သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနဲ့ထောင်ငါးနှစ်ချလိုက်ပြီ

ရန်ကုန် နိုဝင်ဘာ-၂၇-၂၀၁၈

လင်းလက်အောင်(VOM)

ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံး မြို့နယ်တရားသူကြီး တရားခွင်ကနေ မူးယစ်ဆေးဝါးမှုနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာထောင်ငါးနှစ်ချမှတ်လိုက်ပါတယ်။

မိုးအောင်ရင်ကိုစစ်​​ဆေးရာမှာ စစ်ဆေး​ပေါ်​ပေါက်​ချက်​အရ ပြစ်​မှုကျူးလွန်​​တယ်ဆိုတာ ထင်ရှားလို့ မြို့နယ်တရားသူကြီးက မိုးအောင်ရင်​ကို မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေသော​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ-၁၅ အရ ထောင်​ဒဏ်​(၃)နှစ်​၊ မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေ​သော​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ-၁၆(ဂ) အရ ​ထောင်​ဒဏ်​(၅)နှစ်​ အဲဒီပြစ်​ဒဏ်​နှစ်​ရပ်​ကို တစ်​​ပေါင်းတည်းကျခံ​စေရန်​ အမိန့်​ချ မှတ်ခဲ့ပါတယ်။

မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် အမှတ်(၂)ရပ်ကွက် နေကြာ/သာယာကုန်းလမ်းမှာရှိတဲ့ ခြောက်လွှာတိုက်ခန်းတစ်ခုပေါ်မှာ သူလွယ်ထားတဲ့အိတ်ထဲကနေ မူးယစ်ဆေးဝါးတွေနဲ့အတူ ပုဇွန်တောင်မြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ် တာမွေမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေရယ်က ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီမတိုင်ခင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက် မနက် ၃ နာရီလောက်မှာ တာမွေမြို့မရဲစခန်းကတပ်ဖွဲ့ဝင်တွေက တာမွေမြို့နယ် တာမွေလေးရပ်ကွက် မင်းရဲကျော်စွာအိမ်ရာမှာ အိမ်ငှားနေတဲ့ မိုးအောင်ရင် အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့သိရပါတယ်။ ဒီလိုဝင်ရှာတော့ မိုးအောင်ရင်ကိုမတွေ့ရပေမဲ့ အိမ်ထဲမှာသူ့ သူငယ်ချင်းတွေဖြစ်တဲ့ ဘုန်းမြင့်အောင်နဲ့လူလူသန်းဦး တို့ကိုသာတွေ့ရှိခဲ့ရပြီးတော့ မိုးအောင်ရင် ရဲ့အိပ်ရာဝဲဘက်ခြမ်းမွေရာနဲ့မွေ့ရာအောက်ကနေ မူးယစ်​​ဆေးဝါးများ​တွေ့ရှိခဲ့ရသလို ခုတင်အောက် ကြမ်းပြင်ပေါ်မှာလည်း ဘိန်းဖြူ အမှုန့်တွေကပ်နေတဲ့ဘူးတွေ ဘိန်းဖြူထိုးချိန်မှာ ရောစပ်ရတဲ့ကိရိယာတွေ ဆေးရှူ ရင်သုံးတဲ့ ပိုက်တပ်ကော်ဘူးတွေကို သိမ်းဆည်းရမိခဲ့ကြပါတယ်။

နောက်ပြီး လူလူသန်းဦးနဲ့ဘုန်းမြင့်အောင်တို့ဝတ်ထားတဲ့ ဘောင်းဘီအိတ်ကပ်ထဲကနေ ဘိန်းဖြူ ထိုးရင်သုံးတဲ့ (1.CC) ဆေးထိုးပိုက်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့မရဲစခန်းက မူးယစ်ဆေးသုံးစွဲမှုနှင့်လက်ဝယ်ထားရှိမှု မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅/၁၆(ဂ)အရအမှုဖွင့်စစ်ဆေးခဲ့ပြီး တာမွေမြို့မရဲစခန်းကလည်း ဘုန်းမြင့်အောင်(ခ)ဒေးဗစ်နဲ့လူလူသန်းဦးတို့နှစ်ယောက်ကို တာမွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ- ၁၅/၁၉(က)/၂၁ အရအမှုဖွင့်စစ်ဆေးခဲ့ကြပါတယ်။

#voiceofmyanmar #မိုးအောင်ရင်

Related posts

Leave a Comment

VOM News

FREE
VIEW