ဝလုံးနဲ့ ကျော်စိုးဦးတို့ အကောင်းဆုံးသတင်းသမားဆုရ

Voice Of Myanmar ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးသတင်းသမားတွေအဖြစ် လန်ဒန်အခြေစိုက် Foreign Press Association FPA က သတ်မှတ် ဆုချီးမြှင့်လိုက်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ဟာ သတင်းသမားပီပီ သူတို့လုပ်ရမယ့် သတင်းသမားအလုပ်ကို ရဲဝံ့စွာ လုပ်ခဲ့ပြီး၊ သူတို့ ဖော်ထုတ်ရေးသားခဲ့တဲ့ လူအစုလိုက်အပြုံလိုက်ကို သတ်ဖြတ်ခဲ့တဲ့ သတင်းကြောင့် ရခိုင်ပြည်နယ်တွင်းက အဖြစ်တွေကို ကမ္ဘာကို သိစေခဲ့တယ်၊ ဒီလိုဖော်ထုတ်ရေးသားခဲ့လို့လည်း နိုင်ငံရဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားစေတယ်ဆိုပြီး။ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ကြရတယ်။ သူတို့ဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်စွာပြောဆိုထုတ်ဖော်ရေးသားခွင့်တွေကို ထင်ဟပ်နေတယ်လို့ FPA က ဒီနေ့မှာ ကြေငြာခဲ့ပါတယ်။ ကိုဝလုံး (၃၂နှစ်) နဲ့ ကိုကျော်စိုးဦး (၂၈နှစ်) တို့ဟာ…

Read More

သယံဇာတ ထုတ်ယူသုံးစွဲမှုနဲ့ပတ်သက်လို့  မူဝါဒတရပ်ဖော်ထုတ်နိုင်ရေး ကျောက်ဖြူမှာ ဆန္ဒပြ

ကျောက်ဖြူ  နိုဝင်ဘာ ၂၇-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ သယံဇာတ စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးအတွက်တောင်းဆိုထားမှု ၂နှစ်ပြည့်သော်လည်း ထူးမလာလို့နောက်တကြိမ် ကျောက်ဖြူမှာ လူထောင်ချီဆန္ဒပြနေတာဖြစ်ပါတယ်။ အဲဒီချီတက်ပွဲမှာ သယံဇာတတွေကိုထုတ်ယူသုံးစွဲနေတာတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်သူတွေရဲ့ရပိုင်ခွင့်အခွင့်ရေးတွေကိုဆောင်းဆိုခဲ့ကြပေမယ့် နှစ်နှစ်ကြာတဲ့အထိ အစိုးရကအလေးထားမှုမရှိတဲ့အတွက် ဒီကနေ့မှာ ထပ်မံတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကလည်း  ရခိုင်ပြည်သူ တစ်သောင်းကျော်ပါဝင်တဲ့ လမ်းလျှောက်ချီတက်မှုတစ်ခုကို စစ်တွေမြို့ကနေ ကျောက်ဖြူမြို့ထိ ၇ ရက်ကြာကျင်းပပြုလုပ်ခဲ့ကြပါတယ်။ “၂၀၁၆ ခုနှစ်က ကျွန်တော်တို့ချီတက်တောင်းဆိုခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။ အစိုးရကတစ်စုံတစ်ရာ ပြည်သူလူထုအတွက် အလေးထားစဉ်းစားပေးတာမရှိတဲ့အတွက် ထပ်မံပြီးတော့တိုက်ပွဲဝင်တဲ့ ဆန္ဒပြဆောင်းဆိုမှုဖြစ်ပါတယ်။ တောင်းဆိုတာကတော့ ရခိုင့်သယံဇာတတွေကို ရခိုင်ပြည်သူတွေ စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့နဲ့ သယံဇာတနဲ့ပတ်သက်တဲ့ မူဝါဒတစ်ရပ် ရေးဆွဲနိုင်ရေးအတွက်ဖြစ်ပါတယ်။”လို့ ဒီနေ့ဆန္ဒပြပွဲမှာပါတဲ့  ရခိုင့်သယံဇာတနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်သူ ဦးဇေယျကျော်က ပြောပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက ထုတ်ယူသုံးစွဲနေတဲ့ သဘာဝသယံဇာတတွေနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ မူဝါဒတစ်ရပ်မရှိတာဟာ အားနည်းချက်တစ်ခုဖြစ်ပြီး ကောင်းမွန်တဲ့မူဝါဒတစ်ရပ်…

Read More

” ဖေ့စ်ဘွတ်ဆိုတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းလာတယ်ဆိုတဲ့ နန္ဒာလွင်”

ရန်ကုန် နိုဝင်ဘာ ၂၇-၂၀၁၈ သင်းသဒ္ဒါ (VOM) အလှမယ်လောကမှတဆင့်  သရုပ်ဆောင် လောကထဲရောက်ရှိလာတဲ့ နန္ဒာလွင်ကတော့ ”Facebook က ပေါ်ခါစကတော့ အရမ်းအဆင်ပြေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူတွေက ဖေ့စ်ဘွတ်ပေါ်မှာ လမ်းလွဲစွာ အသုံးပြုလာကြတဲ့ အတွက်ကြောင့် Facebook ဆိုတာ တော်တော်လေး စိတ်ပျက် ဖို့ကောင်းလာတယ်”လို့ဆိုပါတယ်။ ” နောက်ပိုင်းတော့  လူတယောက်ရဲ့ဘဝတွေကို ပျက်အောင် ဖျက်တယ် Comment တွေ နဲ့ သတ်တယ်။ အပြစ်တင် မှု ရှုံ့ချမှုတွေနဲ့ ပဲပြည့်နှက်နေတယ်။ ကောင်းတဲ့ အသုံးပြုမှုထက် မကောင်းတဲ့ ဘက်မှာ ပိုသုံးနေကြတယ်”လို့ဆိုပါတယ်။ နန္ဒာလွင် ရဲ့ Facebook Hack ခြင်းကိုလည်းခံခဲ့သည်နဲ့ ပတ်သက်ပြီး ”အခက်အခဲကတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေနဲ့ အဆက်သွယ်ပျက်သွားတာပါပဲ။ ပွဲတက်တွေ အတွက်လဲ အဆက်သွယ်မရတော့ဘူးပေါ့နော်။ နဂိုတည်းကမှ ညီမက သိပ်ပြီး အဆက်သွယ်မရှိပါဘူးဆိုမှာ…

Read More

ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုဖို့ ကော့ဘဇားက ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုနေ

ကော့ဘဇား၊ နိုဝင်ဘာ-၂၇ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက  ဘင်္ဂါလီတွေက ၎င်းတို့မျိုးနွယ်စုကို ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို နိုဝင်ဘာ ၂၆ ရက်ကစတင်ပြီး ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဒီလို ဆန္ဒပြတာတွေကို နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိပြုလုပ်သွားမှာဖြစ်ပြီး ၎င်းတို့ကို ထုတ်ပေးတဲ့ စမတ်ကတ်တွေထဲမှာ ရိုဟင်ဂျာအဖြစ် သတ်မှတ်သုံးနှုန်းဖော်ပြဖို့အပြင် ၎င်းတို့ရဲ့ အချက်အလက်တွေကို မြန်မာဘက်ကို ပေးပို့နေတာတွေကိုလည်း ရပ်တန့်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီလို  ဆန္ဒပြတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းအချို့က ဈေးတွေလည်း ပိတ်ထားရပြီး  အကူအပေးရေး  အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွက် အလုပ်လုပ်နေတဲ့ ဘင်္ဂါလီတွေကလည်း ၎င်းတို့ရဲ့  လုပ်ငန်းခွင်တွေထဲမှာ သပိတ်မှောက်ခဲ့ကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကြောင့် ဖိနှိပ်မှုတွေခံခဲ့ရတာကြောင့် ရိုဟင်ဂျာအသုံးအနှုန်းက မိမိတို့အတွက် အလွန်အရေးကြီးတယ်လို့ ဆန္ဒထုတ်ဖော်ကြတဲ့…

Read More

သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနဲ့ထောင်ငါးနှစ်ချလိုက်ပြီ ရန်ကုန် နိုဝင်ဘာ-၂၇-၂၀၁၈ လင်းလက်အောင်(VOM) ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံး မြို့နယ်တရားသူကြီး တရားခွင်ကနေ မူးယစ်ဆေးဝါးမှုနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာထောင်ငါးနှစ်ချမှတ်လိုက်ပါတယ်။ မိုးအောင်ရင်ကိုစစ်​​ဆေးရာမှာ စစ်ဆေး​ပေါ်​ပေါက်​ချက်​အရ ပြစ်​မှုကျူးလွန်​​တယ်ဆိုတာ ထင်ရှားလို့ မြို့နယ်တရားသူကြီးက မိုးအောင်ရင်​ကို မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေသော​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ-၁၅ အရ ထောင်​ဒဏ်​(၃)နှစ်​၊ မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေ​သော​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ-၁၆(ဂ) အရ ​ထောင်​ဒဏ်​(၅)နှစ်​ အဲဒီပြစ်​ဒဏ်​နှစ်​ရပ်​ကို တစ်​​ပေါင်းတည်းကျခံ​စေရန်​ အမိန့်​ချ မှတ်ခဲ့ပါတယ်။ မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက် နေကြာ/သာယာကုန်းလမ်းမှာရှိတဲ့ ခြောက်လွှာတိုက်ခန်းတစ်ခုပေါ်မှာ သူလွယ်ထားတဲ့အိတ်ထဲကနေ မူးယစ်ဆေးဝါးတွေနဲ့အတူ ပုဇွန်တောင်မြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ် တာမွေမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ်က ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီမတိုင်ခင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက် မနက် ၃ နာရီလောက်မှာ တာမွေမြို့မရဲစခန်းကတပ်ဖွဲ့ဝင်တွေက တာမွေမြို့နယ် တာမွေလေးရပ်ကွက် မင်းရဲကျော်စွာအိမ်ရာမှာ အိမ်ငှားနေတဲ့ မိုးအောင်ရင် အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့သိရပါတယ်။ ဒီလိုဝင်ရှာတော့ မိုးအောင်ရင်ကိုမတွေ့ရပေမဲ့…

Read More

မူလွန်ကျောင်းအုပ်ဆရာမတဦးနဲ့အတူ စိတ်ကြွဆေးပြား သိန်း ၂၀၀ ကျော်ဖိုးဖမ်းမိ

နိုဝင်ဘာ ၂၇ -၂၀၁၈ ဗျဂ္ဃ (Voice Of Myanmar) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်မှာ  မူလွန်ကျောင်းအုပ်၁ဦးထံကနေ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၉၈ ပြားစီပါ အထုပ် ၂၇ ထုပ် စုစုပေါင်း ၅၃၄၆ ပြား၊ ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၂၆၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့အတူ ကျောင်းအုပ်ဆရာမ ဒေါ်နုနုလွင်နှင့် မူးယစ်ဆေးဝါး လာရောက်ပို့ဆောင်သူ ဒေါ်နာဘို တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အခုဖမ်းဆီးရမိမှုက မုံရွာမြို့မရဲစခန်း မူးယစ်ပုဒ်မ ၁၇/၂၀၁၈အမှုက ကွင်းဆက်ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့သတင်းတွေအရသိရပါတယ်။ ကျောင်းအုပ်ဆရာမက ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်ကနေ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ မူလွန်ကျောင်းမှာ ကျောင်းအုပ်အဖြစ် ၂၀၁၄ ခုနှစ်က အပြောင်းကျခဲ့ပြီး ဒေါ်နာဘိုကတော့ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်းကျေးရွာနေသူဖြစ်ကာ မူးယစ်ဆေးဝါး အရောင်းအဝယ်အတွက် ချိန်းဆိုတာကနေ မူးယစ်တပ်ဖွဲ့၊…

Read More

ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီဆီက ချေးယူမယ့် ယူရိုသန်း(၇၀)ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆိုင်ငံ့ထားဖို့ ဆုံးဖြတ်

နေပြည်တော်၊နိုဝင်ဘာ ၂၆-၂၀၁၈ ဒီပ -နေပြည်တော် (VOM) နိုဝင်ဘာ(၁၉)ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက ရန်ကုန်တိုင်းဒေသကြီးအတွက် ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးရေးအေဂျင်စီထံက ယူရိုသန်း(၇၀)ချေးမည့်ကိစ္စ ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ကြပြီးနောက် ဒီကနေ့ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယကမှ ခေတ္တဆိုင်းငံ့ထားလိုက်ပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ အထက်ပါ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ချေးငွေယူရို သန်း(၇၀)ရယူရန် ကိစ္စနှင့်စပ်လျဉ်းပြီး မိမိတို့ လွှတ်တော်အပိုင်းအနေနဲ့ ထပ်မံစိစစ်လေ့လာဖို့ လိုမယ်လို့ သုံးသပ်ရရှိပါတယ် ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော်သို့ ပြောကြားခဲ့သည်။ “ ကားလမ်းရယ် ရထားလမ်းရယ် ရေကြောင်းလမ်းရယ်ပေါ့ အဲ့ဒါကိုလုပ်ဖို့ ကြိုးစားနေတာ လုပ်တဲ့အခါမှာလည်း မြန်မာငွေနဲ့ လုပ်လို့ရတဲ့ဟာပဲ ဒီကိစ္စကို ကြွေးမြီတင်ခံမယ်ဆိုလို့ရှိရင် ဦးတို့နိုင်ငံက အကြွေးလည်းပိနေတယ် အတိုးလည်းပေးနေရတဲ့ အခြေနေမှာရှိနေပြီး ကိုယ့်ပိုက်ဆံကိုယ်…

Read More
VOM News

FREE
VIEW