မန္တလေး၊ ဒီဇင်ဘာ ၂၈-၂၀၁၈
လင်းလင်း(VOM)
မန္တလေးမြို့မှာ မူးယစ်ဆေးဝါးတွေနှင့် ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော်ရသကို ဒီဇင်ဘာ(၂၈)ရက် နေ့လည်ပိုင်းက မန္တလေးခရိုင်တရားရုံးကနေ အလုပ်နှင့်ထောင်ဒဏ်(၁၁)နှစ်စီ ချမှတ်မှတ်ခဲ့ပါတယ်။
သြဂုတ်(၁၄)ရက် ညနေ(၃)နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉လမ်းနှင့် လမ်း၅၀ ကြားမှာရှိတဲ့ နန်းထိုက်ပန်ဧည့်ရိပ်မွန်၊ အခန်းအမှတ်(၂၀၃/၂၀၅)မှာ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိခဲ့တဲ့ အဆိုတော် ရသ အပါအ၀င်(၃)ဦးကို ဖမ်းဆီးခဲ့ပြီး (ပ)၁၁/၂၀၁၈၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉ (က) နဲ့ အမှုဖွင့်အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းတို့ကို အောင်ပင်လယ်နယ်မြေရဲစခန်းက ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ သြဂုတ်(၁၅)ရက်နေ့က ပထမအကြိမ် ချုပ်ရမန် နဲ့ စက်တင်ဘာ(၁၀)ရက်နေ့မှာ ဒုတိယအကြိမ် ချုပ်ရမန်များ ရယူစစ်ဆေးခဲ့ပြီး စက်တင်ဘာ(၁၇)ရက်နေ့က ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုတော်ရသ အပါအဝင် အဆိုတော် မခေမီ(ခ)ဗျာတားမီး နှင့် ယာဉ်မောင်းဖြစ်သူ မျိုးတင့်တို့ကို ခရိုင်တရားရုံးမှ တစ်ဦးလျှင် အလုပ်နှင့်ထောင်ဒဏ်(၁၁)စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar#အဆိုတော်ရသ#ထောင်၁၁နှစ်ချမှတ်ခံရ#