ကယ်လီဖိုးနီးယားတောမီးကြောင့် လူ ၅၆ ဦးသေဆုံး၊ ၁၃၀ ကျော်ပျောက်ဆုံးနေ

ကယ်လီဖိုးနီးယား၊ နိုဝင်ဘာ-၁၅-၂၀၁၈
မျိုးဆက် (VOM)

ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆိုးဆိုးရွားရွားလောင်ကျွမ်းနေတဲ့ တောမီးကြောင့် လက်ရှိအချိန်အထိ လူ ၅၆ ဦးသေဆုံးပြီး ၁၃၀ ဦးပျောက်ဆုံးနေတယ်လို့ အမေရိကန် အရေးပေါ် စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဘရော့လောင်းက ပြောပါတယ်။

တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က မြို့တွေကို အားလုံးပြန်လည်တည်ဆောက်ရန် လိုအပ်မှာဖြစ်ပြီး သုံးလေးနှစ် အချိန်ယူရမှာဖြစ်တယ်လို့ အမေရိကန် ၎င်းကပြောပါတယ်။

မီးလောင်ပြင်တွေကနေ လူ ၅၆ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ပါရာဒိုက်မြို့ကတော့ မြင်ဖူးခဲ့သမျှထဲမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် ကြုံတွေခဲ့ရတ်ာဖြစ်တယ်လို့ ဘရော့လောင်းက ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်တစ်လျှောက် အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမား ၉၀၀၀ က လက်ရှိတွင် ငြိမ်းသတ်လျှက်ရှိပြီး တောမီးငြိမ်းသတ်ရာမှာ တိုးတက်မှုတွေရှိတယ်လို့ နိုဝင်ဘာ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ ကာလီဖိုးနီးယား မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ကို မစ္စတာလောင်းနဲ့ ပြည်ထဲရေးဝန်ကြီး ရိုင်ယန်ဇင်ကီ တို့ရောက်ရှိနေပြီး တောမီးလောင်ကျွမ်းမှုအခြေအနေနှင့်ပတ်သက်ပြီးအခြေအနေတွေကို အစီရင်ခံ သတင်းပေးပို့ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းရဲ့တွစ်တာမှာ နိုဝင်ဘာ ၁၄ ရက်က ရေးသားထားပါတယ်။

Source : sputniknews /BBC
Photo: Reuter
#voiceofmyanmar #ကယ်လီဖိုးနီးယားတောမီးနောက်ဆက်တွဲ

Related posts

Leave a Comment

VOM News

FREE
VIEW