ပင်နယ်တီလုကန်ပြီး ဂိုးမဝင်​​တဲ့ တိုက်စစ်မှူး ကာမာရာကို သတ်ချင်စိတ်ပေါက်ခဲ့ဟု ဖူဟမ်နည်းပြရေနီယာရီဆို

လန်ဒန်၊ ဇန်နဝါရီ ၁-၂၀၁၈
ရန်နိုင်ထွန်း (VOM)

ပင်နယ်တီကန်သွင်းခွင့်ကို အသင်းဖော်ဖြစ်သူ တိုက်စစ်မှူး မီထရိုဗစ်ထံကနေ ဘောလုံးလူယူကန်သွင်းပြီး ဂိုးဝင်အောင် မကန်နိုင်ခဲ့တဲ့ ဖူဟမ်အသင်းတိုက်စစ်မှူး ကာမာရာကို သတ်ချင်စိတ်ပေါက်ခဲ့တယ်လို့ အသင်းနည်းပြ ရေနီယာရီက ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဖူဟမ်အသင်းဟာ ဟတ်ဒါစဖီးလ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲချိန် ၈၂ မိနစ်အထိ သရေရလဒ်ဖြစ်နေချိန် ဖူဟမ်အသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့ရာ ပင်နယ်တီကန်ခွင့်ရရှိထားတဲ့ တိုက်စစ်မှူး မီထရိုဗစ်ထံကနေ ကာမာရာက ဘောလုံးလုယူပြီး ကန်သွင်းရာမှာ ပင်နယ်တီမဝင်ဘဲ ဟတ်ဒါစဖီးလ်အသင်း ဂိုးသမားက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မီထရိုဗစ်ကိုပင်နယ်တီ ပေးကန်ဖို့ ပြောနေတဲ့ကြားက လုကန်သည့် ကာမာရာကို သတ်ပစ်ချင်လောက်အောင်ဒေါသ ဖြစ်ရကြောင်းနဲ့ နည်းပြ၊ အသင်းနဲ့ ပရိတ်သတ်တွေကို စော်ကားလိုက်တာဖြစ်တယ်လို့ ဖူဟမ်နည်းပြ ရေနီယာရီက ပြောဆိုလိုက်ပါတယ်။
အဆိုပါပွဲမှာတော့ တိုက်စစ်မှူး မီထရိုဗစ်ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ နောက်ကျဂိုးနဲ့ ဖူဟမ်အသင်းက ဟတ်ဒါစဖီးလ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပင်နယ်တီသွင်းခွင့်ကို လုယူခံလိုက်ရတဲ့ဖူဟမ်တိုက်စစ်မှူး မီထရိုဗစ်ကတော့ ဒါဟာဖြစ်တတ်တဲ့ သဘောဖြစ်ပြီး ၎င်းအနေဖြင့် ဘယ်လိုမှမခံစားရကြောင်းနဲ့ နှစ်ဦးအကြား ဘာပြသနာမှမရှိဘူးလို့ ဆိုပါတယ်။

#voiceofmyanmar#ဖူဟန်#
Ref : Daily Mail
Photo : Michael Zemanek

Related posts

✕
VOM News

FREE
VIEW