ထိုင်းနိုင်ငံ နှစ်သစ်ကူးညမှာ အမျိုးသားတစ်ဦးက မိသားစုဝင်ခြောက်ဦးကို သေနတ်နဲ့ပစ်သတ်

ဗန်ကောက်၊ ဇန်န၀ါရီ ၁-၂၀၁၉
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးညက ပါတီပွဲကျင်းပနေချိန်မှာ ကလေးငယ်နှစ်ဦးအပါအ၀င် မိသားစုဝင်ခြောက်ဦးကို ထိုင်းအမျိုးသားတစ်ဦးက လိုင်စင်နဲ့ ကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ ပစ်သတ်ပြီးနောက် ကိုယ့်ကိုကိုယ်လည်း သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁ ရက်က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်သူ ဆူချီဆွန်ဆောင်ဟာ ချွန်ဖန်ပြည်နယ် တောင်ပိုင်းမှာ ဇနီးသည်ရဲ့ မိသားစုနဲ့ နှစ်သစ်ကူးပွဲပြုလုပ်ခဲ့တာဖြစ်ပြီး ၎င်းကို ဇနီးရဲ့မိသားစုက မကြည်ဖြူတဲ့ ပုံစံနဲ့ ဆက်ဆံခဲ့တာကြောင့် ညသန်းခေါင်ယံရောက်ပြီး ဆယ်မိနစ်အလွန်မှာ ယင်းသို့ အစုလိုက်အပြုံလိုက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

ဆူချီဟာ နှစ်သစ်ကူးပွဲကျင်းပရာနေရရှိ စားပွဲခုံထဲက ၎င်းရဲ့ ပစ္စတိုကိုယူဆောင်ချိန်မှာတော့ အရက်အလွန်အကျွုံသောက်သုံးထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
သေဆုံးသူအားလုံးမှာ ၎င်းရဲ့ မိသားစုဝင်တွေဖြစ်ပြီး ကိုးနှစ်အရွယ် သားဖြစ်သူနဲ့ ခြောက်နှစ်အရွယ်သမီးဖြစ်သူတို့လည်း ပါဝင်တယ်လို့ ဖာတိုခရိုင်ရဲတပ်ဖွဲ့ ဒုဗိုလ်မှူးကြီး လာ့ခန်ပါပန်က ပြောပါတယ်။

ဆူချီဟာ မိသားစုဝင်တွေကို ဦးခေါင်းသို့မဟုတ် ခန္ဒကိုယ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အခြားသေဆုံးသူ လေးဦးမှာ အသက် ၄၇ နှစ်နဲ့ ၇၁ နှစ်အရွယ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ဖြစ်တယ်ဆို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

#voiceofmyanmar#ထိုင်းနိုင်ငံနှစ်သစ်ကူးည#အမျိုးသားတစ်ဦးက#မိသားစုဝင်ခြောက်ဦးကို​သေနတ်နဲ့ပစ်သတ်#
Ref: CNA
Photo : Reuter

Related posts

✕
VOM News

FREE
VIEW