” ဖေ့စ်ဘွတ်ဆိုတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းလာတယ်ဆိုတဲ့ နန္ဒာလွင်”

ရန်ကုန် နိုဝင်ဘာ ၂၇-၂၀၁၈

သင်းသဒ္ဒါ (VOM)

အလှမယ်လောကမှတဆင့်  သရုပ်ဆောင် လောကထဲရောက်ရှိလာတဲ့ နန္ဒာလွင်ကတော့ ”Facebook က ပေါ်ခါစကတော့ အရမ်းအဆင်ပြေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူတွေက ဖေ့စ်ဘွတ်ပေါ်မှာ လမ်းလွဲစွာ အသုံးပြုလာကြတဲ့ အတွက်ကြောင့် Facebook ဆိုတာ တော်တော်လေး စိတ်ပျက် ဖို့ကောင်းလာတယ်”လို့ဆိုပါတယ်။

” နောက်ပိုင်းတော့  လူတယောက်ရဲ့ဘဝတွေကို ပျက်အောင် ဖျက်တယ် Comment တွေ နဲ့ သတ်တယ်။ အပြစ်တင် မှု ရှုံ့ချမှုတွေနဲ့ ပဲပြည့်နှက်နေတယ်။ ကောင်းတဲ့ အသုံးပြုမှုထက် မကောင်းတဲ့ ဘက်မှာ ပိုသုံးနေကြတယ်”လို့ဆိုပါတယ်။

နန္ဒာလွင် ရဲ့ Facebook Hack ခြင်းကိုလည်းခံခဲ့သည်နဲ့ ပတ်သက်ပြီး ”အခက်အခဲကတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေနဲ့ အဆက်သွယ်ပျက်သွားတာပါပဲ။ ပွဲတက်တွေ အတွက်လဲ အဆက်သွယ်မရတော့ဘူးပေါ့နော်။ နဂိုတည်းကမှ ညီမက သိပ်ပြီး အဆက်သွယ်မရှိပါဘူးဆိုမှာ ခုလို အကောင့် Hack ခံရတော့ ရှိသမျှ Contact တွေ နဲ့ ပြတ်သွားတာပေါ့။ ညီမ အကောင့်ကို ယူတဲ့ သူတွေက ဘာမှတော့မတောင်းဘူး ။ ညီမကလဲ အကောင့်ထဲမှာ လူသိမခံစရာဘာအကြောင်းမှမရှိတော့ သူတို့ကို ပြန်လဲတောင်းမနေတော့ဘူး။ ညီမကိုယ်တိုင် FB Team ကို စာတင်ပြီး Acc  ဖျက်ခိုင်းလိုက်တာ ပါ။ Hacker တွေယူသွားတဲ့ Acc ကြီး မသုံးချင်တော့လို့”ဆိုပါတယ်။

နန္ဒာလွင်ကတော့ ဇူလိုင်လပိုင်းက MWD Channel မှ ရိုက်ကူးပြသခဲ့တဲ့  “ချစ်ခြင်းစတုဂံ” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ထားသလို ”၄ ပွင့်ဆိုင်” အချစ်ဇာတ်လမ်းပုံစံ ဇာတ်လမ်းတွဲမှာလည်း  သရုပ်ဆောင် ခါရာ ၊ မင်းမြတ်စိုးစံ ၊ ထက်ထက်ထွန်း တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်ထားပါတယ် ။

ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ အချစ်အပေါ် ခံစားချက်ကတော့ ”ညီမ လက်ခံထားတဲ့ အချစ်က ရိုးရှင်းပါတယ်။ချစ်နေလို့ကို ချစ်တာပါ။ ငယ်တဲ့ အချိန်တွေတုန်းက ကျတော့ အချစ်ဆိုတာ အပေါ်ယံတွေ များခဲ့တာပေါ့နော်။ ဟန်ဆောင်မှုတွေနဲ့ ဆိုတော့ ဟန်ဆောင်လို့မရတော့တဲ့အခါ ကွဲကြရော။ ခုချိန်မှာ လက်ခံထားတဲ့ အချစ်ကကြတော့ တည်ငြိမ်သွားပြီ။သူ့မှာရှိတဲ့အရာရာတိုင်းကို ကိုယ် ချစ်မြတ်နိုးသလို သူလဲ ကိုယ့်မှာ ရှိတဲ့ အရာရာတိုင်းကို လက်ခံချစ်မြတ်နိုးကြတာဖြစ်တဲ့ အတွက် အေးချမ်းတယ်။ အဲတော့ ဒီအချိန်မှာလက်ခံ ထားတဲ့ အချစ်က ရိုးရှင်းပြီးအေးချမ်းတယ်။ တခါတလေတော့ အတ္တလေးတွေပါတာပေါ့နော်။ငါ မှ ငါဆိုတာလေးတွေကြောင့် ပြဿနာလေးတွေရှိကြတဲ့အခါမှာလည်း တယောက်နဲ့ တယောက် ချစ်တယ် ဆိုတဲ့ အသိနဲ့ ပြန်အလျော့ပေးကြတာပေါ့”လို့ဆိုပါတယ်။

ဓာတ်ပုံ – နန္ဒာလွင် facebook

#VOICEOFMYANMAR #နန္ဒာလွင်

Related posts

Leave a Comment

VOM News

FREE
VIEW