နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ ဌာနဆိုင်ရာတွေကြောင့် ရင်းနှီးမြုပ်နှံမှု အဟန့်အတားဖြစ်နေတယ်လို့ လွှတ်တော်မှာဆွေးနွေး

 

နေပြည်တော်၊နိုဝင်ဘာ ၁၅- ၂၀၁၈

ဒီပ(နေပြည်တော်)

နိုင်ငံတော်သမ္မတထံကနေ နိုဝင်ဘာလ(၈)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာတဲ့ ရင်းနှီးမြုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေး ၀န်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး တင်ပြခဲ့ပြီး ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက အခုလို ဆွေးနွေးပြောဆို သွားခဲ့ခြင်းဖြစ်ပါတယ်။

 

“လာဘ်ပေးလာဘ်ယူမှုတွေ လျှောချလာနိုင်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ အချိန်မြှင့်ဖို့လိုနေတာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကြိုးနီစနစ်ရဲ့ ဌာနအသီးသီးရဲ့ အသားကျနေတဲ့ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲဖို့လိုနေတာတွေဟာ ရင်းနှီးမြုပ်နှံဖို့အတွက် ကန့်သတ်စေတဲ့ အဟန့်အတားများဖြစ်ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောပါတယ်။

နှစ်စဉ် ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါ  လွယ်ကူမှုအညွှန်းကိန်းမှာ (၅)နှစ်အတွင်းတိုးတက်မှု လုံးဝမရှိယုံမက အညွှန်ကိန်းကနေ ဆက်လက်ကျဆင်းသွားတဲ့ မြန်မာနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကနေ ရုန်းထွက်ဖို့လိုပါမယ် ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုပြီး ရှေးရိုးအကျင့်မဖျောက်ခဲ့ကြလို့ အဆိုးစနစ်အောက်မှာပဲ တ၀ဲဝဲလည်နေကြတာကို သင်္ခန်းစာယူကြရပါမယ်လို့ ၎င်းကဆိုခဲ့ပါတယ်။

အသစ်ဖွဲ့စည်းမယ့် ၀န်ကြီးဌာနဟာ ကိုယ်ကျိုးနဲ့အခွင့်အရေး ရယူနေတဲ့ စီးပွားရေးလုပ်ငန်းရှင်များကို ပြတ်ပြတ်သားသား အရေးယူ ကိုယ်တွယ်နိုင်လိမ့်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ဆွေးနွေးသွားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတထံကနေ နိုဝင်ဘာလ(၈)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာတဲ့ ရင်းနှီးမြုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေး ၀န်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး တင်ပြခဲ့ပြီးတဲ့နောက် နိုဝင်ဘာလ(၁၅)ရက်နေ့မှာတော့ ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးခဲ့ကြပြီး မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက “ ၀န်ကြီးဌာနအသစ် ဖြည့်စွက်ဖွဲ့စည်းရတယ်ဆိုတာဟာ မြေနေရာ အဆောက်အဦး ၀န်ထမ်းစာရေးကိရိယာ ဘတ်ဂျက်အစရှိသည့် သုံးစွဲရမည့်အပြင် အချိန်ကာလအားဖြင့် နှစ်နှစ်ယူရပါတယ် အစိုးရသက်တမ်း (၂)နှစ်သက်တမ်းခန့် ကျန်ရှိတော့တာကြောင့် ရွေးကောက်ပွဲအကြို (၆)လခန့်ကလည်း လုပ်ငန်းလက်စ သတ်ရမှာဖြစ်သည့်အတွက် တစ်နှစ်နဲ့လေးလသာ ကျန်ရှိတော့တဲ့အတွက် အချိန်အားဖြင့် ၀န်ကြီးဌာနအသစ် ဖြည့်စွက်ဆောင်ရွက်ရန် အချိန်နည်းပါးနေတဲ့အတွက် နောက်ကျနေပြီး  မိုးလွန်မှထွန်ချသလိုဖြစ်နေပါတယ်” လို့ ဆွေးနွေးသွားခဲ့ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၀၂)ပါ ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးနိုင်ပါရန် နိုင်ငံတော်သမ္မတကိုယ်စား တာဝန်ပေးအပ်သည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းသို့ အသစ်ဖွဲ့စည်းမည့် ၀န်ကြီးဌာနအား နိုင်ဘာလ(၁၉)ရက်နေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ လာရောက်ရှင်းလင်းမည်ဖြစ်ပြီး ယင်းနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော်သို့ အသိပေးကြေငြာခဲ့ပါတယ်။

#voiceofmyanmar #ခွန်ဝင်းသောင်း #ရင်းနှီးမြုပ်နှံမှုအတွက် အဟန့်အတား

 

 

Related posts

Leave a Comment

VOM News

FREE
VIEW