ဝလုံးနဲ့ ကျော်စိုးဦးတို့ အကောင်းဆုံးသတင်းသမားဆုရ

Voice Of Myanmar

ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးသတင်းသမားတွေအဖြစ် လန်ဒန်အခြေစိုက် Foreign Press Association FPA က သတ်မှတ် ဆုချီးမြှင့်လိုက်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ဟာ သတင်းသမားပီပီ သူတို့လုပ်ရမယ့် သတင်းသမားအလုပ်ကို ရဲဝံ့စွာ လုပ်ခဲ့ပြီး၊ သူတို့ ဖော်ထုတ်ရေးသားခဲ့တဲ့ လူအစုလိုက်အပြုံလိုက်ကို သတ်ဖြတ်ခဲ့တဲ့ သတင်းကြောင့် ရခိုင်ပြည်နယ်တွင်းက အဖြစ်တွေကို ကမ္ဘာကို သိစေခဲ့တယ်၊ ဒီလိုဖော်ထုတ်ရေးသားခဲ့လို့လည်း နိုင်ငံရဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားစေတယ်ဆိုပြီး။ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ကြရတယ်။ သူတို့ဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်စွာပြောဆိုထုတ်ဖော်ရေးသားခွင့်တွေကို ထင်ဟပ်နေတယ်လို့ FPA က ဒီနေ့မှာ ကြေငြာခဲ့ပါတယ်။

ကိုဝလုံး (၃၂နှစ်) နဲ့ ကိုကျော်စိုးဦး (၂၈နှစ်) တို့ဟာ ၂၀၁၇ ဒီဇင်ဘာလက ဖမ်းခံရပြီး  ၂၀၁၈  စက်တင်ဘာလက ထောင်ဒဏ် ၇နှစ် အမိန့်ချမှတ်ခံခဲ့ရပါတယ်။

#voiceofmyanmar #ဝလုံးနဲ့ကျော်စိုးဦး

Related posts

Leave a Comment

VOM News

FREE
VIEW