ဘာသာရေး စည်းရုံးဟောပြောမှုဟာ ခွင့်ပြုတာထက်ကျော်နေတယ်လို့ ကျောင်းအုပ်ဆရာတော်မိန့်

စစ်ကိုင်း၊ဒီဇင်ဘာ ၁၁-၂၀၁၈

စောပြည့်ချမ်းသာ (VOM)

စစ်ကိုင်းမြို့နယ် မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ဓမ္မစေတီကျောင်းတိုက် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းမှာ ဒီဇင်ဘာ ၈နံနက်ပိုင်းက ခရစ်ယန်အဖွဲ့တစ်ဖွဲ့က အဆိုပါကျောင်းရှိကျောင်းသူကျောင်းသား များကိုဘာသာရေးစည်းရုံးမှုအသွင်ဟောပြောမှုများပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုလူမှုကွန်ယက် facebook စာမျက်နှာများပေါ်တွင်ပျံ့နှံ့ခဲ့ကာ ဝေဖန်ပြစ်တင်မှုမျတွေအများအပြားရှိခဲ့ပါတယ်

အခုလို ဘာသာရေး စည်းရုံးဟောပြောတာဟာ ခွင့်ပြုချက်ထက်ကျော်လွန်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဆိုပါ ကျောင်းအုပ်ဆရာတော်က မိန့်ကြားပါတယ်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ လာရောက်အလှူပြုလုပ်သည့်ခရစ်ယာန်အဖွဲ့မှာ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊Base ခရစ်ယာန်ချက်ကျောင်းမှ ဖာသာဦးအောင်ထွန်းဦး အဖွဲ့ဖြစ်တယ်လို့ မင်းကွန်းပုထိုးတော်ကြီးပညာအကယ်ဒမီကျောင်းထံကသိရပြီး အခုလိုဖြစ်ခဲ့တာကို စစ်ကိုင်းခရိုင်သာသနာရေးဌာနက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။

ဒီကျောင်းမှာကျောင်းသား ၁၄၆ဦး ရှိတယ်လို့ သိရပြီး ၂၀၁၈-၁၉ခုနှစ်က စတင်ကာ ဓမ္မစေတီကျောင်းဆရာတော်ဘဒ္ဒန္တ နာဂိန္ဒာလင်္ကာရ နှင့်မန္တလေးမြို့မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်း၊နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)တို့ပူးပေါင်းတည်ထောင်ထားတာဖြစ်ပါတယ်။

#voiceofmyanmar#စစ်ကိုင်း#လူမှုကွန်ယက်ပျံ့ခဲ့တဲ့ဘာသာရေးဟောပြောမှု#

Related posts

Leave a Comment

VOM News

FREE
VIEW