ပါရီ၊ ဒီဇင်ဘာ ၁၁-၂၀၁၈
မျိုးဆက် (VOM)
ပြင်သစ်နိုင်ငံမှာ သီတင်းပတ်လေးပတ်နီးပါး ကြားမြင့်ပြီဖြစ်တဲ့ အကြမ်းဖက်ဆန္ဒပြတာတွေကို တုံ့ပြန်ဖြေရှင်းတဲ့အနေနဲ့ အနိမ့်ဆုံးလုပ်ခလစာတိုးမြုင့်ပေးဖို့နဲ့ အခွန်လျော့ပေါ့ပေးရေးအတွက် ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုက ကတိပြု ပြောဆိုလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းမြင့်တက်တာတွေနဲ့ နေထိုင်မှုစရိတ်ကြီးမြင့်မှုနဲ့ အခြားသော ပြဿနာများတွေကြောင့် နိင်ငံတစ်ဝန်းမှာ သီတင်းလေးပတ်ကြာ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ပြင်သစ်သမ္မတ မာခရိုအနေနဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေကို ပြစ်တင်ရှုတ်ချ ထားပေမယ့် ဆန္ဒပြသူတွေရဲ့ အမျက်ဒေါသဟာ လေးနက်ပြင်းထန်ပြီး တရားနည်းလမ်းကျတာတွေလည်း များစွာရှိနေတယ်လို့ ၎င်းက ပြောပါတယ်။
အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာကို ၂၀၁၉ခုနှစ်ကစပြီး တစ်လကို ယူရို၁၀၀ ထိတိုးမြှင့်ပေးမှာဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ မာခရိုက ပြောပါတယ်။
ဒါ့အပြင် ဝင်ငွေနည်းပါးတဲ့ အငြိမ်းစားတွေအတွက် အခွန်တိုးမြှင့်မယ့် အစီအစဉ်ကို ဖျက်သိမ်းပစ်မှာဖြစ်ပြီး အချိန်ပိုလုပ်ခအတွက် အခွန်ဆက်ဆောင်စရာလိုမည်မဟုတ်သလို အလုပ်ရှင်တွေအနေအနေနဲ့လည်း အလုပ်သမားတွေကို နှစ်ကုန်အပိုဆုကြေးငွေပေးခြင်းအတွက် အခွန်ကင်းလွတ်ခွင့်ရမယ်လို့ ၎င်းက ကတိပြုပြောဆိုပါတယ်။
#voiceofmyanmar#ပြင်သစ်သမ္မတမာခရို# အခြေခံလုပ်ခလစာတိုးပြီးအခွန်လျှော့ကောက်မယ်လို့ကတိပြု#
Ref :BBC
Photo : Reuter