နိုင်ငံ့ဝန်ထမ်းယန္တရားအတွင်း ကြိုးနီစနစ်လျော့ချရေး တာဝန်ရှိသူများအနေနဲ့ ပူးပေါင်းအဖြေရှာဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ပြောဆို

နေပြည်တော်၊ နိုဝင်ဘာ ၁၄၊ ၂၀၁၈

မြတ်မင်းခန့်

 

နိုင်ငံ့ဝန်ထမ်းယန္တယားအတွင်း ကြိုးနီစနစ်များလျော့ချရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအနေနဲ့ အမြန်ဆုံးနည်းလမ်းရှာဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကမေတ္တာရပ်ခံပြော ဆိုခဲ့တာဖြစ်ပါတယ်။

 

နိုဝင်ဘာလ ၁၄ ရက်နေ့ကနေပြည်တော်မှာပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးအတွင်း တွံတေးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်မေးမြန်းတဲ့ နိုင်ငံ့ဝန်ထမ်းယန္တရားအတွင်း ကြိုးနီစနစ်လျော့ချရေးနှင့် စပ်လျှဉ်း ၍ မည်သို့ မည်ပုံ ဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီးသိလိုကြောင်း မေးမြန်းမှုကို သက်ဆိုင်ရာပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြန်လည်ဖြေဆိုမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဌက ဖြည့်စွက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

“ပြည်သူ့လွှတ်တော်ဥက္ကဌ အနေနဲ့ ဖြည့်စွက်တင်ပြလိုတာကတော့ ပြည်ထောင်စုရာထူးဝင်အဖွဲ့ ဥက္ကဌ အနေနဲ့ Civil Servant Reform (နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး) လုပ်နေတယ်ဆိုတဲ့နေရာမှာ ဒီလို သင်တန်းပို့ချနေရုံနဲ့ မရပါဘူး။ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို လျှင်မြန်စွာ ဥပဒေနဲ့အညီ တုန့်ပြန်နိုင်ရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်သွားပေးဖို့ လွှတ်တော်အနေနဲ့  မေတ္တာရပ်ခံလိုပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

 

ဦးမြင့်လွင်ရဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိန်းက “ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ရာထူးအဆင့်လိုက် သင်တန်းများ ဖွင့်လှစ်၍ ဝန်ထမ်း စည်းမျဉ်း၊ ဝန်ထမ်း စည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ နိုင်ငံဝန်ထမ်း ဥပဒေနှင့် နိုင်ငံဝန်ထမ်း နည်းဥပဒေများ ဘာသာရပ်တို့ကို ပို့ချပေးခြင်းဖြင့်ကောင်းမွန် သော အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အသိတရားများထွန်းကား ပြန့်ပွားပြီး ပြည်သူ့ဝန်ကို ထမ်းလိုသော စိတ်ဓါတ်ဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးဖို့ ဆောင်ရွက်နေပါတယ်”လို့ ဖြေဆိုသွားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW