အနောက်ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သြစတြေးလျ တရားဝင်အသိအမှတ်ပြု

ဆစ်ဒနီ၊ ဒီဇင်ဘာ-၁၅ မျိုးဆက် (VOM) အနောက်ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ဒီဇင်ဘာ ၁၅ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ဒီလိုအသိအမှတ်ပြုလိုက်တာဟာ သြစတြေးလျရဲ့ ဆယ်စုနှစ်တစ်ခုကြာ အရှေ့အလယ်ပိုင်းမူဝါဒကို ပြောင်းလဲလိုက်တာဖြစ်ပြီး သံရုံးကိုတော့ ချက်ချင်းပြောင်းရွှေ့ဦးမှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်က ပြောပါတယ်။ နောက်ဆုံးအဆင့် ဆုံးဖြတ်ပြီးပါက မိမိတို့အနေနဲ့ သြစတြေးလျသံရုံးကို တဲလ်အဗစ်ကနေ ဂျေရုဆလင်ကို ပြောင်းရွှေ့သွားမယ်လို့ ၎င်းက သတင်းထောက်တွေကိုပြောပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းတို့ မျှော်မှန်းထားတဲ့အတိုင်း အရှေ့ဂျေရုဆလင်ကိုလည်း ပါလက်စတိုင်းတို့ရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတယ်လို့ မော်ရစ်ဆန်က ဆိုပါတယ်။ဂျေရုဆလင်အရေးဟာ အစ္စရေးနဲ့ ပါလက်စတိုင်းနိုင်ငံတို့အတွက် အကဲဆတ်တဲ့ ပြသနာတစ်ရပ်ဖြစ်နေပါတယ်။ ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန် သမ္မတဒေါ်နယ်ထရန့် ယမန်နှစ်က အသိအမှတ်ပြုခဲ့တာကြောင့် အာရပ်ကမ္ဘာနဲ့ အနောက်ဘက် မဟာမိတ်တွေကို စိတ်အနှောက် အယှက်ဖြစ်စေခဲ့ပြီး  ဝေဖန်မှုတွေလဲ ထွက်ပေါ်ခဲ့ပါတယ်။…

Read More

မီးလင်းရေး ကော်မတီအသစ်ဖွဲ့စည်းပေးဖို့ ကင်းကျေးရွာဒေသခံများ ဆန္ဒထုတ်ဖော်

မြောင် မြို့၊ဒီဇင်ဘာ ၁၅-၂၀၁၈ လင်းလင်း(VOM) တရားဝင် ဖျက်သိမ်းပြီးတဲ့ မီးလင်းရေးကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အမိန့်နှင့် ပြန်လည်ခန့်အပ်ခြင်း မပြုဖို့နှင့် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီပြီးကျေးရွာနေ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနှင့် လျှပ်စစ်မီးလင်းရေးကော်မတီ အသစ် ရွေးချယ် တင်မြှောက်ပေးဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင် မြို့နယ်၊ကင်းကျေးရွာက ဒေသခံ နှစ်ရာကျော်က မြိုင် မြို့ပေါ်မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကင်းကျေးရွာ မီးလင်းရေးအတွက် ၂၀၁၆ နှစ်ဆန်းပိုင်းကနေ စတင်ပြီး ကော်မတီဖွဲ့စည်းကာ ကော်မတီဥက္ကဌ ဦးအောင်ကျော်ရဲ့ အတိုးမဲ့ စိုက်ထုတ်ချေးငွေ ကျပ်သိန်းနှစ်ရာ နဲ့ ကျေးရွာမီးလင်းရေးဆောင်ရွက်ခဲ့ကြပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ လမ်းမီးတင်မက အိမ်ခြေတွေကိုပါ လျှပ်စစ်မီးဖြန့်ဝေနိုင်ခဲ့ချိန်မှာ ဒုတိယမြောက် မီးလင်းရေးကော်မတီတစ်ရပ်ကို အခြားကျေးရွာသားတွေက ထပ်မံဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ထပ်မံဖွဲ့စည်းလိုက်တဲ့ မီးလင်းရေးကော်မတီထံ လုပ်ငန်းလွှဲပြောင်းဖို့ မြို့နယ်က ညွှန်ကြားလာပြီး ကင်းကျေးရွာ ဒေသခံအများစုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။၂၀၁၈…

Read More

အိန္ဒိယနိုင်ငံ ဘုရားကျောင်းတစ်ခုမှာ အစာအဆိပ်သင့်လို့ လူ ၁၁ ဦးသေဆုံး၊ ၉၀ ကျော်ဆေးရုံတင်ထားရ

ဒေလီ၊ ဒီဇင်ဘာ ၁၅-၂၀၁၈ မျိုးဆက် (VOM) အိန္ဒိယဘုရားကျောင်းတစ်ကျောင်းမှာ ကျွေးမွေးတဲ့  ထမင်းကိုစားသုံးပြီးနောက် ကလေးငယ်နှစ်ဦးအပါအ၀င် လူပေါင်း ၁၁ ဦးသေဆုံးခဲ့ပြီး ၊ လူ ၉၀ ကျော်ကို ဆေးရုံတင်ထားရတယ်လို့ ကာနာတာကာပြည်နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်က ပြောပါတယ်။ ကာနာတာကာပြည်နယ်အတွင်းရှိ ဟိန္ဒူဘုရားကျောင်းမှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ကျွေးတဲ့  အစားအသောက်တွေကို စားသုံးပြီးနောက် ဒီိလို သေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဆေးရုံတင်ထားရတဲ့ သူတွေထဲက လူနာ၁၁ဦးကတော့  အရေးပေါ်အခြေအနေမှာရှိတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘုရားကျောင်းတာဝန်ရှိသူ လူနှစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှု တွေလုပ်ဆောင်နေပြီး ကျွေးမွေးတဲ့ အစားအသောက်တွေဟာ အစာအဆိပ်သင့်တာဖြစ်နိုင်တယ်လို့ ကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။ မိမိတို့ကို အနံထွက်နေတဲ့ခရမ်းချဉ်သီးထမင်း တည်ခင်းကျွေးမွေးခဲ့တာဖြစ်တယ်လို့ ပွဲအခမ်းအနားသို့တက်ရောက်တဲ့ လူတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါဘုရားကျောင်းမှ ထမင်းကို မစားသူအားလုံးမှာ …

Read More

ရခိုင်ပြည်နယ်က မြို့ကြီးငါးမြို့မှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ဖို့ရှိ

စစ်တွေ၊ ဒီဇင်ဘာ ၁၅ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မောင်တောမြို့အပါအဝင် ခရိုင်မြို့တွေဖြစ်တဲ့ မြို့ကြီးငါးမြို့မှာ CCTV စောင့်ကြည့်ကင်မရာတွေ တပ်ဆင်သွားမှာဖြစ်ပါတယ်။ အဲဒီမြို့ကြီးတွေမှာ တပ်ဆင်ဖို့အတွက် CCTV ကင်မရာတွေဟာ အဆင်သင့်ရှိနေပြိဖြစ်ပြီး မကြာခင်မှာတပ်ဆင်သွား တော့မှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ “CCTV ကင်မရာတွေကို မြို့တွေမှာ တပ်ဆင်နေပါတယ်၊ ရခိုင်ပြည်နယ်အတွင်းက ခရိုင်မြို့တွေဖြစ်တဲ့ မြို့ကြီးတွေမှာလည်း နောက်ထပ်တပ်ဆင်သွားမှာဖြစ်ပါတယ်”ဟု ရဲမှူးကြီးကပြောပါတယ်။ လက်ရှိမှာတော့ ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်နေရာတွေမှာတပ်ဆင်ထားပြီးဖြစ်သလို အဲဒီကင်မရာတွေကို အသုံးပြုနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဒီကနေ့မနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး CCTV ကင်မရာတွေကို တပ်ဆင်ရတာဟာ ပြည်သူ့လုံခြုံရေးအတွက်တပ်ဆင်တာဖြစ်ပြီး ကုန်ကျစရိတ်တွေကိုတော့ တရုတ်နိုင်ငံကုမ္ပဏီတစ်ခုက ကျခံသွားမှာလည်းဖြစ်ပါတယ်။ #voiceofmyanmar# ရခိုင်ပြည်နယ်#မြို့ကြီးငါးမြို့မှာစောင့်ကြည့်ကင်မရာတွေတပ်ဆင်ဖို့ရှိ#

Read More

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ဘေးရှောင် ၃၀၀ နီးပါးတိုးလာ

ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၁၅ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် မြို့နယ်တချို့တို့မှာ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေက ကျေးရွာသားတွေဟာ ဘေးလွှတ်ရာကိုထွက်ပြေး ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီကျေးရွားသာတွေဟာ ဘူးသီးတောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ကျေးရွာသားတွေဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ နယ် အထက်သင်းပုန်းတန်းကျေးရွာကို ဒီဇင်ဘာလ ၁၃ ရက်နေ့ည်နေပိုင်းက စစ်ဘေးရှောင် ၃၀၀ နီးပါးခန့် ထပ်မံရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ “တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျွန်တော်တို့ရွာကို ဖက်ဝမ်းချောင်းကနေ ထွက်ပြေးလာတာ ၄၀ ကျော်ရှိပါတယ်၊ ၁၃ ရက်နေ့က နောက်ထပ် နှစ်ရွာကထွက်ပြေးရောက်ရှိလာတာပါ၊ လူဦးရေ ၂၉၀ ပါပါတယ်၊ စုစုပေါင်းက ၃၃၀ လောက်ရှိနေပါပြီ၊ ကလေးတွေလည်းပါပါတယ်”လို့ အထက်သင်းပုန်းတန်းကျေရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။ နောက်ထပ်ထွက်ပြေးလာခဲ့ကြသူများမှာ သပြုချောင်းကျေးရွာနဲ့ ကျောက်ဆည်တောင်ကျေးရွာသားတွေဖြစ်ကြပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်မရှိပေမယ့် စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေတာကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ “စားရေးသောက်ရေးကတော့…

Read More

အမေရိကန်ထုတ် မော်တော်ယာဉ်တွေအပေါ် ထပ်ဆောင်းအခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှုကို တရုတ်နိုင်ငံ ယာယီဆိုင်းငံ့

ပေကျင်း၊ ဒီဇင်ဘာ ၁၅-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်ထုတ် မော်တော်ယာဉ်တွေအပေါ် ၂၅ ရာခိုင်နှုန်း ထပ်ဆောင်း အခွန်ကောက်ခံတာကို ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေစပြီး ယာယီဆိုင်းငံထားမယ်လို့ တရုတ် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နှစ်နိုင်ငံအကြား အပြန်အလှန်အခွန်တိုးမြင့်ကောက်ခံတာတွေကို ရက် ၉၀ ကြာရပ်ဆိုင်းဖို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သူမ္မတ ရှီကျင်းပင်တို့ သဘောတူပြီးတဲ့နောက်မှာ တရုတ် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီလိုထပ်ဆောင်းအခွန်ကောက်ခံတာကို ဆိုင်းငံ့လိုက်တာက အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်ပစ္စည်းတွေအပေါ် ထပ်ဆောင်းခွန် အပြန်အလှန်အခွန်ကောက်ခံတာတွေအားလုံးကိုဖယ်ရှားဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကို အရှိန်မြင့်နိုင်မယ်လို့ မျှော်လင့်တယ်လို့ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းရဲ့ ၀က်ဘ်ဆိုက်မှာ ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒီလိုလုပ်ဆောင်ချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုဆိုလိုက်ပြီး တရုတ်နိုင်ငံဟာ ကြီးမားပြီးနားလည်မှုရှိတဲ့ သဘောတူညီချက်တစ်ရပ်လုပ်ဆောင်ဖို့ ဆန္ဒရှိနေပြီး…

Read More

ရွှေမိုင်းပိတ်ထားမှုကြောင့် ဒေသတွင်းစီးပွားရေးနဲ့အလုပ်အကိုင် အနှုတ်လက္ခဏာပြနေပြီး မိုင်းပြန်လည်ဖွင့်ပေးရေး ဆန္ဒထုတ်ဖော်

ရမည်းသင်း၊ဒီဇင်ဘာ ၁၄-၂၀၁၈ ဒီပ(နေပြည်တော်) (VOM) မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ ရွှေမိုင်းလုပ်ကွက်များ ပိတ်ပင်ထားမှုကြောင့် ဒေသတွင်းမှာ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လူမှုရေး၊စီးပွားရေး ပြဿနာများအပြင် အလုပ်အကိုင် အခွင့်အလမ်းများ အနှုတ်လက္ခဏာပြနေတဲ့အတွက်  ဒေသခံကျေးရွာများမှ လူဦးရေ(၂၀၀)ခန့် ရမည်းသင်းမြို့မှာရှိတဲ့ ကြေးနီကန်(ကန်သစ်)မှာ ဒီဇင်ဘာလ(၁၄)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ အခုဖြစ်နေတာက ကုမ္ပဏီကြီးနဲ့အစိုးရကြား ဘယ်သူမှားလို့ ဘယ်သူမှန်မှန် ကျွန်တော်တို့မသိဘူး အခုအခြေအနေက ကျွန်တော်တို့ဒေသမှာ အနှုတ်လက္ခဏာပြနေပြီ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပညာရေး၊စားဝတ်နေရေး ကျန်းမာရေးကအစ တစ်လပြီးတစ်လ အနှုတ်လက္ခဏာပြနေတယ် လုယက်မှုတွေ ခိုးမှုတွေကများလာတယ် အဓိကကတော့ ဒီမိုင်းတွင်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့အတွက် ဒေသခံတွေနဲ့ အခုလို ဆန္ဒပြရခြင်းဖြစ်ပါတယ ” ရမည်းသင်းမြို့ ၀ါးတိုးရပ်ကွက်နေသူ ဦးစိုးလှိုင်ထွန်းက ပြောပါတယ်။ ယင်းသို့ ဆန္ဒထုတ်ဖော်ရာမှာတော့  ကြွေးကြော်သံများအဖြစ် ရပ်နားထားတဲ့ မိုးထိမိုးမိရွှေမိုင်း ဖွင့်ပေးရေး ဒို့အရေး၊ ဒေသဖွံ့ဖြိုးရေး ဖျက်ဆီးသူများ အလိုမရှိနဲ့  ဒေသခံများ…

Read More

မြေအောက် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း ၌ လူတစ်ဦးအောက်ဆီဂျင်ပြတ်သေဆုံး

ကလေးဝ၊ ဒီဇင်ဘာ ၁၅-၂၀၁၈ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကျောက်အုံကျေးရွာ အနီးမှာ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့  ထူးဟန်သစ်ကုမ္ပဏီ ရဲ့ မြေအောက်ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းထဲက ကျင်းအမှတ်(၁) မှာဒီဇင်ဘာ ၁၄ရက် နံနက် ၇နာရီက ကျောက်မီးသွေးကြုံးရန် ကျင်းထဲဆင်းတဲ့ အဖွဲ့ထဲကနေ လူတစ်ဦး အောက်ဆီဂျင် ပြတ် သေဆုံးခဲ့တယ်လို့ ကလေးဝမြို့မ ရဲစခန်းကနေ သိရပါတယ်။ သေဆုံးခဲ့သူဟာ မော်လိုက်မြို့နယ် ညောင်သပြေကျေးရွာနေ ကိုစန်းမောင်(ခ)ကောင်းစံ ၃၃နှစ် ဆိုသူ ဖြစ်ပြီး ကျောက်မီးသွေး ကြုံးရန် အဆင်း မြေအောက်ပေ ၆၀ မှာရှိတဲ့ လေပိုက် ပေါက်နေတာကို တွေ့ရှိပြီး လေပိုက်ပြန်ဆက်ဖို့အတွက်  လေပိုက်ဟောင်းရှိရာ ကျင်းထဲကို သွားတဲ့အချိန်မှာ အောက်ဆီဂျင်ပြတ်ပြီး သတိလစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ကလေးဝမြို့မရဲစခန်း က ဒုရဲအုပ် အောင်သူဟိန်း က ပြောပါတယ်။ ဒီဖြစ်စဉ် နဲ့…

Read More
VOM News

FREE
VIEW