သယံဇာတ ထုတ်ယူသုံးစွဲမှုနဲ့ပတ်သက်လို့  မူဝါဒတရပ်ဖော်ထုတ်နိုင်ရေး ကျောက်ဖြူမှာ ဆန္ဒပြ

ကျောက်ဖြူ  နိုဝင်ဘာ ၂၇-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ သယံဇာတ စီမံပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးအတွက်တောင်းဆိုထားမှု ၂နှစ်ပြည့်သော်လည်း ထူးမလာလို့နောက်တကြိမ် ကျောက်ဖြူမှာ လူထောင်ချီဆန္ဒပြနေတာဖြစ်ပါတယ်။

အဲဒီချီတက်ပွဲမှာ သယံဇာတတွေကိုထုတ်ယူသုံးစွဲနေတာတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်သူတွေရဲ့ရပိုင်ခွင့်အခွင့်ရေးတွေကိုဆောင်းဆိုခဲ့ကြပေမယ့် နှစ်နှစ်ကြာတဲ့အထိ အစိုးရကအလေးထားမှုမရှိတဲ့အတွက် ဒီကနေ့မှာ ထပ်မံတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလကလည်း  ရခိုင်ပြည်သူ တစ်သောင်းကျော်ပါဝင်တဲ့ လမ်းလျှောက်ချီတက်မှုတစ်ခုကို စစ်တွေမြို့ကနေ ကျောက်ဖြူမြို့ထိ ၇ ရက်ကြာကျင်းပပြုလုပ်ခဲ့ကြပါတယ်။

“၂၀၁၆ ခုနှစ်က ကျွန်တော်တို့ချီတက်တောင်းဆိုခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။ အစိုးရကတစ်စုံတစ်ရာ ပြည်သူလူထုအတွက် အလေးထားစဉ်းစားပေးတာမရှိတဲ့အတွက် ထပ်မံပြီးတော့တိုက်ပွဲဝင်တဲ့ ဆန္ဒပြဆောင်းဆိုမှုဖြစ်ပါတယ်။ တောင်းဆိုတာကတော့ ရခိုင့်သယံဇာတတွေကို ရခိုင်ပြည်သူတွေ စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့နဲ့ သယံဇာတနဲ့ပတ်သက်တဲ့ မူဝါဒတစ်ရပ် ရေးဆွဲနိုင်ရေးအတွက်ဖြစ်ပါတယ်။”လို့ ဒီနေ့ဆန္ဒပြပွဲမှာပါတဲ့  ရခိုင့်သယံဇာတနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်သူ ဦးဇေယျကျော်က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက ထုတ်ယူသုံးစွဲနေတဲ့ သဘာဝသယံဇာတတွေနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ မူဝါဒတစ်ရပ်မရှိတာဟာ အားနည်းချက်တစ်ခုဖြစ်ပြီး ကောင်းမွန်တဲ့မူဝါဒတစ်ရပ် အကောင်အထည်ပေါ်ပေါက်လာရေးအတွက် တောင်းဆိုတာဖြစ်ပါတယ်။

“မနေ့ကတော့ ဒီသယံဇာတတွေက ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိတာနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်သူတွေပါဝင်ပါတယ်။”ဟု ဦးဇေယျကျော်ကပြောပါတယ်။

ဒါ့အပြင် အဲဒီဆန္ဒထုတ်ဖော်မှုကို ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ANERN ကဦးဆောင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သယံဇာတတွေကို ပြည်သူတွေသဘောတူညီမှုမရှိဘဲ ထုတ်ယူသုံးစွဲမှုမပြုလုပ်ဖို့၊ လက်ရှိထုတ်ယူနေတဲ့ သယံဇာတတွေထဲက အကျိုးခံစားခွင့်ရရှိဖို့နဲ့၊ ပြည်နယ်အစိုးရက စီမံပိုင့်ရရှိရေးစတဲ့အချက်တွပါဝင်တဲ့ အိပ်ဖွင့်ပေးစာတစ်စောင်ကို နိုင်ငံတောသမ္မတဆီကို ပေးပို့ခဲ့ကြပါတယ်။

#voiceofmyanmar #ကျောက်ဖြူ #သယံဇာတ ထုတ်ယူသုံးစွဲမှု

 

Related posts

Leave a Comment

VOM News

FREE
VIEW