ကင်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲ အချိန်၊နေရာကို လာမယ့်သီတင်းပတ်မှာ ထုတ်ပြန်မယ်လို့ ဒေါ်နယ်ထရန့်ဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁-၂၀၁၉

မျိုးဆက် (VOM)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲအတွက် ညှိနှိုင်းသဘောတူထားတဲ့ အချိန်နဲ့နေရာကို လာမယ့် သီတင်းပတ်မှာ အသေးစိတ်ကြေညာသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်န၀ါရီ ၃၁ ရက်မှာ ပြောပါတယ်။

အသေးစိတ်အချက်အလက်တွေကို ကြေညာဖို့ အလွန်စောနေသေးတယ်လို့ ၎င်းကပြောဆိုပြီး လာမယ့် သီတင်းပတ်တွင် ကြေညာသွားမှာဖြစ်ပြီး ကင်ဂျုံအန်နဲ့  အလွန်တွေ့ဆုံဆွေးနွေးချင်နေတယ်လို့ သမ္မတထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားက နျူကလီးယားစွန့်လွှတ်ရေး စည်းရုံးဖို့ လွန်ခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ ကင်ဂျုံအန်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး အပေါ်ယံဆန်တဲ့ သဘောတူညီချက်တွေသာ ရရှိခဲ့ပါတယ်။

ကင်ဂျုံအန်အနေနဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီးယားစွန့်လွှတ်ရန်အတွက် ခိုင်မာတဲ့ ကတိကဝတ်ကိုပေးဖို့ လုံလောက်တဲ့ လုပ်ဆောင်မှုတွေမရှိဘူးလို့ ထောက်ပြဝေဖန်မှုတွေနဲ့ ဒေါ်နယ်ထရန့် ရင်ဆိုင်နေရပါတယ်။

ကင်ဂျုံအန်ဟာ နျူကလီးယားလက်နက်တွေရဲ့ စွမ်းရည်ကို မြောက်ကိုရီးယားအစိုးရ ရပ်တည်ရေးအတွက် အလွန်အရေးကြီးတယ်လို့ မြောက်ကိုရီးယားတာဝန်ရှိသူတွေက ရှုမြင်ထားတဲ့အတွက် ဖိအားပေးမှုတွေကို အာခံလိမ့်မယ်လို့ အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒန်ကုတ်က ဇန်န၀ါရီ ၂၉ ရက်က ပြောဆိုထားပါတယ်။

 

#voiceofmyanmar#ဝါရှင်တန်#ကင်ဂျုံအန်နဲ့ထိပ်သီးဆွေးနွေးပွဲ#အချိန်၊နေရာလာမယ့်သီတင်းပတ်မှာထုတ်ပြန်မယ်လို့ဒေါ်နယ်ထရန့်ဆို#

Ref: CNA

Photo : AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW