ကိုယ်တိုင် ဆေးလိပ်မသောက်တတ်ပဲ မီ ဇာတ်ကားမှာ ပီပြင်အောင် သရုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ ပိုင်ဖြိုးသု

 

ရန်ကုန် နိုဝင်ဘာ ၁၄ . ၂၀၁၈

သင်းသဒ္ဒါ

 

မီ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆေးလိပ်သောက်တဲ့ အခန်းတွေပတ်သက်ပြီးတော့ ပိုင်ဖြိုးသုက ” သုက ဆေးလိပ်ကို အနံတောင် မခံနိုင်ခဲ့ပါဘူး။ ကိုယ်တိုင် က ဆေးလိပ်မသောက်တတ်ဘဲ ဒီကာရိုက်တာကို ပီပြင် အောင် သရုပ်ဆောင်ခဲ့ရတယ်။ ခက်ခဲခဲ့တယ်ပါတယ်” လို့ ဆိုလာပါတယ်။

ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်း ပတ်သက်ပြီးတော့ “အခုလို ဆိုရှယ်မီဒီယာတွေမှာ အခုလိုမျိုးမြင် တွေ့ရလာတာ ဘယ်လိုခံစားရလဲလို့ မေးရင် ရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ သုရဲ့ ရပ်တည်ချက်က သရုပ် ဆောင်ပါ ။သုရဲ့အဓိက သရုပ်ဆောင် တဲ့ အခါမှာ ကိုယ်ရဲ့ ဇာတ်ရုပ်ကာရိုက်တာကို ပီပြင်အောင်က သုရဲ့ ခေါင်းထဲမှာ နံပါတ်တစ်ဦးစားပေးပါ။ အဲဒါကြောင့် ရူတင်မှာဆိုရင် ဆေးလိပ်အနံ့တောင် မခံနိုင်ခဲ့ပါဘူး ။ ဒါကိုလည်း အရှေ့မှာလည်း ပြောသွားပြီးပါပြီမှ ဒီကားမရိုက်ခင်ကတည်းက ပြောခဲ့ပါတယ်။ ဆေးလိပ်ကို အနံ တောင် မခံနိုင်ခဲ့ပါဘူး။ ဆေးလိပ်သောက်တယ်ဆိုတာက ကိုယ့်ရဲ့ မိုက်ပြစ်ကို ကိုယ်တင်ခံ ရတာ မဟုတ်ဘဲ တခြားဘေးက ဆေးလိပ်အငွေ့ကို ရူရိုက်မိသူကိုလည်း ဘေးကနေရောဂါဖြစ်စေတဲ့အတွက် ဆေးလိပ် သောက် တဲ့ အလုပ်ကို လုံးဝဆန့်ကျင်ပါတယ်။ ကိုယ်တိုင်က ဆေးလိပ်မသောက်တတ်ဘဲ ဒီကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်ခဲ့ရတယ်။ ခက်ခဲခဲ့တယ်။ အခု လူငယ်တွေကို အတုယူရအောင် ရှေ့ဆောင်လမ်းပြလုပ်ပြ လိုက် မယ်ဆိုပြီးတော့ လုပ်ခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ ဒီဝတ္ထုကို အစအဆုံး ဖတ်ထားတဲ့သူလည်း သိပါတယ်”လို့ ထပ်ဆိုပါတယ်။

လက်ရှိ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ”မီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆေးလိပ်သောက်တဲ့ ဇာတ် ၀င်ခန်းတွေ ၊ရုပ်ရှင်ပိုစတာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ပြောဆိုရေးသားသူအနေနဲ့ အဖြစ်မှန်သိရှိစေရန် ရည်ရွယ်ပြီးတော့ မီ အဖြစ် ပါဝင်သရုပ်ဆောင်ထားသူကတော့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန်လည်းဖြစ်တဲ့ အကယ်ဒမီပိုင်ဖြိုးသု ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး သံတမန်အဖြစ် ဆက်လက်လုပ်ဆောင် ခွင့်လည်း ရရှိခဲ့ပါတယ်။ မီ အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု ကလည်း ကိုယ့်ရဲ့ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။

“အခုခေတ်လူတွေအားလုံးက အခြေခံပညာတွေအကုန်တတ်ကြတယ်။ ပညာတတ်တွေရှိ တယ်။ ရုပ် ရှင်ထဲမှာ မင်းသား၊ မင်းသမီးတွေလုပ်ပြလို့ လိုက်လုပ်တဲ့ ခေတ်မဟုတ်တော့ပါဘူး။ ရုပ်ရှင်ထဲမှာလည်း ဆေးလိပ် တွေ သောက်ပြ ၊ အရက်တွေ သောက်ပြ မင်းသမီးဟာ အောင်မြင်သွားတယ်။ သူဘဝလေး ပျော်ရွင်သွားတယ် မဟုတ်ဘူး။ ဒါတွေလုပ်ပြီး သူဘဝမှာ အသက်ပါပေးလိုက်ရတာဆိုတော့ ဒါကလူငယ်တွေအတွက် မှားယွင်း သော လွှမ်းမိုးမူလို့ သူရဲ့ခေါင်းထဲမှာ မထည့်ပါဘူး”လို့ ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW