ဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ မတုံ့ပြန်တော့ဘူး ဆိုတဲ့ သင်ဇာဝင့်ကျော်

ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၈ သင်းသဒ္ဒါ (VOM) Sexy ပုံစံဝတ်ဆင်မှုကြောင့် ပရိတ်သတ်စိတ်ဝင်စားခြင်းကို ပိုခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ “လူမူကွန်ယက်စာမျက်နှာတွေမှာ ဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ တုံပြန်ခြင်းမပြုတော့သလို ၊ သင်ဇာကို ချစ်နေတဲ့သူတွေအတွက်ကိုပဲ ကြိုးစားကာအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြီးတော့ ကိုယ်ကိုမုန်းနေတဲ့ သူတွေကို ဘာမှပြောစရာစကားမရှိကြောင်း ဆိုပါတယ်။ ဝေဖန်ပြောဆိုမူတွေနဲ့ ပတ်သတ်ပြီးတော့ “ဝေဖန်မူတွေကို ဘယ်လိုမှတော့ မတုံပြန်တော့ပါဘူး။ ကိုယ်ကို ကြိုက်တဲ့သူရှိမယ်။ ပြီးတော့ ကိုယ်ကို မကြိုက်တဲ့သူရှိမယ်။ မုန်းတဲ့သူလည်း ရှိမှာပါ။ ကိုယ်ကတော့ ကိုယ့်ကို ချစ်တဲ့သူတွေ အတွက်ဘဲ အလုပ်လုပ်တယ်။ သူတို့ အတွက်ဘဲ ကြိုးစားတယ်။ ကိုယ့်ကို မုန်းနေတဲ့သူတွေ အတွက် ဘာမှပြောစရာ စကားမရှိပါဘူး။ သူတို့အတွက် သင်ဇာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ကို ချစ်တဲ့သူတွေအတွက် ကြိုးစားနေခြင်းဖြစ်ပါတယ်။ သင်ဇာကို ချစ်တဲ့သူတွေကတော့ သင်ဇာကို…

Read More

နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ ဌာနဆိုင်ရာတွေကြောင့် ရင်းနှီးမြုပ်နှံမှု အဟန့်အတားဖြစ်နေတယ်လို့ လွှတ်တော်မှာဆွေးနွေး

  နေပြည်တော်၊နိုဝင်ဘာ ၁၅- ၂၀၁၈ ဒီပ(နေပြည်တော်) နိုင်ငံတော်သမ္မတထံကနေ နိုဝင်ဘာလ(၈)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာတဲ့ ရင်းနှီးမြုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေး ၀န်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး တင်ပြခဲ့ပြီး ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက အခုလို ဆွေးနွေးပြောဆို သွားခဲ့ခြင်းဖြစ်ပါတယ်။   “လာဘ်ပေးလာဘ်ယူမှုတွေ လျှောချလာနိုင်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ အချိန်မြှင့်ဖို့လိုနေတာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကြိုးနီစနစ်ရဲ့ ဌာနအသီးသီးရဲ့ အသားကျနေတဲ့ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲဖို့လိုနေတာတွေဟာ ရင်းနှီးမြုပ်နှံဖို့အတွက် ကန့်သတ်စေတဲ့ အဟန့်အတားများဖြစ်ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောပါတယ်။ နှစ်စဉ် ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါ  လွယ်ကူမှုအညွှန်းကိန်းမှာ (၅)နှစ်အတွင်းတိုးတက်မှု လုံးဝမရှိယုံမက အညွှန်ကိန်းကနေ ဆက်လက်ကျဆင်းသွားတဲ့ မြန်မာနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကနေ ရုန်းထွက်ဖို့လိုပါမယ် ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုပြီး ရှေးရိုးအကျင့်မဖျောက်ခဲ့ကြလို့ အဆိုးစနစ်အောက်မှာပဲ တ၀ဲဝဲလည်နေကြတာကို သင်္ခန်းစာယူကြရပါမယ်လို့ ၎င်းကဆိုခဲ့ပါတယ်။ အသစ်ဖွဲ့စည်းမယ့် ၀န်ကြီးဌာနဟာ…

Read More

မြန်မာနိုင်ငံသို့ မပြန်လိုကြောင်း ဘင်္ဂါလီဒုက္ခသည်တွေ ဆန္ဒပြနေကြ

  ကော့ဘဇား၊ နိုဝင်ဘာ-၁၅-၂၀၁၈ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ နှစ်နိုင်ငံသဘောတူညီချက်အရ ယနေ့မှာ စတင်မှာဖြစ်ပြီး ပြန်ပို့မယ့်စာရင်းမှာပါဝင်နေတဲ့ ဘင်္ဂါလီတွေက မြန်မာနိုင်ငံကို မပြန်လိုကြောင်း ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေပါတယ်။ ပထမဆုံးပြန်လည်ပို့ဆောင်မယ့် နေ့မှာဘဲ ဆန္ဒပြသူ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေက မြန်မာနိုင်ငံကို မိမိတို့ ပြန်မှာမဟုတ်ဘူလို့  မြန်မာနယ်စပ်အနီးမှာ အော်ဟစ်ဆန္ဒပြနေကြပြီး အငြင်းပွားဖွယ် ပြန်လည်လက်ခံရေးအစီအစဉ်အပေါ် သံသယဖြစ်ဖွယ်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် မဟာမင်းကြီးကတော့ စီစဉ်ထားတဲ့ ပြန်လည်လွှဲပြောင်းရေးအတွက် နယ်စပ်မှာရှိတဲ့ လွှဲပြောင်းရေးစခန်းကို ရောက်ရှိနေပါတယ်။ ဒုက္ခသည်စခန်းအနီးက လွဲပြောင်းရေးစခန်းမှာတော့ ဘတ်စ်ကား ငါးစီးက ပြန်ပို့မယ့်သူတွေကို နယ်စပ်ပို့ဖို့ စောင့်ဆိုင်းနေပါတယ်။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် ဘင်္ဂါလီ ဒုက္ခသည် ၁၀၀၀ က ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်ဆောင်နေပြီး တရားမျှတမှုကို လိုချင်ကြောင်း…

Read More

အိမ်က ပေးစားတဲ့သူနဲ့ပဲ ယူဖို့ စဉ်းစားတော့မယ်ဆိုတဲ့ ဂုဏ်ရှိန်ဝင့်ထည်

ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၈ သင်းသဒ္ဒါ မြန်မာပြည်နှင့် စင်္ကာပူတို့တွင် ဓာတ်ပုံလန်းလန်းများဖြင့် မော်ဒယ်လ်ဝင်ရောက်လာပြီးတော့ ဂီတပိုင်းကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ သရုပ်ဆောင်အဆိုတော် ဂုဏ်ရှိန်ဝင်ထည်ကတော့ ပရိသတ် စိတ်ဝင်စားတဲ့ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ ” အချစ်ရေးဆိုရင်တော့ ဂုဏ်ရှိန်က အိမ်က ပေးစားတဲ့သူနဲ့ပဲ စဉ်းစားတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။ တစ်ခုခုဆိုရင် အိမ်ကသဘောတူတော့ ဘာမှမဖြစ်တော့ဘူးပေါ့။ ဒီ ဘက်ခေတ်မှာ အချစ်ရေးနဲ့ ပတ်သက်ရင် အဆင်မပြေကြတာများ နည်းနည်းတော့ ကြောက်တယ်”လို့ ဆိုလာ ပါတယ်။ ဂုဏ်ရှိန်ဝင်ထည်က လက်ရှိမှာတော့ မြန်မာပြည်မှာ အသည်းကွဲသီချင်း တေးသီချင်းသစ်အတွက် သရုပ်ဆောင် တိုင်ရွန်နဲ့အတူ MTV ရိုက်ကူးနေပြီးတော့ စင်ကာပူမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းဆက်တက် ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဝေဖန်မှုတွေကြုံ လာတာနဲ့ ပတ်သက်ပြီးတော့ ” လူတစ်ကိုယ် စိတ်ကတော့ တစ်မျိုးဆီပေါ့။ ပရိသတ် တွေဆိုတာကလည်း…

Read More

ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ အပစ်ရပ်တဲ့ ဆုံးဖြတ်ချက်ကြောင့် အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

  ဂျေရုဆလင်၊ နိုဝင်ဘာ-၁၅ မျိုးဆက် (VOM) လွန်ခဲ့တဲ့နှစ်ရက်က အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်မှာ ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ အပစ်အခတ်ရပ်စဲရန် လက်ခံလိုက်တဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့်  အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။ ဒီလို စစ်သွေးကြွတွေနဲ့ အပစ်အခတ်ရပ်စဲဖို့  သဘောတူလိုက်တာဟာ အကြမ်းဖက်ဝါဒကို လက်နက်ချ အရှုံးပေးလိုက်ခြင်း အဖြစ် နှုတ်ထွက်လိုက်တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး အဘစ်ဒေါလိဘာမာ ရှုတ်ချပြောဆိုလိုက်ပါတယ်။ လက်ယာယိမ်း ယီစရေးဘေတီနူပါတီလည်း အစ္စရေး ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ  နှုတ်ထွက် သွားမှာဖြစ်တယ်လို့ ၎င်းက ပြောဆိုလိုက်ပြီး အစ္စရေးရွေးကောက်ပွဲလည်း အချိန်စောပြီး ကျင်းပနိုင်ဖွယ်ရှိပါတယ်။ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွေက အစ္စရေးကိုဦးတည်ပြီး ဒုံးကျည် အစင်း ၄၆၀နဲ့ ပါလက်စတိုင်းစစ်သွေးကြွများက ပစ်ခတ်တိုက်ခိုက်တာကြောင့် လူ ရှစ်ဦးသေဆုံးခဲ့ပြီး ဂါဇာရှိ စစ်သွေးကြွ ပစ်မှတ် ၁၆၀ ကိုလည်း အစ္စရေးလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာတိုက်ခိုက်မှုမှာ…

Read More

ကယ်လီဖိုးနီးယားတောမီးကြောင့် လူ ၅၆ ဦးသေဆုံး၊ ၁၃၀ ကျော်ပျောက်ဆုံးနေ

ကယ်လီဖိုးနီးယား၊ နိုဝင်ဘာ-၁၅-၂၀၁၈ မျိုးဆက် (VOM) ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆိုးဆိုးရွားရွားလောင်ကျွမ်းနေတဲ့ တောမီးကြောင့် လက်ရှိအချိန်အထိ လူ ၅၆ ဦးသေဆုံးပြီး ၁၃၀ ဦးပျောက်ဆုံးနေတယ်လို့ အမေရိကန် အရေးပေါ် စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဘရော့လောင်းက ပြောပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က မြို့တွေကို အားလုံးပြန်လည်တည်ဆောက်ရန် လိုအပ်မှာဖြစ်ပြီး သုံးလေးနှစ် အချိန်ယူရမှာဖြစ်တယ်လို့ အမေရိကန် ၎င်းကပြောပါတယ်။ မီးလောင်ပြင်တွေကနေ လူ ၅၆ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ပါရာဒိုက်မြို့ကတော့ မြင်ဖူးခဲ့သမျှထဲမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် ကြုံတွေခဲ့ရတ်ာဖြစ်တယ်လို့ ဘရော့လောင်းက ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တစ်လျှောက် အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမား ၉၀၀၀ က လက်ရှိတွင် ငြိမ်းသတ်လျှက်ရှိပြီး တောမီးငြိမ်းသတ်ရာမှာ တိုးတက်မှုတွေရှိတယ်လို့ နိုဝင်ဘာ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ ကာလီဖိုးနီးယား မီးသတ်ဌာန တာဝန်ရှိသူတွေက…

Read More

စစ်ကိုင်းတိုင်းမှာ တံတား ၆၉ စင်းကို အိန္ဒိယက ၃ နှစ်အတွင်း တည်ဆောက်ပေးမည်

  မုံရွာ နိုဝင်ဘာ ၁၅-၂၀၁၈ ဗျဂ္ဃ (Voice Of Myanmar) အိန္ဒိယ-မြန်မာချစ်ကြည်ရေးကို ရှေးရှုကာ ၂ နိုင်ငံသဘောတူညီချက်ဖြင့် အိန္ဒိယနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂၄၅ သန်းအကုန်အကျခံပြီး ပြည်ထောင်စုလမ်းဖြစ်တဲ့ ကလေးဝ-ကလေး-ကျီကုန်း-တမူးလမ်းမပေါ်ရှိ တံတား ၆၉ စင်းကို ၃ နှစ်အတွင်း အပြီး အဆင့်မြှင့်တင် တည်ဆောက်ပေးသွားမယ်လို့သိရပါတယ်။ ဒီလမ်းမပေါ်မှာ တံတားအစင်းပေါင်း ၇၁ စင်းရှိပေမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၅၀၀ နဲ့ရေနံချောင်းတံတား၊ ၂၀၁၃-၁၅ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်း ၉၃၆.၅သန်းနဲ့ ဝါးရဲချောင်းတံတားတို့ကို တည်ဆောက်ခဲ့ပြီးဖြစ်လို့ ၆၉ စင်းသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ “လောလောဆယ် မြေလွှာစစ်ဆေးခြင်း (Soil Test) လုပ်နေပြီ။ ပြီးတော့ လမ်းချဲ့ဖို့ လမ်းနယ် တဖက်ကို ၇၅ ပေစီပေါ့။ သူတို့ပြောတဲ့အဆိုအရ ပေ…

Read More

စစ်ကိုင်းမြို့မှာ အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး

စစ်ကိုင်း နိုဝင်ဘာ  ၁၅-၂၀၁၈ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊နန်းဦးမြို့သစ်ရပ်ကွက်၊ နယ်မြေ ၆ အတွင်းက နေအိမ်တစ်အိမ်မှာ အမျိုးသားတဦး ကြိုးဆွဲချ သေဆုံးမှု ယနေ့ နံနက်ခင်းက ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာ ခေါက်ဆွဲစက်လုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်ဆွေဦး အသက် (၃၇) ဖြစ်ပြီး သူရဲ့နေအိမ်ရှိ ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ပါတယ်။ ဆွဲကြိုးချသေဆုံးသူ ရုပ်အလောင်းကို စစ်ကိုင်း ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သေမှုသေခင်း (၂၁/၁၈)ဖြင့် ဖွင့်လှစ် စစ်ဆေးနေကြောင်းသိရပါတယ်။ #voiceofmyanmar #ကြိုးဆွဲချ #စစ်ကိုင်း

Read More
VOM News

FREE
VIEW