မြေအောက် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း ၌ လူတစ်ဦးအောက်ဆီဂျင်ပြတ်သေဆုံး

ကလေးဝ၊ ဒီဇင်ဘာ ၁၅-၂၀၁၈

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကျောက်အုံကျေးရွာ အနီးမှာ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့  ထူးဟန်သစ်ကုမ္ပဏီ ရဲ့ မြေအောက်ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းထဲက ကျင်းအမှတ်(၁) မှာဒီဇင်ဘာ ၁၄ရက် နံနက် ၇နာရီက ကျောက်မီးသွေးကြုံးရန် ကျင်းထဲဆင်းတဲ့ အဖွဲ့ထဲကနေ လူတစ်ဦး အောက်ဆီဂျင် ပြတ် သေဆုံးခဲ့တယ်လို့ ကလေးဝမြို့မ ရဲစခန်းကနေ သိရပါတယ်။

သေဆုံးခဲ့သူဟာ မော်လိုက်မြို့နယ် ညောင်သပြေကျေးရွာနေ ကိုစန်းမောင်(ခ)ကောင်းစံ ၃၃နှစ် ဆိုသူ ဖြစ်ပြီး ကျောက်မီးသွေး ကြုံးရန် အဆင်း မြေအောက်ပေ ၆၀ မှာရှိတဲ့ လေပိုက် ပေါက်နေတာကို တွေ့ရှိပြီး လေပိုက်ပြန်ဆက်ဖို့အတွက်  လေပိုက်ဟောင်းရှိရာ ကျင်းထဲကို သွားတဲ့အချိန်မှာ အောက်ဆီဂျင်ပြတ်ပြီး သတိလစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ကလေးဝမြို့မရဲစခန်း က ဒုရဲအုပ် အောင်သူဟိန်း က ပြောပါတယ်။

ဒီဖြစ်စဉ် နဲ့ ပတ်သတ်လို့ ကလေးဝမြို့မရဲစခန်း မှာ သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar#ကလေးဝ#ကျောက်မီးသွေးတွင်းလူသေဆုံး#

Related posts

✕
VOM News

FREE
VIEW