နျူကလီးယားစွန့်လွှတ်သည်အထိ မြောက်ကိုရီးယားအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုချမှတ်မည်

တိုကျို၊ နိုဝင်ဘာ-၁၄

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစွန့်လွှတ်ချိန်အထိ အရေးယူပိတ်ဆို့မှုတွေကိုအပြည့်အ၀ ချမှတ်ထားမှာဖြစ်တယ်လို့အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်က နိုဝင်ဘာ ၁၃ ရက်ကတိုကျိုမှာပြုလုပ်တဲ့ဂျပန်ဝန်ကြီချုပ်ရှင်ဇိုအဘေးနဲ့  ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကတိပြုပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားအပါအ၀င် ဒေသအတွင်း လုံခြုံရေးနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေကို အမေရိကန်က အခိုင်အမာ ဆန့်ကျင်သွားမှာဖြစ်တယ်လို့ ပါပူဝါနယူးဂီနီမှာ ကျင်းပမယ့် အေပက်ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုယ်စား တက်ရောက်မယ့် မိုက်ပင့်က ပြောပါတယ်။

နျူကလီယားအပြီးတိုင်စွန့်လွှတ်ချိန်အထိ မြောက်ကိုရီးယားအပေါ် စီးပွားရေး အရေးယူပိတ်ဆို့မှုတွေကို အပြည့်အ၀ချမှတ်ထားမှာဖြစ်ပြီး ဒီလို အရေးယူပိတ်ဆို့ထားတာတွေကို မရုပ်သိမ်းမီ လုပ်ဆောင်စရာ များစွာကျန်နေသေးတယ်လို့ အမေရိကန်ဒုတိယသမ္မတ သတင်းထောက်များကို ပြောပါတယ်။

၂၀၁၉ ခုနှစ်နှစ်ဆန်းပိုင်းမှာ  ကင်ဂျုံအန်နဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုထားပြီး မြောက်ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာလည်း  အလျင်လိုဖို့ မလိုဘူးလို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် အာရှမိတ်ဖက်နိုင်ငံများနဲ့ အတူ အားလုံးပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မယ့် အမေရိကန်အစိုးရရဲ့ မူဝါဒတစ်ခုဖြစ်တဲ့  အင်ဒို-ပစိဖိတ် ဆက်ဆံရေးကို လွတ်လပ်ပွင့်လင်းစွာ ရှေးရှုလုပ်ဆောင်သွားဖို့ကိုလည်း မိုက်ပင့်နှင့်ရှင်ဇိုအဘေးတို့က ကတိက၀တ်ပြုလိုက်ပါတယ်။

အင်ဒို-ပစိတ်ဖိတ် ဆက်ဆံရေး မူဝါဒဟာ ဒေသအတွင်း ကြီးထွားလာတဲ့ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေကို တန်ပြန်ဖို့အတွက်ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။

Ref: UPI

Photo-AP

Related posts

Leave a Comment

VOM News

FREE
VIEW