာဖြစ်ပြီး ဒုက္ခသည်တွေရှင်သန်မှုနဲ့ လွတ်လပ်မှုအတွက် ဆိုးရွားတဲ့ အန္တရာယ်တွေရှိလာနိုင်တယ်လို့ ၎င်းက သတိပေးပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများအရ ဒုက္ခသည်များသည် နေရပ်သို့ပြန်ရန်ဆန္ဒမရှိကြောင်း ထပ်တလဲလဲထုတ်ဖော်ပြောဆိုသည်ကို ကြားသိနေရပြီး နေရပ်ပြန်ပို့မည့် မိသားစု အများစုကို အမျိုးသမီးများ သို့မဟုတ် ၎င်းတို့၏ ကလေးများက ဦးဆောင်နေတယ်လို့ မီရှယ်ဘာချီလက်က ပြောပါတယ်။ နေရပ်ကထွက်ပြေးလာပြီး ခိုလှုံခွင့်တောင်းသူတွေကို လုံခြုံမှုမရှိသေးတဲ့ နေရာကိုပြန်ပို့တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးအကြီးအကဲက ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ဘင်္ဂါလီ ဒုက္ခသည်တွေကို ၎င်းတို့ကိုပြန်မပို့ခင်မှာ ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကို…

Read More

အရမ်းကို စဉ်းစားလွန်အားကြီးလို့ အချစ်နဲ့ ဝေးသွားတာပါဆိုတဲ့ နေမင်း

ရန်ကုန် နိုဝင်ဘာ ၁၄၊ ၂၀၁၈ သင်းသဒ္ဒါ   ဇာတ်ရုပ်တွေရဲ့ ကာရိုက်တာပိုင်းမှာ ရွေးချယ်မှုတွေကြောင့် ပရိသတ်နဲ့  အလှမ်းဝေးသလို ဖြစ်သွားတဲ့ သရုပ်ဆောင် နေမင်း ကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ” တကယ်တမ်းတော့ ကိုယ့်ရဲ့ အချစ်တစ်ခု ထဲကို မတွေးပဲ ဘေးကအရာအားလုံးကို လိုက်တွေးလိုက်လို့ အချစ်နဲ့ ဝေးသွားတယ်ပေါ့။ တွေဝေတာထက် သိပ်မသိတော့ စဉ်းစားမိလို့ပါ။ အရမ်းကို စဉ်းစားလွန်အားကြီးလို့ အချစ်နဲ့ ဝေးသွားတာပါ”လို့ ဆိုလာပါတယ်။ မကြာခင် ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ရွှေစင်ဦးက ရုံတင်ပြသမယ့် ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာ လည်း ၀တ်မှုန်ရွှေရည် ၊ နေခြည်ဦးတို့နဲ့အတူ လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် ထား တယ်လို့လည်း သိရပါတယ်။ အချစ်ရေးနဲ့ စပ်လျဉ်း၍ပြီးတော့ “အမှန်အတိုင်း ရိုးရိုးသားသားဝန်ခံရရင် သဲသဲနဲ့ ရွှေထူး ရဲ့ ဗီဒီယို ဖိုင်လေး…

Read More

နျူကလီးယားစွန့်လွှတ်သည်အထိ မြောက်ကိုရီးယားအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုချမှတ်မည်

တိုကျို၊ နိုဝင်ဘာ-၁၄ မျိုးဆက် (VOM)   မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစွန့်လွှတ်ချိန်အထိ အရေးယူပိတ်ဆို့မှုတွေကိုအပြည့်အ၀ ချမှတ်ထားမှာဖြစ်တယ်လို့အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်က နိုဝင်ဘာ ၁၃ ရက်ကတိုကျိုမှာပြုလုပ်တဲ့ဂျပန်ဝန်ကြီချုပ်ရှင်ဇိုအဘေးနဲ့  ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကတိပြုပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားအပါအ၀င် ဒေသအတွင်း လုံခြုံရေးနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေကို အမေရိကန်က အခိုင်အမာ ဆန့်ကျင်သွားမှာဖြစ်တယ်လို့ ပါပူဝါနယူးဂီနီမှာ ကျင်းပမယ့် အေပက်ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုယ်စား တက်ရောက်မယ့် မိုက်ပင့်က ပြောပါတယ်။ နျူကလီယားအပြီးတိုင်စွန့်လွှတ်ချိန်အထိ မြောက်ကိုရီးယားအပေါ် စီးပွားရေး အရေးယူပိတ်ဆို့မှုတွေကို အပြည့်အ၀ချမှတ်ထားမှာဖြစ်ပြီး ဒီလို အရေးယူပိတ်ဆို့ထားတာတွေကို မရုပ်သိမ်းမီ လုပ်ဆောင်စရာ များစွာကျန်နေသေးတယ်လို့ အမေရိကန်ဒုတိယသမ္မတ သတင်းထောက်များကို ပြောပါတယ်။ ၂၀၁၉ ခုနှစ်နှစ်ဆန်းပိုင်းမှာ  ကင်ဂျုံအန်နဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုထားပြီး မြောက်ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာလည်း  အလျင်လိုဖို့ မလိုဘူးလို့…

Read More

ကသာ-ဗန်းမော် မီးရထားလမ်းဖောက်စဉ်က ပါဝင်ခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေပေးမည်။

ကသာ – နိုဝင်ဘာ ၁၄၊ ၂၀၁၈ မောင်တာရာ   စစ်ကိုင်းတိုင်း ကသာ-ဗန်းမော် မီးရထားလမ်းဖောက်ရေးစီမံကိန်းအတွင်း သိမ်းဆည်းခံခဲ့ရတဲ့ မြေယာတွေအတွက် လျော်ကြေးငွေများ ပြန်လည် ပေးအပ်သွားမယ်လို့ ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း ပြောပါတယ်။ ကသာ-ဗန်းမော် မီးရထားလမ်းကို ၂၀၀၇ -၂၀၀၈ ခုနှစ်က ဖောက်လုပ်ခဲ့ပြီး ဖောက်လုပ်စဉ်အခါက ကျေးရွာအုပ်စု ၆ အုပ်စုက တောင်သူ ၁၈၇ ဦးရဲ့လယ်ယာမြေစုစုပေါင်း (၃၀၃ ဒသမ ၂၀ )ဧက ပါဝင်ခဲ့ပါတယ်။ အဲဒီ လယ်ယာမြေတွေ အတွက် ယခုအခါမှာတော့ မြန်မာ့မီးရထားက လျော်ကြေးငွေတွေ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ”၂၀၀၇ -၂၀၀၈ တုန်းကဆိုတော့ အာဏာရှင်ခေတ် ဆိုတော့ ပြည်သူတွေက ရင်မဖွင့်ခဲ့ရဘူးပေါ့နော်၊ အာဏာရှင်ခေတ်မှာ ဖောက်လုပ်ခဲ့တဲ့ အတွက် ပြည်သူတွေက သူ့တို့ အခွင့်အရေးကို တောင်းဆိုလို့…

Read More

အိမ်ဖြူတော် သတင်းယူခွင့်ပိတ်လို့ သမ္မတဒေါ်နယ်ထရန့်ကို စီအင်န်အင်န် သတင်းဌာနတရားစွဲ

  နယူးယောက်၊ နိုဝင်ဘာ-၁၄ မျိုးဆက်(VOM)     စီအင်န်အင်န်သတင်းဌာနမှ အိမ်ဖြူတော် သတင်းထောက် ဂျင်အက်ကိုစတာ ကိုသတင်းယူခွင့် ပိတ်ပင်လိုက်တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော် တာဝန်ရှိသူတွေကို  စီအင်န်အင်န် သတင်းဌာနက တရားစွဲဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်ကပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတဒေါ်နယ်ထရန့်နဲ့ စီအင်န်အင်န်သတင်းထောက်တို့ မေးခွန်းမေးမြန်းရင် အခြေအတင်ဖြစ်ပွားပြီးနောက် စီအင်န်အင်န် သတင်းထောက်ကို အိမ်ဖြူတော်က သတင်းရယူခွင့် ရပ်ဆိုင်းလိုက်တာကြောင့် စီအင်န်အင်န်သတင်းဌာက ဒီလိုတရားစွဲလိုက်တာဖြစ်ပါတယ်။ သတင်းထောက် အက်ကိုစတာနှင့် စီအင်န်အင်န်သတင်းဌာနတို့ရဲ့  ပြင်ဆင်နိုင်တဲ့ အခွင့်အရေးတွေကို အိမ်ဖြူတော်က သတင်းယူခွင့်တားမြစ်လိုက်လိုက်ခြင်းဖြင့် အခွင့်အရေးချိုးဖောက်တာကို ခံနေရရတယ်လို့ စွပ်စွဲထားပါတယ်။ တရားလိုဖြစ်တဲ့  စီအင်န်အင်န်နဲ့ အက်ကိုစတာတို့နှစ်ဦးလုံးက အမေရိသမ္မတ ဒေါ်နယ်ထရန့်၊ အိမ်ဖြူတော်အကြီးအကဲ ဂျွန်ကယ်လီ၊ မီဒီယာဆိုင်ရာအတွင်းရေးမှူး ဆာရာဆန်ဒါ ၊ ဆက်သွယ်ရေးတာဝန်ခံ ဘီရှိုင်း၊ ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ရန်ဒေါ အဲလက်စ်တို့နဲ့…

Read More

နိုင်ငံ့ဝန်ထမ်းယန္တရားအတွင်း ကြိုးနီစနစ်လျော့ချရေး တာဝန်ရှိသူများအနေနဲ့ ပူးပေါင်းအဖြေရှာဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ပြောဆို

နေပြည်တော်၊ နိုဝင်ဘာ ၁၄၊ ၂၀၁၈ မြတ်မင်းခန့်   နိုင်ငံ့ဝန်ထမ်းယန္တယားအတွင်း ကြိုးနီစနစ်များလျော့ချရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအနေနဲ့ အမြန်ဆုံးနည်းလမ်းရှာဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကမေတ္တာရပ်ခံပြော ဆိုခဲ့တာဖြစ်ပါတယ်။   နိုဝင်ဘာလ ၁၄ ရက်နေ့ကနေပြည်တော်မှာပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးအတွင်း တွံတေးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်မေးမြန်းတဲ့ နိုင်ငံ့ဝန်ထမ်းယန္တရားအတွင်း ကြိုးနီစနစ်လျော့ချရေးနှင့် စပ်လျှဉ်း ၍ မည်သို့ မည်ပုံ ဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီးသိလိုကြောင်း မေးမြန်းမှုကို သက်ဆိုင်ရာပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြန်လည်ဖြေဆိုမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဌက ဖြည့်စွက်ပြောဆိုခဲ့တာဖြစ်ပါတယ်။   “ပြည်သူ့လွှတ်တော်ဥက္ကဌ အနေနဲ့ ဖြည့်စွက်တင်ပြလိုတာကတော့ ပြည်ထောင်စုရာထူးဝင်အဖွဲ့ ဥက္ကဌ အနေနဲ့ Civil Servant Reform (နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး) လုပ်နေတယ်ဆိုတဲ့နေရာမှာ ဒီလို သင်တန်းပို့ချနေရုံနဲ့ မရပါဘူး။ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို လျှင်မြန်စွာ ဥပဒေနဲ့အညီ တုန့်ပြန်နိုင်ရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်သွားပေးဖို့…

Read More

ထီးတော်တင်ပါက ရေကြီးနစ်မြုပ်မည်ဟု တဘောင်ထွက်ပေါ်နေသည့် နေပြည်တော် နေရောင်ပြအင်းဘုရား ဒုတိယအကြိမ် ထီးတင်မည်

နေပြည်တော်၊ နိုဝင်ဘာ ၁၄၊ ၂၀၁၈ ဒီပ(နေပြည်တော်)   လူမှုကွန်ယက်စာမျက်နှာများနဲ့ နေပြည်တော်ဒေသခံ အသိုင်းအဝိုင်းကြားမှာ ထီးတော်တင်လျင် တစ်မြို့လုံး ရေနစ်မြုပ်မည်ဆိုတဲ့ တဘောင်အတိတ်နိမိတ်တွေ၊ ကောလဟလတွေကြောင့် လူပြောများလာတဲ့ ကိုးတောင်ပြည့် စေတီတော်နဲ့ ဥာဏ်တော် ၁၀၈ ပေမြင့်တဲ့ နေရောင်ပြအင်းဘုရားကို နိုဝင်ဘာ(၂၂)ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ဒုတိယအကြိမ် ထီးတော်ပြန်တင်မယ်လို့ နေရောင်ပြအင်ဘုရား တည်ဆောက်ရေး ဥက္ကဌဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။   “ကျွန်တော်တို့ရဲ့ ပါဋိဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့တာရှိပါတယ် ထီးတင်တဲ့အလုပ်ဆိုတာ အင်မတန် အကျိုးကျေးဇူးရှိတဲ့ အလုပ်ဖြစ်ပါတယ် ကုသိုလ်အကျိုးကျေးဇူး ကြီးမားတဲ့အလုပ်ဖြစ်လို့ အကုသိုလ်မဖြစ်ပါဘူး ရေကြီးတယ် ရေလွှမ်းတယ်ဆိုတာကတော့ အကုသိုလ်ရှိလို့ ဖြစ်ကြတာပဲ၊ ရေလွှမ်းမယ်ဆိုလည်း ဒီနေရာလေးတစ်ခုတည်း ကွက်ပြီးတော့မှ လွှမ်းမယ်ဆိုလည်း မဖြစ်နိုင်ဘူး၊ ဒီနေရာလွှမ်းမှတော့ နေပြည်တော်တခွင် နစ်မြုပ်မှာပဲ ဒါလည်းမဖြစ်နိုင်ဘူး အဲ့ဒီတော့ ကျွန်တော်တို့ ဖြစ်နိုင်ခြေ အကြောင်းတရားကို စဉ်းစားကြည့်တဲ့အခါ ဒါတွေက…

Read More
VOM News

FREE
VIEW