တိုကျို၊နိုဝင်ဘာ-၁၆ မျိုးဆက် (VOM) ဂျပန်နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဝန်ကြီးသစ်ဖြစ်သူ ယိုရှီတာကာဆာကူရာဒါသည် ကွန်ပျူတာကို တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူးလို့ ကော်မတီအစည်းအဝေးတစ်ရပ်မှာ ၀န်ခံပြောကြားလိုက်ပါတယ်။ ၎င်းမှာ အသက်၂၅နှစ်အရွယ်ကစပြီး သူ့ရဲ့ဝန်ထမ်းနဲ့ အတွင်းရေးမှူးများကိုသာ ညွှန်ကြားခဲ့တာဖြစ်ပြီး ဘဝတစ်လျှောက်လုံးတွင် ကွန်ပျူတာကို မည်သည့်အခါကမျှ အသုံးပြုခဲ့တာမရှိဘူးလို့ မစ္စတာယိုရှီတာကာ ကပြောပါတယ်။ အသက်၆၈နှစ်အရွယ် ယိုရှီတာကာဆာကူရာဒါဟာ ပြီးခဲ့သောလက ဆိုက်ဘာလုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတာဖြစ်ပါတယ်။ သူရဲ့တာဝန်တွေထဲမှာ ၂၀၂၀ တိုကျို အိုလံပစ်အားကစားပြိုင်ပွဲတွေအတွက် ဆိုက်ဘာကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများလည်း ပါဝင်ပါတယ်။ ကွန်ပြူတာကို တစ်ခါမှ အသုံးမပြုဖူးသူက ဆိုက်ဘာလုံခြုံရေးဝန်ကြီးတာဝန်ယူတာနဲ့ပတ်သက်ပြီး မယုံကြည်နိုင်ဘူးဖို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အမတ်တစ်ဦးက ဝေဖန်ပြောဆိုပါတယ်။ သို့သော် တာဝန်ရှိသူတွေမှာ စီမံခန့်ခွဲရန်အတွက် လိုအပ်တဲ့အတွေ့အကြုံတွေရှိဖို့သာလိုအပ်ပြီး ကွန်ပြူတာအသုံးမပြုတတ်ခြင်းက ပြသနာတစ်ရပ်ဖြစ်မှာမဟုတ်ဘူးဆိုတာကို ကိုယ်ကို ကိုယ်ယုံကြည်မှု၇ှိတယ်လို့ ဆိုက်ဘာလုံခြုံရေးဝန်ကြီးသစ်ဖြစ်သူ ယိုရှီတာကာဆာကူရာဒါက တုံ့ပြန်ပြောဆိုပါတယ်။ Ref: BC/ Bangkok Post Photo: Reuter…
Read MoreMonth: November 2018
ဘင်္ဂါလီအရေး မြန်မာနိုင်ငံနိုင်ငံကို ထောက်ခံသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် ကတိပြု
ပေကျင်း၊ နိုဝင်ဘာ-၁၆-၂၀၁၈ မျိုးဆက် (VOM) မြန်မာနိုင်ငံက ဘင်္ဂါလီအရေး ကိုင်တွယ်ဖြေရှင်းမှုတွေကို တရုတ်နိုင်ငံက ထောက်ခံသွာမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် လီကားချန်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြုပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီအရေးဖြေရှင်းမှုကို အမေရိကန်က ပြင်းပြင်းထန်ထန် ပြစ်တင်ကြောင်း နဲ့ ခွင့်လွှတ်နိုင်ဖွယ်မရှိဘူးလို့ နိုဝင်ဘာ ၁၄ ရက်က အမေရိကန်ဒုသမ္မတ မိုက်ပင့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ တရုတ်ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်ဆံရေး ကိုတရုတ်နိုင်ငံ အလွန်အလေးထားကြောင်းနဲ့ အစဉ်အလာနဲ့ တည်ရှိနေတဲ့ ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ အရှေ့တောင်အာရှ ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ၀န်ကြီးချုပ် လီကားရှန်က ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။ တွေ့ဆုံညှိနိုင်း တိုင်ပင်ဆွေးနွေးခြင်းနဲ့ ရခိုင်ပြသနာကို ဖြေရှင်းဖို့ သင့်တော်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံ ဘက်က ထောက်ခံသွားမှာဖြစ်တယ်လို့ …
Read Moreတောင်ကြီးမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၄လုံးထက်မနည်းတွေ့
တောင်ကြီး နိုဝင်ဘာ ၁၆-၂၀၁၈ ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့မဈေးအနီး မီးပွိုင့်မှာ လက်ဆွဲသေတ္တာငယ်နဲ့ ထည့်ထားတဲ့ ဗုံး ၄လုံးကို ပြည်သူတွေက မွန်းလွဲ ၁နာရီကျော်မှာ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ပါတယ်။ အစိုးရ စစ်တပ်ဖက်က လက်နက်ကျွမ်းကျင်သူတွေလာရောက်ပြီး တလုံးကို နေရာမှာတင်ဖေါက်ခွဲရှင်းလင်းခဲ့ပြီး ကျန် သုံးလုံးကို ယူဆောင်သွားတယ်လို့ တောင်ကြီးဒေသခံ ဦးခင်မောင်တိုးကပြောပါတယ်။ နောက်ထပ်ဗုံး တွေ့တယ်ဆိုတဲ့သတင်းကြောင့် အိုးရှင်း ဈေးဝယ်စင်တာ ကားပါကင်မှာ ရှာဖွေရေးတွေလုပ်နေကြောင်းလည်း သိရပါတယ်။ တောင်ကြီးမှာ မီးပုံးပျံပွဲကျင်းပနေလို့လူစည်ကားနေချိန်မှာ ဒီလိုလုပ်တာဟာ ရှမ်းပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေလက်ချက် မဖြစ်နိုင်ကြောင်းနဲ့ တောင်ကြီးမီးပုံးပျံပွဲကို ဖျက်လို့ဖျက်စီးလုပ်လိုသူတွေက ကြံစည်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။ #voiceofmyanmar #တောင်ကြီးမှာမိုင်းတွေ့
Read Moreမန္တလေးမှာ ဖမ်းဆီးခံရတဲ့ တောင်သူမိသားစု အမြန်လွတ်မြောက်ရေး ဆန္ဒပြတောင်းဆို
မန္တလေး နိုဝင်ဘာ ၁၆ -၂၀၁၈ ဟိန်းကို (VOM) မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်က တောင်သူမိသားစု(၆)ဦး နဲ့ရေကြောင်းရဲတပ်ဖွဲ့တို့ အငြင်းပွားမှုဖြစ်ပွားနေသော မြေယာကို ရေကြောင်းရဲတပ်ဖွဲ့က နိုဝင်ဘာလ(၁၀)ရက်နေ့က ခြံခတ်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေစဉ် တောင်သူမိသားစု(၆)ဦးလုံးဟာ ဖမ်းဆီးခံရတဲ့ အတွက် အမြန်ဆုံးလွတ်မြောက်ရန် ယနေ့ နိုဝင်ဘာ(၁၆)ရက် နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက ရေကြောင်းရဲတပ်ဖွဲနဲ့ မြို့ နယ်ရဲတပ်ဖွဲ့များ၊ မြို့ ပြစီမံကိန်း နှင့်မြေစီမံခန့်ခွဲမှုဌာနတို့ကနေ ခြံစည်းရိုးကာရန်အတွက် ခြံစည်းရိုးတိုင်များစိုက်ထူစဉ် ၎င်းမြေပေါ်တွင်နေထိုင်သည့် ဦးပေါက်စနှင့်မိသားစုဝင်များက တုတ်၊ သံတူရွင်း တို့ဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ရှိသည်ဟုဆိုကာ တောင်သူမိသားစု(၆)ဦးဖြစ်တဲ့ဦးပေါက်စ၊ ဒေါ်တင်ဌေး၊ ဒေါ်မြင့်မြင့်စန်း၊ မင်းမင်းခိုင်၊ ခိုင်ဇာဝင်း၊ အောင်ကျော်မိုးတို့ ကို အမှတ်(၇) နယ်မြေရဲစခန်းတွင် (ပ)၇၆၄/၂၀၁၈၊ ပုဒ်မ ၂၉၄/၃၃၂/၄၄၀ တို့ဖြင့် အမှုဖွင့်ထားတယ်လို့သိရပါတယ်။…
Read Moreကျောက်တန်းကို ရောက်လာတဲ့ ဘင်္ဂါလီတွေကိစ္စ လွှတ်တော်ကိုယ်စားလှယ်က သက်ဆိုင်ရာနဲ့ဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၁၆-၂၀၁၈ မြတ်မင်းခန့် (VOM) နိုဝင်ဘာလ ၁၆ ရက် မနက် ၄နာရီလောက်က ရန်ကုန်တိုင်းကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဘင်္ဂါလီ ၁၀၆ ယောက်ကိုဖမ်းမိခဲ့ပါတယ်။ အဲဒီလူတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါ စစ်တွေမြို့ နာဇီ ဒုက္ခသည်စခန်းကနေ ထိုင်းနိုင်ငံကို ခိုးဝင်ဖို့ကြိုးစားရာကနေ ထိုင်းအစိုးရက လက်မခံပဲ ပင်လယ်ရေကြောင်းကနေ ပြန်လည်စေလွှတ်လိုက်တာကြောင့် ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ကျောက်တန်းဘက်ကို ဘင်္ဂါလီတွေရောက်ရှိလာတာဟာ ပထမဆုံးအကြိမ် ဖြစ်တာမို့ ဒီကိစ္စ လုံခြုံရေးပိုင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကပြောပါတယ်။ #voiceofmyanmar #ကျောက်တန်း # ဓါတ်ပုံ ဒေါ်အေးမြမြမျိုး ဖေ့ဘုတ်
Read Moreမန္တလေးမြို့တွင် ၂၁ရာစုပင်လုံညီလာခံအတွက် ငြိမ်းချမ်းရေးအကြိုလှုပ်ရှားမှုပြုလုပ်
မန္တလေး နိုဝင်ဘာ ၁၅-၂၀၁၈ ဟိန်းကို (VOM) ၂၁ရာစုပင်လုံညီလာခံအတွက် ငြိမ်းချမ်းရေးအကြိုလှုပ်ရှားမှုကို ခဝဲခြံ မျက်မမြင်ကျောင်းက ကျောင်းသားကျောင်းသူများနဲ့ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်က၊ မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းမှာ မနေ့ နိုဝင်ဘာ(၁၅)ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ #voiceogmyanmar #၂၁ရာစုပင်လုံညီလာခံအကြို # ခဝဲခြံမျက်မမြင်
Read Moreဒုက္ခသည်များကို ပြန်လည်လက်ခံရေး အခက်အခဲရှိနေ
နေပြည်တော်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၈ မြတ်မင်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူတွေကို နိုဝင်ဘာလ ၁၅ရက်နေ့ မှာ ပထမအသုတ် စတင်လွှဲပြောင်း ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း မြန်မာဘက်က ပြန်လည်လက်ခံနိုင်ဖို့ အသင့် စောင့်ဆိုင်းနေခဲ့ပေမယ့် ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ရုပ်ပိုင်းဆိုင်ရာ အစီအစဉ်တွေ အားနည်းခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကပြောပါတယ်။
Read Moreဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ မတုံ့ပြန်တော့ဘူး ဆိုတဲ့ သင်ဇာဝင့်ကျော်
ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၈ သင်းသဒ္ဒါ (VOM) Sexy ပုံစံဝတ်ဆင်မှုကြောင့် ပရိတ်သတ်စိတ်ဝင်စားခြင်းကို ပိုခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ “လူမူကွန်ယက်စာမျက်နှာတွေမှာ ဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ တုံပြန်ခြင်းမပြုတော့သလို ၊ သင်ဇာကို ချစ်နေတဲ့သူတွေအတွက်ကိုပဲ ကြိုးစားကာအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြီးတော့ ကိုယ်ကိုမုန်းနေတဲ့ သူတွေကို ဘာမှပြောစရာစကားမရှိကြောင်း ဆိုပါတယ်။ ဝေဖန်ပြောဆိုမူတွေနဲ့ ပတ်သတ်ပြီးတော့ “ဝေဖန်မူတွေကို ဘယ်လိုမှတော့ မတုံပြန်တော့ပါဘူး။ ကိုယ်ကို ကြိုက်တဲ့သူရှိမယ်။ ပြီးတော့ ကိုယ်ကို မကြိုက်တဲ့သူရှိမယ်။ မုန်းတဲ့သူလည်း ရှိမှာပါ။ ကိုယ်ကတော့ ကိုယ့်ကို ချစ်တဲ့သူတွေ အတွက်ဘဲ အလုပ်လုပ်တယ်။ သူတို့ အတွက်ဘဲ ကြိုးစားတယ်။ ကိုယ့်ကို မုန်းနေတဲ့သူတွေ အတွက် ဘာမှပြောစရာ စကားမရှိပါဘူး။ သူတို့အတွက် သင်ဇာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ကို ချစ်တဲ့သူတွေအတွက် ကြိုးစားနေခြင်းဖြစ်ပါတယ်။ သင်ဇာကို ချစ်တဲ့သူတွေကတော့ သင်ဇာကို…
Read Moreနာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ ဌာနဆိုင်ရာတွေကြောင့် ရင်းနှီးမြုပ်နှံမှု အဟန့်အတားဖြစ်နေတယ်လို့ လွှတ်တော်မှာဆွေးနွေး
နေပြည်တော်၊နိုဝင်ဘာ ၁၅- ၂၀၁၈ ဒီပ(နေပြည်တော်) နိုင်ငံတော်သမ္မတထံကနေ နိုဝင်ဘာလ(၈)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာတဲ့ ရင်းနှီးမြုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေး ၀န်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး တင်ပြခဲ့ပြီး ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက အခုလို ဆွေးနွေးပြောဆို သွားခဲ့ခြင်းဖြစ်ပါတယ်။ “လာဘ်ပေးလာဘ်ယူမှုတွေ လျှောချလာနိုင်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ အချိန်မြှင့်ဖို့လိုနေတာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကြိုးနီစနစ်ရဲ့ ဌာနအသီးသီးရဲ့ အသားကျနေတဲ့ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲဖို့လိုနေတာတွေဟာ ရင်းနှီးမြုပ်နှံဖို့အတွက် ကန့်သတ်စေတဲ့ အဟန့်အတားများဖြစ်ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောပါတယ်။ နှစ်စဉ် ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါ လွယ်ကူမှုအညွှန်းကိန်းမှာ (၅)နှစ်အတွင်းတိုးတက်မှု လုံးဝမရှိယုံမက အညွှန်ကိန်းကနေ ဆက်လက်ကျဆင်းသွားတဲ့ မြန်မာနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကနေ ရုန်းထွက်ဖို့လိုပါမယ် ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုပြီး ရှေးရိုးအကျင့်မဖျောက်ခဲ့ကြလို့ အဆိုးစနစ်အောက်မှာပဲ တ၀ဲဝဲလည်နေကြတာကို သင်္ခန်းစာယူကြရပါမယ်လို့ ၎င်းကဆိုခဲ့ပါတယ်။ အသစ်ဖွဲ့စည်းမယ့် ၀န်ကြီးဌာနဟာ…
Read Moreမြန်မာနိုင်ငံသို့ မပြန်လိုကြောင်း ဘင်္ဂါလီဒုက္ခသည်တွေ ဆန္ဒပြနေကြ
ကော့ဘဇား၊ နိုဝင်ဘာ-၁၅-၂၀၁၈ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ နှစ်နိုင်ငံသဘောတူညီချက်အရ ယနေ့မှာ စတင်မှာဖြစ်ပြီး ပြန်ပို့မယ့်စာရင်းမှာပါဝင်နေတဲ့ ဘင်္ဂါလီတွေက မြန်မာနိုင်ငံကို မပြန်လိုကြောင်း ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေပါတယ်။ ပထမဆုံးပြန်လည်ပို့ဆောင်မယ့် နေ့မှာဘဲ ဆန္ဒပြသူ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေက မြန်မာနိုင်ငံကို မိမိတို့ ပြန်မှာမဟုတ်ဘူလို့ မြန်မာနယ်စပ်အနီးမှာ အော်ဟစ်ဆန္ဒပြနေကြပြီး အငြင်းပွားဖွယ် ပြန်လည်လက်ခံရေးအစီအစဉ်အပေါ် သံသယဖြစ်ဖွယ်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် မဟာမင်းကြီးကတော့ စီစဉ်ထားတဲ့ ပြန်လည်လွှဲပြောင်းရေးအတွက် နယ်စပ်မှာရှိတဲ့ လွှဲပြောင်းရေးစခန်းကို ရောက်ရှိနေပါတယ်။ ဒုက္ခသည်စခန်းအနီးက လွဲပြောင်းရေးစခန်းမှာတော့ ဘတ်စ်ကား ငါးစီးက ပြန်ပို့မယ့်သူတွေကို နယ်စပ်ပို့ဖို့ စောင့်ဆိုင်းနေပါတယ်။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် ဘင်္ဂါလီ ဒုက္ခသည် ၁၀၀၀ က ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်ဆောင်နေပြီး တရားမျှတမှုကို လိုချင်ကြောင်း…
Read More