ရခိုင်ပြည်နယ်က မြို့ကြီးငါးမြို့မှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ဖို့ရှိ

စစ်တွေ၊ ဒီဇင်ဘာ ၁၅

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မောင်တောမြို့အပါအဝင် ခရိုင်မြို့တွေဖြစ်တဲ့ မြို့ကြီးငါးမြို့မှာ CCTV စောင့်ကြည့်ကင်မရာတွေ တပ်ဆင်သွားမှာဖြစ်ပါတယ်။

အဲဒီမြို့ကြီးတွေမှာ တပ်ဆင်ဖို့အတွက် CCTV ကင်မရာတွေဟာ အဆင်သင့်ရှိနေပြိဖြစ်ပြီး မကြာခင်မှာတပ်ဆင်သွား တော့မှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“CCTV ကင်မရာတွေကို မြို့တွေမှာ တပ်ဆင်နေပါတယ်၊ ရခိုင်ပြည်နယ်အတွင်းက ခရိုင်မြို့တွေဖြစ်တဲ့ မြို့ကြီးတွေမှာလည်း နောက်ထပ်တပ်ဆင်သွားမှာဖြစ်ပါတယ်”ဟု ရဲမှူးကြီးကပြောပါတယ်။

လက်ရှိမှာတော့ ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်နေရာတွေမှာတပ်ဆင်ထားပြီးဖြစ်သလို အဲဒီကင်မရာတွေကို အသုံးပြုနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဒီကနေ့မနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး CCTV ကင်မရာတွေကို တပ်ဆင်ရတာဟာ ပြည်သူ့လုံခြုံရေးအတွက်တပ်ဆင်တာဖြစ်ပြီး ကုန်ကျစရိတ်တွေကိုတော့ တရုတ်နိုင်ငံကုမ္ပဏီတစ်ခုက ကျခံသွားမှာလည်းဖြစ်ပါတယ်။

#voiceofmyanmar# ရခိုင်ပြည်နယ်#မြို့ကြီးငါးမြို့မှာစောင့်ကြည့်ကင်မရာတွေတပ်ဆင်ဖို့ရှိ#

Related posts

Leave a Comment

VOM News

FREE
VIEW