”ရည်းစားနဲ့ပြတ်လို့ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါဆိုတဲ့ ဝေဠုကျော်”

ရန်ကုန် ဒီဇင်ဘာ ၁၁- ၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ်ဖြစ်တဲ့ သင်းသင်းနဲ့ချစ်သူဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဠုကျော်ကတော့ ” မြန်မာပြည်မှာ သမိုင်းတွင်သွားတာပေါ့၊ နောင်တွင် ဥဒါန်းတွင်ရစ်စေသတည်းပေါ့၊ ရည်းစားပြတ်တာ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါ ”လို့ဆိုပါတယ်။ ” ကျွန်တော်ကတော့ ပြဿနာ မရှိပါဘူး၊လောကကြီးမှာ မမှားတာ မရှိဘူးမှားကြတယ်ပေါ့၊ အိမ်ထောင်သည် တွေတချို့တောင် မှားနေကြသေးတာပဲ၊ကျွန်တော်က အိမ်ထောင်မရှိဘူး၊ လူလွတ်လေ ခလုတ်တိုက်မိလို့ပဲ ဖြစ်ဖြစ် ပတ်သက်မိသွားတယ်၊ ဥပမာ- ရိုးရိုးလေး ပြောရင် ရည်းစားထားမိသွားတယ်၊ ရည်းစားပြတ် သွားတယ်ဗျာ၊ တစ်နိုင်ငံမှာရည်းစားနဲ့ ပြတ်သွားတာ သန်းနဲ့ သောင်းနဲ့ ချီပြီးတော့ရှိတော့ ပြတ်နေတာ၊ ကျွန်တော်ကျ မှတရားစွဲခံရမယ်ဆိုတော့ ၀ဋ်ကြွေးပါလာလို့ပေါ့၊ ကျွန်တော်ကလည်း ဘာမှ မဖြစ်ပါဘူး၊ တရားစွဲမယ်ဆို လည်းခံလိုက်ရုံပေါ့”လို့ဆိုပါတယ်။ ”ကျွန်တော်ကလည်း လူငယ်ကို ရည်းစားကိုခုမှ  တစ်ယောက်ဖူးထားဘူးတော့ ခံစားရတာပေါ့၊ ရည်းစားတွေလည်း ပျက်တာတွေလည်း များလာခဲ့ပြီ၊…

Read More

အခြေခံလုပ်ခလစာတိုးပေးပြီး အခွန်လျှော့ကောက်မယ်လို့ ပြင်သစ်သမ္မတ မာခရို ကတိပြု

  ပါရီ၊ ဒီဇင်ဘာ ၁၁-၂၀၁၈ မျိုးဆက် (VOM) ပြင်သစ်နိုင်ငံမှာ သီတင်းပတ်လေးပတ်နီးပါး ကြားမြင့်ပြီဖြစ်တဲ့ အကြမ်းဖက်ဆန္ဒပြတာတွေကို တုံ့ပြန်ဖြေရှင်းတဲ့အနေနဲ့ အနိမ့်ဆုံးလုပ်ခလစာတိုးမြုင့်ပေးဖို့နဲ့ အခွန်လျော့ပေါ့ပေးရေးအတွက် ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုက  ကတိပြု ပြောဆိုလိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းမြင့်တက်တာတွေနဲ့ နေထိုင်မှုစရိတ်ကြီးမြင့်မှုနဲ့ အခြားသော ပြဿနာများတွေကြောင့် နိင်ငံတစ်ဝန်းမှာ သီတင်းလေးပတ်ကြာ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ပြင်သစ်သမ္မတ မာခရိုအနေနဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေကို ပြစ်တင်ရှုတ်ချ ထားပေမယ့် ဆန္ဒပြသူတွေရဲ့ အမျက်ဒေါသဟာ  လေးနက်ပြင်းထန်ပြီး တရားနည်းလမ်းကျတာတွေလည်း များစွာရှိနေတယ်လို့ ၎င်းက ပြောပါတယ်။ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာကို ၂၀၁၉ခုနှစ်ကစပြီး တစ်လကို  ယူရို၁၀၀ ထိတိုးမြှင့်ပေးမှာဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ မာခရိုက ပြောပါတယ်။ ဒါ့အပြင် ဝင်ငွေနည်းပါးတဲ့  အငြိမ်းစားတွေအတွက် အခွန်တိုးမြှင့်မယ့် အစီအစဉ်ကို ဖျက်သိမ်းပစ်မှာဖြစ်ပြီး  အချိန်ပိုလုပ်ခအတွက် အခွန်ဆက်ဆောင်စရာလိုမည်မဟုတ်သလို အလုပ်ရှင်တွေအနေအနေနဲ့လည်း  အလုပ်သမားတွေကို နှစ်ကုန်အပိုဆုကြေးငွေပေးခြင်းအတွက် အခွန်ကင်းလွတ်ခွင့်ရမယ်လို့ ၎င်းက…

Read More

”တရားစွဲချင်စွဲလို့ ဝေဠုကျော်က စိန်ခေါ်ခဲ့တယ်လို့ အလှမယ် သင်းသင်းဆို”

ရန်ကုန် ဒီဇင်ဘာ ၁၁-၂၀၁၈ သင်းသဒ္ဒါ(VOM) သရုပ်ဆောင် ဝေဠုကျော်က အလှမယ် သင်းသင်းကိုတော့ ”သူကိုယ်၌က တရားစွဲချင်စွဲလို့ ဝေဠုကျော်က စိန်ခေါ်ခဲ့တယ်”လို့ဆိုပါတယ်။ ”ဒါကြောင့်  ညီမ မခံနိုင်လွန်းလို့ ကာမလိမ်လည်မှုနဲ့ တရားစွဲမို့ ဖြစ်လာတာပါ၊ညီမကတော့ သူ့ကို တရားစွဲသွားမှာပါ၊ လက်ရှိမှာ တိုင်ပင်နေတုန်းမို့ပါ၊သူ့ ဒီနေ့ဖြေသွားတာက လောကမှာ ရည်းစားဖြစ်တိုင်း ထောင်ကျမှာဆိုရင် အကုန်လုံးထောင်ကျမှာပေါ့လို့ သူ့ဖြေသွားခဲ့တယ်၊ မင်းသား ဆိုတဲ့အတိုင်း လှလှပပလေးသုံးသွားခဲ့တယ်၊ အဲလိုမျိုးမဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့က ကမ္ဘာကျော်ပရဟိတ ကိုလုပ်နေတယ်၊ အစ်မကို တွဲလိုက်တာသည် ကိုယ့်ဘယ်လိုမိန်းကလေးလည်းဆိုတာ အကုန်လုံးသိ ပါတယ်၊ သူ့ဟာဘယ်လို ယောက်ျားလဲဆိုတာ အမှန်တရားနဲ့သွားမှာပါ၊ညီမကို လာမညှိပါနဲ့၊ ဒီကြားထဲမှာ ရှေ့ နေတွေ၊ ကိုယ့်ဘေးလူတွေရော ပြန်ညှိဖို့ပြောပါတယ်၊ အစ်မလုံးဝလက်မခံပါဘူး”လို့ဆိုပါတယ်။ “ခုလိုထပြီး တရားစွဲတာကတော့ အစ်မလိုမိန်းကလေးတွေခံရခဲ့ဘူးသူတွေလည်း ရှိပါလိမ့်မယ် ၊ ရှိချင်မှလည်း ရှိလိမ့်မယ်၊ ညီမကတော့ အဆုံးထိခံရတာမို့…

Read More

ငါးဖမ်းစက်လှေတစ်စီးနစ်ပြုပ်၍ လှေလုပ်သား ၅ ဦးသေဆုံး

မာန်အောင်၊ ဒီဇင်ဘာ ၁၁-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မာန်အောင်ကျွန်းရဲ့ အနောက်ဘက် ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးနေတဲ့ ငါးဖမ်းစက်လှေတစ်စီးဟာ ဒီဇင်ဘာလ ၉ ရက်နေ့နံနက်ပိုင်းက နစ်မြုပ်သွားခဲ့တဲ့အတွက် လှေလယပ်သား ၅ ဦးသေဆုံးသွားခဲ့ပါတယ်။ အဲဒီငါးဖမ်းစက်လှေဟာ ပင်လယ်ပြင်အတွင်းငါးဖမ်းနေစဉ် ငါးဖမ်းပိုက်ပင်လယ်ကြမ်းပြင်မှာ ငြိတွယ်နေတဲ့အတွက် လှေကိုရပ်နားထားစဉ် လှေတိမ်းစောင်းသွားပြီး နစ်မြုပ်ခဲ့ရတာဖြစ်တယ်လို့ မာန်အောင်ဒေသခံတွေက ပြောပါတယ်။ “ကျွန်တော်တို့ မာန်အောင်ကျွန်းနဲ့တော့ နည်းနည်းဝေးပါတယ်၊ ပင်လယ်ပြင်အတွင်းမှာနစ်သွားတာပါ။ လှေမှာတော့ လှေသမားစုစုပေါင်း ၁၀ ယောက်ပါတယ်၊ ငါးယောက်ကသေသွားတယ်လို့သိရတယ်ဗျ၊ ကျွန်တော်တို့လည်း ဒီလိုပဲကြားရတာပါ၊ ဖြစ်တာက ပိုက်ကရေထဲမှာငြိနေတဲ့အတွက် စက်လှေကိုရပ်ထားတဲ့အချိန်မှာ ဒီရေတက်လာပြီး နစ်သွားတာလို့သိရတယ် ”လို့ မာန်အောင်ဒေသခံ ဦးမြင့်စိုးကပြောပါတယ်။ အဲဒီစက်လှေဟာ ပင်လယ်ပြင်ငါးဖမ်းစက်လှေအမျိုးအစားဖြစ်ပြီး သေဆုံးသူငါးဦးတို့မှာ သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်ကတစ်ဦး၊ သပြုချိုင်ကျေးရွာက တစ်ဦး၊ ရွှေကျင်းပြင်ကျေးရွာက တစ်ဦး၊ ရသေ့တောင်မြို့နယ်က တစ်ဦး၊ ရမ်းဗြဲမြို့နယ်က တစ်ဦးတို့ဖြစ်ပါတယ်။ “သေဆုံးသူတွေရဲ့အလောင်းတွေကိုတော့…

Read More

ပုဂံ-သရပါ သပိတ်စခန်း ရက်ပေါင်း၆၀အကြာမှာ ဖြိုခွဲခံရ

ပုဂံ၊ဒီဇင်ဘာ ၁၁-၂၀၁၈ လင်းလင်း(VOM) ပုဂံ-သရပါဟိုတယ်ရှေ့မှာ အလုပ်ထုတ်ခံလိုက်ရသည့် အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ပြန်လည် ခန့်ထားပေးဖို့ တောင်းဆိုနေတဲ့  အလုပ်သမားသပိတ်စခန်းကို ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၁ နာရီခွဲမှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ဖြိုခွဲခဲ့ပါတယ်။ ဩဂုတ်လကနေစတင်ပြီး ပုဂံသရပါဟိုတယ်ရဲ့ အလုပ်သမား ၁၂ဦးကို ဟိုတယ်ကုန်ကျစားရိတ်လျှော့ချတဲ့ အကြောင်းပြချက်နဲ့ လျော်ကြေးပေးအပ်အလုပ်ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး အလုပ်သမား ၉ ဦးကို အလုပ်ပြန်လည် ခန့်ထားပေးဖို့ အောက်တိုဘာလ၁၀ ရက်နေ့ကတည်းက သရပါဟိုတယ်ရှေ့မှာပဲ သပိတ်စခန်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ “ဒါက နိုင်ငံရဲ့ပုံရိပ်ကိုလည်း အင်မတန်ထိခိုက်တယ်၊ကျွန်တော်တို့မြန်မာပြည်ရဲ့ပုံရိပ်ကို အင်မတန်ဆိုးဝါးစေတဲ့လုပ်ရပ်တစ်ခုပဲ၊ ၊ကျွန်တော်တို့က ဥပဒေမဲ့ တောင်းဆိုနေတာလည်း မဟုတ်ဘူး၊ပြီးရင် ကျွန်တော်တို့က ခိုးဆိုးလုယက်တိုက်ခိုက်နေတာလည်း မဟုတ်ဘူး၊ကျွန်တော်တို့ ရာဇဝတ်မှုကျူးလွန်နေတာလည်း မဟုတ်ဖူး၊ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ငြိမ်းချမ်းစွာတောင်းဆိုတာ”လို့  သရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ ဦးနေမျိုးဝင်းက ပြောပါတယ်။ သပိတ်စခန်းဖွင့်လှစ်တာ ရက်ပေါင်း ၆၀ ရှိပြီဖြစ်ပြီး…

Read More

ကျောင်းသွားတဲ့လမ်းမှာ ဆရာမတစ်ဦး အသတ်ခံရ

ရမ်းဗြဲ၊ ဒီဇင်ဘာ ၁၁-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းက တောင်ရွာ အမက ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမလေးတစ်ဦးဟာ မနေ့နံနက်ပိုင်းက ကျောင်းသွားတက်တဲ့အချိန် လမ်းမှာသတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီသတ်ဖြတ်ခံလိုက်ရတဲ့ဆရာမမှာ တောင်ရွာ အမက ကျောင်းနဲ့ သုံးမိုင်လောက်ဝေးတဲ့ စည်ရင်းကျေးရွာက အသက်၂၇နှစ်အရွယ်ဖြစ်ပြီး သူနေတဲ့ရွာနဲ့ ကျောင်းကိုနေ့စဉ်လမ်းလျှောက်ပြီး သွားလာနေတာဖြစ်ပါတယ်။ “သူကနေ့တိုင်း ဒီလိုသွားနေကျပါ၊ ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှ ကျောင်းကနေ မိသားစုတွေဆီကို သူကျောင်းမရောက်ကြောင်း အကြောင်းကြားတဲ့အတွက် လိုက်ရှာတဲ့အခါမှာ လမ်းမှာသေဆုံးနေတာတွေ့ရတာပါ၊ ဘယ်သူသတ်သွားတယ်ဆိုတာတော့မသိရဘူး၊ မြင်တဲ့သူတွေလည်းမရှိတော့ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ပြောရခက်တာပေါ့”လို့ ရွာသားတစ်ဦးကပြောပါတယ်။ သေဆုံးနေတဲ့ကျောင်းဆရာမရဲ့ အလောင်းကို မိကျောင်းတက်-သမြေကျွန်း ကားလမ်းမအတွင်းရှိ အချိန်ပြင်ကျေးရွာအနီး ကားလမ်းမနံဘေး ချောက်ထဲမှာတွေ့ရှိခဲ့တာဖြစ်ပြီး လည်ပင်းမှာ အညိုအမဲစွဲနေတဲ့ ဒဏ်ရာပါရှိကြောင်း ပြောပါတယ်။ “လည်ပင်းမှာ လက်နဲ့ညှစ်တဲ့ဒဏ်ရာရှိတယ်၊ ပါးစပ်တွေကသွေးထွက်နေတယ်၊ ပြီးတော့ အင်္ဂါစပ်မှာလည်း သွေးတွေထွက်နေတာကိုတွေ့ရတယ်၊ လမ်းမှာက…

Read More

ကျောက်ဆည်မြို့မှာ မြွေတွေ တင်လာတဲ့ လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီးရမိ

ကျောက်ဆည်  ဒီဇင်ဘာ ၁၁-၂၀၁၈ မောင်တာရာ(VOM) ကျောက်ဆည်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ က မြွေမျိုးစုံ  သယ်ဆောင်လာတဲ့ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးကို ကျောက်ဆည်မြို့၊ ပေါက်တောမီးပွိုင့် အနီးမှာ စည်းကမ်းပျက်မော်တော်ယာဉ်တွေ ကို စစ်ဆေးဆောင်ရွက်နေတဲ့ အချိန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးတဲ့အချိန် 7K/4663နံပါတ်တပ်ထားတဲ့ TOYOTA IPSUM ကားဟာ စစ်ဆေးမှုတွေလုပ်နေတဲ့ ပေ၁၀၀အကွာမှာ ရုတ်တရက် ရပ်လိုက်ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားတာတွေ့ရှိရတဲ့ အတွက် မသင်္ကာ၍ ကားကို စစ်ဆေးရာလိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်နေတာကို တွေ့ရှိရပြီး ယာဉ်ပေါ်မှာ  ပလပ်စတစ်ခြင်း ၂၂ ခြင်း၊အဝတ်ထုတ်သုံးထုတ် နဲ့ ထုတ်ထားတဲ့ မြွေ​ပွေး ၂၀ ​ကောင်​ ​မြွေ​ဟောက်​ ၂၁ ​ကောင်​ လင်း​မြွေ  ၃၀၉ ​ကောင်​ ပါ တွေ့ရှိရတဲ့ အတွက် ကျောက်ဆည်မြို့နယ် သစ်​​တောဦးစီးဌာနကို လွဲပြောင်းအပ်​နှံ…

Read More

ဘာသာရေး စည်းရုံးဟောပြောမှုဟာ ခွင့်ပြုတာထက်ကျော်နေတယ်လို့ ကျောင်းအုပ်ဆရာတော်မိန့်

စစ်ကိုင်း၊ဒီဇင်ဘာ ၁၁-၂၀၁၈ စောပြည့်ချမ်းသာ (VOM) စစ်ကိုင်းမြို့နယ် မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ဓမ္မစေတီကျောင်းတိုက် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းမှာ ဒီဇင်ဘာ ၈နံနက်ပိုင်းက ခရစ်ယန်အဖွဲ့တစ်ဖွဲ့က အဆိုပါကျောင်းရှိကျောင်းသူကျောင်းသား များကိုဘာသာရေးစည်းရုံးမှုအသွင်ဟောပြောမှုများပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုလူမှုကွန်ယက် facebook စာမျက်နှာများပေါ်တွင်ပျံ့နှံ့ခဲ့ကာ ဝေဖန်ပြစ်တင်မှုမျတွေအများအပြားရှိခဲ့ပါတယ် အခုလို ဘာသာရေး စည်းရုံးဟောပြောတာဟာ ခွင့်ပြုချက်ထက်ကျော်လွန်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဆိုပါ ကျောင်းအုပ်ဆရာတော်က မိန့်ကြားပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ လာရောက်အလှူပြုလုပ်သည့်ခရစ်ယာန်အဖွဲ့မှာ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊Base ခရစ်ယာန်ချက်ကျောင်းမှ ဖာသာဦးအောင်ထွန်းဦး အဖွဲ့ဖြစ်တယ်လို့ မင်းကွန်းပုထိုးတော်ကြီးပညာအကယ်ဒမီကျောင်းထံကသိရပြီး အခုလိုဖြစ်ခဲ့တာကို စစ်ကိုင်းခရိုင်သာသနာရေးဌာနက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။ ဒီကျောင်းမှာကျောင်းသား ၁၄၆ဦး ရှိတယ်လို့ သိရပြီး ၂၀၁၈-၁၉ခုနှစ်က စတင်ကာ ဓမ္မစေတီကျောင်းဆရာတော်ဘဒ္ဒန္တ နာဂိန္ဒာလင်္ကာရ နှင့်မန္တလေးမြို့မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်း၊နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)တို့ပူးပေါင်းတည်ထောင်ထားတာဖြစ်ပါတယ်။ #voiceofmyanmar#စစ်ကိုင်း#လူမှုကွန်ယက်ပျံ့ခဲ့တဲ့ဘာသာရေးဟောပြောမှု#

Read More

လက်နက်ကြီးအသံတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝမ်းချောင်းကျေးရွာသားတွေ ထွက်ပြေး

ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၁၁-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မဲခချောင်းအတွင်းမှာ မြန်မာတပ်မတော်နဲ့ AA တို့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ဖက်ဝမ်းချောင်းကျေးရွာနဲ့ တစ်မိုင်ခွဲလောက်သာကွာဝေးတဲ့အတွက် လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကြားနေရတာကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ သင်းပုန်းတန်းကျေးရွာကို ထွက်ပြေးရောက်ရှိနေကြတာဖြစ်ပါတယ်။ “ လူအင်အားစုစုပေါင်းက ၄၂ ဦးပါပါတယ်၊ ကလေးတွေလည်းပါပါတယ်၊ မန့က ညနေပိုင်းကကျွန်တော်တို့ရွာကို ရောက်လာခဲ့ကြတာပါ၊ တိုက်ပွဲဖြစ်နေတာကြောင့် ကြောက်ပြီးထွက်ပြေးလာကြတယ်လို့ ပြောပါတယ်၊ သူတို့ကိုတော့ ဘုန်းကြီးကျောင်းမှာပဲ ယာယီနေရာချထားပါတယ် ”လို့ သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။ ထွက်ပြေးလာခဲ့ကြသူတွေဟာ ဖက်ဝမ်းချောင်းကျေးရွာက အိမ်ထောင်စု ၁၀စုရှိပြီး ကျား၁၉ ဦး မ ၂၃ ဦးရှိပြီး တောင်ပေါ်ဒေသတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ မြိုတိုင်းရင်းသားလူမျိုးတွေဖြစ်ကြပါတယ်။ “ကျွန်တော်တို့ရွာနဲ့ တိုက်ပွဲဖြစ်တဲ့နေရာက သိပ်မဝေးဘူး၊ မဲခချောင်းထဲမှာဖြစ်နေတာပါ၊ ဖြစ်တာက တစ်ရက်နှစ်ရက်ရှိပြီ၊…

Read More

ဒေါက်တာအေးမောင်တို့အမှု ရခိုင်ပြည်နယ်တရားလွှတ်တော်ကို တင်ပြ

စစ်တွေ၊ ဒီဇင်ဘာ ၁၁- ၂၀၁၈ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ရသေ့တောင်မြို့ဟောပြောပွဲမှာ ပြောကြားခဲ့တဲ့ ဟောပြောချက်တွေနဲ့ပတ်သက်လို့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ၃၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး  စွဲဆိုထားတဲ့ပုဒ်မတွေဟာ ဥပဒေအရရော အကြောင်းအရာအရပါ လွဲမှားနေတာတွေရှိနေတဲ့ အတွက် စွဲချက်တွေကိုပြင်ဆင်ပေးဖို့ ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ချက်တင်လိုက်တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ကိုစွဲဆိုထားတဲ့ စွဲချက်တွေမှာ မူလရုံးကစွဲဆိုခဲ့တာဟာ အကြောင်းအရာအရရော၊ ဥပဒေအရပါ လွဲမှားနေတာတွေရှိနေတယ်၊ ဒါကြာင့် ဒါတွေကိုပြင်ဆင်ဖို့တွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ခွင့်တင်လိုက်ပါတယ် ”လို့ ဒေါက်တာအေးမောင်က ပြောကြားခဲ့ပါတယ်။ ထို့နောက် ဒေါက်တာအေးမောင်တို့ဘက်က ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ခွင့်လျှောက်ထားမှုမှာ ပထမတစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ရာ အမှုသုံးမှုထဲက ပုဒ်မ ၁၇(၁)ကို ပယ်ချပေးခဲ့ပြီး ယခုအခါမှာ ဒုတိယအကြိမ်လျှောက်ထား ခြင်းဖြစ်ပါတယ်။ “အမှုကပြီးခါနီးနေပါပြီး။ အချိန်ကလည်း လာမယ့်…

Read More
VOM News

FREE
VIEW