လက်ထပ်မယ့်သူ စိတ်ရှင်းအောင်နေတယ်ဆိုတဲ့ အေးမြတ်သူ

ရန်ကုန် ဇန်န၀ါရီ ၂၇-၂၀၁၉

သင်းသဒ္ဒါ (VOM)

ပရိသတ်အချစ်တော်  မြတ်လေး(ခ)အေးမြတ်သူကတော့ လက်ထပ်မယ့်သူ စိတ်ရှင်းအောင်နေတယ် လို့ ဆိုပါတယ်။

” ယောက္ခမ ဆူလိမ့်မယ်။ အေးမြတ်သူတို့ အသက်အရွယ်ကလေ တအားကြီး မငယ်တော့ဘူး။ ၃၀ ကျော်သွားပြီ။ သဉ္ဇာလေးက ၃၀တောင်မပြည့်သေးဘူး ထင်တယ်။ အများကြီးငယ် တယ်ဆို တော့ အေးမြတ် သူလည်း သဉ္ဇာအရွယ်တုန်းကဆိုးခဲ့တာပဲလေ။ သဉ္ဇာဆိုးနေတယ်လို့ မပြောဘူးနော်။ အေးမြတ်သူက ၃၀ကျော်လာပြီဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်လာတယ်ဆိုတော့ အေးမြတ်သူ လည်း ကိုယ်ယူမယ့် အမျိုးသားရဲ့ စိတ်ရှင်းအောင် ကိုယ်ယူမယ့် အမျိုးသားဘက်ကို ပြန်ကြည့်ရတယ်။ အေး မြတ်သူ တအားကြီးဆိုးဖို့ မရှိပါဘူး။ ဒါကြောင့် အေးမြတ်သူ ဖက်ရှင်ပိုင်းကိုလည်း အရမ်းကြီး မလှုပ်ပါဘူး”လို့ ဆိုပါတယ်။

 

သူမကတော့ လက်ရှိမှာ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ကံစမ်းမဲ ဖွင့်ပွဲတစ်ကို မနေ့ကတက်ရောက် ခဲ့သလို နာဂတိုင်းရင်းသားရိုးရာပွဲသွားခဲ့ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိက နှစ်ဦးနှစ်ဖက်ညှိနှိုင်းနေကြတုန်းပဲလားဆိုတော့ “အေးမြတ်သူတို့ နှစ်ယောက် နားလည်မှု တွေညှိနှိုင်းနေတုန်းပါ။ ပြောရရင်တော့ အဲ့လိုမျိုးကြီးအကောင်အထည် ထုတ်ပြအောင် မရှိသေးပါဘူး။ အေး မြတ် သူက အရမ်းကြီးပြောစရာတွေ မရှိသေးတာပါ။ အလုပ်တွေ ဆက်လုပ် ချင်သေးတယ်။ ၃၅ဆိုတော့ ၃၈ လောက်အထိ အေးမြတ်သူ ကားတွေရိုက်နေချင် သေးတယ်။ အေးမြတ်သူ အတွက်က လက်ထပ်ဖို့ အထိ အဲ့လောက်ကြီးအရေးမကြီးသေးပါဘူး”လို့ ဆိုပါတယ်။

ဓာတ်ပုံ-သင်းသဒ္ဒါ

#voiceofmyanmar#အေးမြတ်သူ

Related posts

Leave a Comment

VOM News

FREE
VIEW