လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ချင်ရင် ပြည်သူလူထု ထောက်ခံမှုရအောင် သင်ယူရတာလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော်- ဖေဖော်ဝါရီ ၁- ၂၀၁၉

ဒီပ(နေပြည်တော် VOM)

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အစိုးရသစ်လက်ထက် လွှတ်တော်(၃)ပြည့် အခမ်းအနားမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ လွှတ်တော်ထဲဝင်ချင်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့အတူ ဥပဒေနဲ့ကိုက်ညီတဲ့ နည်းလမ်းများနဲ့ တစ်ယောက်ချင်းဆီက သင်ယူရတာဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“လွှတ်တော်ထဲကိုဝင်ချင်လို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ချင်လို့ရှိရင် ပြည်သူလူထုရဲ့ ထောက်ခံမှုရအောင်ယူရမယ် ဥပဒေနဲ့ကိုက်ညီတဲ့နည်းတွေနဲ့ ဘယ်လိုပြည်သူတွေရဲ့ ထောက်ခံမှုရအောင် ယူရမယ်ဆိုတာ လွှတ်တော်ကို အကြောင်းပြုပြီးတော့ ကိုယ်စားလှယ်လောင်းများဟာ တစ်ဦးချင်း တစ်ဦးချင်း သင်ယူရတာဖြစ်ပါတယ်” လို့ အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထပ်မံပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ်ကတဆင့် ပိုပြီးတော့ ကြီးမာတဲ့ရာထူးတွေကို မျှော်မှန်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါကြောင်း ဒါပေမယ့် တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်လောက် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာဟာ ဒီမိုကရေစီစနစ်မှာ မရှိနိုင်ပါဘူးလို့ ပြောကြားခဲ့တဲ့အပြင်  တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ်ဟာ ပြည်သူလူထုကို အကျိုးပြုသလို ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ပြည်သူလူထုအတွက် တစ်ချိန်လုံး စဉ်းစားပေးနေရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

“အကယ်၍ ကိုယ့်အမြင်က မမှန်ဘူးဆိုရင် ပြောင်းရဲတဲ့သတ္တိရှိရမယ် ကိုယ့်အမြင်က မှန်တယ်ဆိုရင် ရပ်တည်ရဲတဲ့ သတ္တိရှိရမယ် ဘယ်သူပဲဝေဖန်ဝေဖန် ဘယ်သူပဲတိုက်ခိုက် ကိုယ်တကယ်ပဲ မှန်မှန်ကန်ကန် နိုင်ငံ့အကျိုးအတွက် လုပ်နေတယ်ဆိုရင်တော့ ရပ်တည်ရဲတဲ့ သတ္တိရှိရပါလိမ့်မယ် ဒါပေမယ့် ကိုယ့်ရဲ့ရပ်တည်ချက်ဟာ တကယ်တော့ နိုင်ငံကို အကျိုးမပြုဘူးဆိုရင်တော့ ပြောင်လဲရဲတဲ့ သတ္တိရှိသလို ပြောင်းလဲတတ်တဲ့ ပညာလည်း ရှိဖို့လိုပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ လွှတ်တော်သက်တမ်း (၃)နှစ်ပြည့် အခမ်းအနားကိုတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအ၀င် ဒုတိယသမ္မတများ လွှတ်တော်ဥက္ကဋ္ဌများနဲ့ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW