ဘင်္ဂါလီတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့အစီအစဉ်ရပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂတိုက်တွန်း

ဂျီနီဗာ၊ နိုဝင်ဘာ-၁၄၊ ၂၀၁၈

မျိုးဆက် (VOM)

 

ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာအကြီးအကဲ မီရှယ်ဘာချီလက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ဝင်ဘာ ၁၃ ရက်ကတိုက်တွန်းလိုက်ပါတယ်။

ဒီလိုပြန်ပို့တာဟာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာတွေ ဖြစ်လာမှာဖြစ်ပြီး ဒုက္ခသည်တွေရှင်သန်မှုနဲ့ လွတ်လပ်မှုအတွက် ဆိုးရွားတဲ့ အန္တရာယ်တွေရှိလာနိုင်တယ်လို့ ၎င်းက သတိပေးပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများအရ ဒုက္ခသည်များသည် နေရပ်သို့ပြန်ရန်ဆန္ဒမရှိကြောင်း ထပ်တလဲလဲထုတ်ဖော်ပြောဆိုသည်ကို ကြားသိနေရပြီး နေရပ်ပြန်ပို့မည့် မိသားစု အများစုကို အမျိုးသမီးများ သို့မဟုတ် ၎င်းတို့၏ ကလေးများက ဦးဆောင်နေတယ်လို့ မီရှယ်ဘာချီလက်က ပြောပါတယ်။

နေရပ်ကထွက်ပြေးလာပြီး ခိုလှုံခွင့်တောင်းသူတွေကို လုံခြုံမှုမရှိသေးတဲ့ နေရာကိုပြန်ပို့တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးအကြီးအကဲက ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ဘင်္ဂါလီ ဒုက္ခသည်တွေကို ၎င်းတို့ကိုပြန်မပို့ခင်မှာ ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် သွားရောက်ကြည့်ရှုတာကို မြန်မာအစိုးရက ခွင့်ပြုပေးသင့်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက နိုဝင်ဘာ ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံကိုပြန်ပို့မယ့် ဘင်္ဂါလီ ငါးထောင်ကျော်ထဲက ပထမအသုတ်အဖြစ် လူပေါင်း ၂၀၀၀ ကျော်ကို နိုဝင်ဘာ ၁၅ ရက်မှာ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့ သဘောတူခဲ့ကြပြီး လက်ရှိအချိန်မှာ ပြန်ပို့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောဆိုထားပါတယ်။

 

Ref: Anadolu/ bdnews24

Photo: Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW