ကလေးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ရင်ချင်းဆက်အမွှာပူးမွေးဖွား

ကလေး –   ဖေဖော်ဝါရီ  ၁- ၂၀၁၉ မိန်းကလေးရင်ခြင်းဆက် အမွှာ နှစ်ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကနေ သိရပါတယ်။ အောင်မင်္ဂလာရပ်ကွက် နယ်မြေ(၃) တွင်နေထိုင်တဲ့ ဦးကျော်ဇေယျရဲ့ဇနီး ဒေါ်သီတာဝင်း အသက်(၂၈) နှစ်ဟာ  ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့ ပြည်သူ့ဆေးရုံမှာ  ၈ပေါင်နဲ့ ၈အောင်စ ရှိတဲ့ ရင်ခြင်းဆက် အမွှာမိန်းကလေး တွေကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။  ကလေး အထူးကုဆရာဝန်ကြီးဒေါက်တာနုနုထွေး က “အခုက စောင့်ကြည့်နေတယ်။ ကျန်းမာရေးကောင်းတယ်ဆိုရင် မန္တလေးဆေးရုံ ကို လွှဲပြောင်းပြီး ခွဲစိတ်မှုတွေ ဆက်လုပ်သွားမှာပါ”လို့ ပြောပါတယ်။ ကလေးမြို့ပြည်သူ့ဆေးရုံကနေ ရင်ချင်းဆက်အမွှာ ကို  ပထမဦးဆုံးအကြိမ် ခွဲစိတ် မွေးဖွားနိုင်ခဲ့တာ ဖြစ်ပြီး မြန်မာတစ်နိုင်လုံးမှာတော့ ရင်ခြင်းဆက် အမွှာ၇ မွှာ ကို…

Read More

နျူကလီးယားအင်အားကြီး ငါးနိုင်ငံဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး

ပေကျင်း၊ ဖေဖော်ဝါရီ-၁-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နဲ့ရုရှားနိုင်ငံတို့အကြား စစ်အေးခေတ်က ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်နျူကလီးယားသဘောတူစာချုပ်နဲ့ ပတ်သက်ပြီး မတင်မကျအခြေအနေဖြစ်ပေါ်နေချိန်မှာ နျူကလီးယားဖျက်သိမ်းရေးနဲ့ပတ်သတ်ပြီး ကမ္ဘာ့နျူကလီးယားအင်အားကြီး ငါးနိုင်ငံအကြားဆွေးနွေးမှုဟာသဘောတူညီချက် တစ်စုံတစ်ရာ မရဘဲ ပြီးဆုံးသွားပါတယ်။ နျူကလီးယားအင်အားကြီး ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံတို့က ကိုယ်စားလှယ်တွေရဲ့ တရုတ်နိုင်ငံ ပေကျင်းမှာပြုလုပ်တဲ့ နျူကလီးယား ဖျက်သိမ်းရေးကို အဓိကထားဆွေးနွေးတဲ့ နှစ်ရက်ကြာဆွေးနွေးပွဲဟာ ဇန်န၀ါရီ ၃၁ ရက်မှာ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရတွေရဲ့ နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ် ဆက်လက်ထိမ်းသိမ်းသွားမှာဖြစ်ပြီး နျူကလီးယားဖျက်သိမ်းရေးကိုတော့ ဆက်လက်ညှိနှိုင်းဆွေးနွေးသွာမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် နျူကလီးယားဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေ အမြင်သဘောထားအမျိုးမျိုးကွဲပြားနေတာကြောင့် ငါးနိုင်ငံ ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှိဘူးလို့ သံတမန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ နျူးကလီးယားအင်အားကြီး ငါးနိုင်ငံရဲ့ ယခင်ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး စစ်တပ်တွေအတွက်…

Read More

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီဌာနချုပ်ကို အစိုးရတပ်မတော် သိမ်းပိုက်တဲ့အပေါ် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြတိုင်ကြားမည်

နန်းယွန်း ဖေဖေါ်ဝါရီ ၁-၂၀၁၉ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်း၊ နန်းယွန်းမြို့နယ်ရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)ဌာနချုပ်ကို နမခလက်အောက်ခံ ခန္တီးအခြေစိုက်ဗျုဟာက ဇန်နဝါရီလ ၂၉ ရက်နေ့က သိမ်းပိုက်ခဲ့တာပါ။ တိုက်ပွဲကြီးငယ်ဖြစ်ပွားတာမျိုးမရှိခဲ့ဘဲ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ဖက်ကနေ တဖက်သတ် ဆုတ်ခွာပေးခဲ့လို့ အသေအပျောက်တစုံတရာမရှိဘူးလို့ သိရပါတယ်။ အခုလို သိမ်းပိုက်တဲ့လုပ်ရပ်အပေါ်မှာတော့ ဒေသခံပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တို့ကို တင်ပြသွားမှာဖြစ်သလို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း နာဂဒေသဦးစီးအဖွဲ့ကတဆင့် တင်ပြသွားမယ်လို့  ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝမ်းစိန်က ပြောပါတယ်။ “ပြည်ထောင်စုမှာ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးရယ်၊ နောက် နိုင်ငံတော်ကာကွယ်ရေး စစ်ဦးစီးချုပ်ဆီရယ် တင်ပြဖို့ ရှိပါတယ်။ မေတ္တာရပ်ခံဖို့ပေါ့။ NSCN စခန်းမှာ ဒီလို ဖြစ်နေတာကို လူထုအတွက်ရော NSCN ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းမှုအပေါ်မှာ ဦးတည်နေတဲ့အတွက်ရော သနားငဲ့ညှာပြီးတော့မှ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ပေါ့။ အဲလို…

Read More

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်တဲ့ ကရင်နီလူငယ် ၂၀ အမှုဖွင့်ခံရ

လွိုင်ကော်၊ ဖေဖေါ်ဝါရီ ၁-၂၀၁၉ ဟိန်းကို(VOM) ကယားပြည်နယ် လွိုင်ကော်မြို့က ကန္ဒာဟေဝန်ပန်းခြံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားမှာကို ကန့်ကွက်နေတဲ့ ကရင်နီလူငယ် ၂၀ဦးဟာ ဒီကနေ့ နေ့လည်ပိုင်းက ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)နဲ့ သက်ဆိုင်ရာက တရားစွဲဆိုတာကို ခံလိုက်ရပါတယ်။ “ကျနော်တို့ ခု တရားရုံးကိုရောက်နေတယ်၊ လက်ရှိ ပုဒ်မ(၁၉)နဲ့ တရားစွဲခံထားရတာ အယောက်၂၀ရှိပါပြီ၊ ကျွန်တော်တို့က ဆက်လက်ဆန့်ကျင့်သွားမယ်၊ ဆန္ဒထုတ်ဖော်တာ ကန့်ကွက်တာတွေ ဆက်လုပ်သွားမယ်၊ တခြားနိုင်ငံရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးမှ သဘောထားတွေထုတ်ပြန်နိုင်အောင် ကျနော်တို့တွေဆက်လုပ်သွားပါမယ်” လို့ တရားရုံးမှာ ရောက်နေတဲ့ ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဒီးဒီ(ခ)စစ်မုန်း က ပြောပါတယ်။ အရင်ကတည်းက ကန့်ကွက်လို့ အစီအစဉ် ရပ်ဆိုင်းသလို ဖြစ်နေရာက ၂၀၁၉ ဇန်နဝါရီ(၂၉)ရက်နေ့ ညနေပိုင်မှာ ကန္ဒာဟေဝန်ပန်းခြံထဲကို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လာထားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေသခံတွေဆန္ဒကို ဆန့်ကျင်လို့ဆိုပြီး ဇန်နဝါရီ(၃၁)ရက်နေ့မှာ ကရင်နီလူငယ်တွေက လာရောက်ကန့်ကွက်ခဲ့ပြီး ထိုင်သပိတ်ပြုလုပ်ခဲ့တာပါ။ ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဒီးဒီ(ခ)စစ်မုန်း…

Read More

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ချင်ရင် ပြည်သူလူထု ထောက်ခံမှုရအောင် သင်ယူရတာလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော်- ဖေဖော်ဝါရီ ၁- ၂၀၁၉ ဒီပ(နေပြည်တော် VOM) ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အစိုးရသစ်လက်ထက် လွှတ်တော်(၃)ပြည့် အခမ်းအနားမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ လွှတ်တော်ထဲဝင်ချင်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့အတူ ဥပဒေနဲ့ကိုက်ညီတဲ့ နည်းလမ်းများနဲ့ တစ်ယောက်ချင်းဆီက သင်ယူရတာဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။ “လွှတ်တော်ထဲကိုဝင်ချင်လို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ချင်လို့ရှိရင် ပြည်သူလူထုရဲ့ ထောက်ခံမှုရအောင်ယူရမယ် ဥပဒေနဲ့ကိုက်ညီတဲ့နည်းတွေနဲ့ ဘယ်လိုပြည်သူတွေရဲ့ ထောက်ခံမှုရအောင် ယူရမယ်ဆိုတာ လွှတ်တော်ကို အကြောင်းပြုပြီးတော့ ကိုယ်စားလှယ်လောင်းများဟာ တစ်ဦးချင်း တစ်ဦးချင်း သင်ယူရတာဖြစ်ပါတယ်” လို့ အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ထပ်မံပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ်ကတဆင့် ပိုပြီးတော့ ကြီးမာတဲ့ရာထူးတွေကို မျှော်မှန်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါကြောင်း ဒါပေမယ့် တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်လောက် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာဟာ ဒီမိုကရေစီစနစ်မှာ မရှိနိုင်ပါဘူးလို့…

Read More

လိပ်ပြာစံအိမ်ဇာတ်ကားကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသသွားမည်

  ရန်ကုန် ဖေဖော်ဝါရီ ၁ -၂၀၁၉ သင်းသဒ္ဒါ (VOM)   ထိုင်းဒါရိုက်တာ Chartchai Ketnust က ရန်ကုန်၊ ရေနံချောင်းမြို့နယ် အပြင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မှာပါ ရိုက်ကူးခဲ့တဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ပြသသွားမယ်လို့ သိရပါတယ်။ အဆိုပါဇာတ်ကားကို ထိုင်း၊စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖီလစ်ပိုင် ၊ ဂျပန် ၊ အင်ဒိုနီးရှား ၊ ဟောင်ကောင် ၊မလေးရှား ၊ဘရူနိုင်း ၊ထိုင်ဝမ် ၊ ဗီဟယက်နမ် ၊လာအို ၊ အိန္ဒိယ စတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာလည်း ပြသသွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်မှာတော့ မြန်မာပြည်နဲ့ စင်ကာပူမှာ တပြိုင်တည်း ရုံတင်မှာပါလို့သိရပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရလောက နဲ့ သတ္တလောကအကြားရှိနေတဲ့…

Read More

ကင်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပွဲ အချိန်၊နေရာကို လာမယ့်သီတင်းပတ်မှာ ထုတ်ပြန်မယ်လို့ ဒေါ်နယ်ထရန့်ဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲအတွက် ညှိနှိုင်းသဘောတူထားတဲ့ အချိန်နဲ့နေရာကို လာမယ့် သီတင်းပတ်မှာ အသေးစိတ်ကြေညာသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်န၀ါရီ ၃၁ ရက်မှာ ပြောပါတယ်။ အသေးစိတ်အချက်အလက်တွေကို ကြေညာဖို့ အလွန်စောနေသေးတယ်လို့ ၎င်းကပြောဆိုပြီး လာမယ့် သီတင်းပတ်တွင် ကြေညာသွားမှာဖြစ်ပြီး ကင်ဂျုံအန်နဲ့  အလွန်တွေ့ဆုံဆွေးနွေးချင်နေတယ်လို့ သမ္မတထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားက နျူကလီးယားစွန့်လွှတ်ရေး စည်းရုံးဖို့ လွန်ခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ ကင်ဂျုံအန်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး အပေါ်ယံဆန်တဲ့ သဘောတူညီချက်တွေသာ ရရှိခဲ့ပါတယ်။ ကင်ဂျုံအန်အနေနဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီးယားစွန့်လွှတ်ရန်အတွက် ခိုင်မာတဲ့ ကတိကဝတ်ကိုပေးဖို့ လုံလောက်တဲ့ လုပ်ဆောင်မှုတွေမရှိဘူးလို့ ထောက်ပြဝေဖန်မှုတွေနဲ့ ဒေါ်နယ်ထရန့် ရင်ဆိုင်နေရပါတယ်။ ကင်ဂျုံအန်ဟာ နျူကလီးယားလက်နက်တွေရဲ့…

Read More

ဖေဖေါ်ဝါရီလအတွက် ဆရာဦးမင်းသိန်း၏ ဗေဒင်ဟောစာတမ်း

တနင်္ဂနွေ တနင်္ဂနွေနေ့ဖွားသားသမီးတို့သည် ဤလသည် ရိုးရိုးကျင့် မြင့်မြင့်ကြံလုပ်ကိုင်နေထိုင်ပါက အကြံအစည် ရည်ရွယ်ချက်များအောင်မြင်အံ့။ အင်္ဂါနေ့၊ ကြာသပတေးနေ့ဖွားသူတို့နှင့် အကျိုးပေးကောင်းအံ့။ အချစ်ရေး၊ လူမှုရေး၊ ရှုပ်ထွေးမှုများကို အသိ၊ သတိဖြင့်ရှောင်ရှားနိုင်လျှင် ကံကောင်းနိုင်အံ့။ အိမ်ထောင်ရေးတွင် အမျိုးသမီးများအဖို့ ပိုမို ကံကောင်းနိုင်အံ့။ ပညာနှင့် ပတ်သက်သောလုပ်ငန်း၊အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေးတို့နှင့် အကျိုးပေးကောင်းအံ့။ ကျန်းမာရေး စောင့်ရှောင်မှုကောင်းခြင်းကြောင့် နှလုံး၊ အသည်း၊ ဝေဒနာတို့မှ သက်သာအံ့။ ကြီးကဲသူတို့က မိမိ၏သစ္စာရှိမှုနှင့် သတ္တိရှိရှိလုပ်ကိုင်မှုကြောင့် မိမိအားကူညီစောင့်ရှောက်အံ့။ စစ်မှန်သော နှလုံးသားရေးရာ ကိစ္စများကြုံတွေ့ရအံ့၊ လုပ်ငန်းစီးပွားတိုးတက်ပါမည်။ (ယတြာ။အနောက်တောင်အရပ်မျက်နှာမူပြီး သောကြာနံဘုရားတွင် မေမြို့ပန်းကပ်လှူပါ။)   တနင်္လာ တနင်္လာနေ့ဖွားသားသမီးတို့သည် ဤလတွင် အတိုက်အခံ၊ အနှောက်အယှက်များကို စိတ်စေတနာကောင်းဖြင့် အဖြေရှာ ၊ဖြေရှင်းနိုင်လျှင် ယှဉ်ပြိုင်လာသမျှအောင်မြင်အံ့။ အကြွားမဖက်ဘဲ ကတိတည်ပြီး လုံ့လ ဝီရိယဖြင့် လုပ်ငန်းကိစ္စများကို…

Read More

မြန်မာဂန္ထ၀င်အဆိုတော်ကြီးဖြစ်တဲ့ ဦးမင်းနောင် ကွယ်လွန်

ရန်ကုန် ဖေဖော်ဝါရီ ၂ -၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာဂန္ထ၀င်အဆိုတော်ကြီး စည်သူဘွဲ့ရ ဦးမင်းနောင် (ကိုမင်းနောင်)  အသက် ၈၈ နှစ်ဟာ  ၉၆ ပါးရောဂါနဲ့  ဇန်န၀ါရီ ၃၁ ရက် ညနေ ၅နာရီ ၄၅ မိနစ်က  ရန်ကုန်မြို့  အာရှတော်ဝင်ဆေးရုံ ၇ လွှာ၊ အခန်းနံပါတ် ၁၇ မှာတော့ ကွယ်လွန်ခဲ့ပါတယ်လို့  သိရပါတယ်။ ”အန်တီတို့ရဲ့ အစ်ကိုလို ဖခင်လိုဖြစ်နေတဲ့ လေးစား ခဲ့ရတဲ့ ဦးမင်းနောင်ပါ။ ဂန္တဝင်အဆိုတော် စည်သူဘွဲ့ထားတဲ့ စည်သူဦးမင်းနောင်လို့လည်းခေါ်လို့ ရပါတယ်။ ဒီအစ်ကို အစ်မတွေရဲ့ အရိပ်အောက်မှာ အန်တီလဲ့တို့ကြီးပြင်းခဲ့တာပါ။ကိုယ့်တွေ ကလေးဘဝမှာ သူတို့က နိုင်ငံကျော်အဆိုတော်ကြီးတွေဖြစ်နေပါပြီ။ အစ်ကိုကအသက် ၂၀ နှစ်အရွယ်လောက်က တေးသီချင်းတွေကိုဆိုခဲ့တာပါ။ ဥပမာ သီချင်းဆိုဖို့သွားတာပဲဖြစ်ဖြစ် ဘယ်သွားသွားမခွဲကြဘူးပေါ့။ နှစ်အိမ်တစ်အိမ်လို နေတာပါ။ မနေ့က ညပိုင်းက ထမင်းစားပြီးတော့…

Read More
VOM News

FREE
VIEW