အမေရိကန်မှာ ပြင်းထန်တဲ့ အအေးလှိုင်းကျရောက်မှုကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်အနောက်အလယ်ပိုင်းဒေသတွေမှာ ဆယ်စုနှစ်များစွာအတွင်း ဆိုးရွားပြင်းထန်တဲ့ အအေးလှိုင်းတွေ ကျရောက်နေတာကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိလာပြီဖြစ်ပါတယ်။ အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ရှိသော လူပေါင်း သန်းကိုဆယ်ခန့်ဟာ အပူချိန် အနှုတ်၁၇ဒီဂရီစင်တီဂရိတ် သို့မဟုတ် ယင်းအပူချိန်ထက်လျော့ကျတဲ့ အခြေအနေမှာ နေထိုင်နေရပါတယ်။ အမေရိကန်နိုင်ငံသား သန်း၂၅၀ခန့်ကတော့ ဝန်ရိုးစွန်းနဲ့ နီးတဲ့ ဒေသများ၏ အေးလွန်းတဲ့ ရာသီဥတုအတွေ့အကြုံကို ရှိထားပြီးသားဖြစ်ပါတယ်။ အလွန်အေးတဲ့ ရာသီဥတုအခြေအနေကြောင့် နိုင်ငံတစ်ဝန်း အချို့သော နယ်မြေတွေမှာ သွားလာမှုကို ဟန့်တားထားချိန်မှာ  ဆေးရုံတွေမှာတော့ အအေးလွန်ကဲမှုကြောင့်ဖြစ်ပေါ်သော အနာရောဂါတွေကို ကုသပေးနေရပါတယ်။ အပူချိန်ဟာ ယခုသီတင်းပတ်ကုန်ကျော်လွန်သည်တိုင်အောင် အပြောင်းအလဲ ဖြစ်ပေါ်နေအုံးမယ်လို့ မျှော်မှန်းရပါတယ်။  ရာသီဥတုဆိုးရွားမှုကြောင့် အထူးသဖြင့် အိမ်ယာမဲ့တွေ ဒုက္ခရောက်ကြရပြီး မြို့တွေအနီးတစ်ဝိုက်မှာ နွေးထွေးတဲ့ ယာယီရွက်ဖျင်တဲတွေကို ဖန်တီးပေးထားရပါတယ်။ ချီကာဂိုဆေးရုံမှာတော့ အအေးလွန်ကဲမှုကြောင့် ဖြစ်တဲ့ ရောဂါ…

Read More

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းလူမျိုးထဲက ချီးကျူးထိုက်တဲ့ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရ

ရန်ကုန် ဖေဖော်ဝါရီ ၂-၂၀၁၉ မိုင်ချယ်ရီ(VOM) ၂၀၁၈ ခုနှစ် ရဲ့ ချင်းလူမျိုးထဲက ချီးကျူးထိုက်တဲ့ပုဂ္ဂိုလ်(2018 Chin Person of the Year) အဖြစ်  ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ကို ချင်းမျိုးနွယ်စုလူမှုရေးအသင်း (၁၉) သင်း စုပေါင်း ပါဝင်ဖွဲ့စည်းထားတဲ့ ချင်းလူမှုရေးအသင်း (ရန်ကုန်)က ရွေးချယ်လိုက်ပါတယ်။ “ သူက ချင်းလူမျိုးများကနေပြီးမှ ဒီလိုမျိုးခေါင်းဆောင် ဒုသမ္မတအဆင့်ထိ ရောက်တာ တစ်ယောက်မှ မရှိသေးပါဘူး၊ သူက ပထမအကြိမ်လဲ ဖြစ်တယ်၊ ချင်းလူမျိုးတွေ အားလုံးအတွက် တကယ့် မွန်မြတ်စရာတစ်ခု ဖြစ်သလို ဒီလိုမျိုးနေရာ ရသွားတော့ ချင်းလူမျိုးတွေ အားလုံးအတွက် အမှန်တကယ် ဂုဏ်ယူစရာ ဖြစ်တာပေါ့” လို့ ချင်းလူမှုရေးအသင်း(ရန်ကုန်) ဥက္ကဌ ဦးပီတာငွန်ဇာကျုံး က ပြောပါတယ်။ ဒီလိုရွေးချယ်ဖို့အတွက် အသင်း (၁၉)သင်းကို လွှမ်းခြုံတဲ့ ဗဟိုအဖွဲ့ဝင်တွေထဲက အဖွဲ့ဝင်…

Read More

လူ ၃၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဘရာဇီးဆည် ကျိုးကျတဲ့ ရုပ်သံမှတ်တမ်းထွက်ပေါ်

ဘရာဆီးလီးယား၊ ဖေဖော်ဝါရီ-၂ မျိုးဆက် (VOM) ဘရာဇီးနိုင်ငံတောင်ပိုင်းရှိ သံသတ္တုမိုင်းတွင်းတစ်ခုမှာ အသုံးပြုတဲ့ ဆည်ကျိုးမှုဖြစ်ပေါ်ခဲ့တဲ့ ထိတ်လန့်ဖွယ်  ရုပ်သံမှတ်တမ်းထွက်ပေါ်လာပြီး ဆည်ကျိုးကျတာကြောင့်  လူပေါင်း ၃၀၀ကျော်သေဆုံးခဲ့ရပါတယ်။ အဆိုပါ ရုပ်သံမှတ်တမ်းကို  Bandeirantes ရုပ်သံလိုင်းက ဖမ်းယူထားခြင်းဖြစ်ပြီး မီနာဂျရွိုက်စ်ပြည်နယ်၊ ဘရူမာဒင်ဟို ဒေသရှိ သတ္တုတွင်းကုမ္ပဏီသက်သာဆိုင်နဲ့  အနီးဝန်းကျင်ရှိ အဆောက်အဦတွေအပေါ် ရွှံ့တွေပြိုဆင်းလာပုံကို ဖော်ပြထားပါတယ်။ အဆိုပါမိုင်းတွင်းဟာ Vale SA သတ္တုတူးဖော်ရေးကုမ္ပဏီပိုင်ဖြစ်ပါတယ်။ ထိုသို့သောဖြစ်ရပ်မျိုးဟာ သုံးနှစ်အတွင်း အဆိုပါ ကုမ္ပဏီပိုင်မိုင်းတွင်းတွေထဲမှာ ဒုတိယအကြိမ် မတော်တဆမှုဖြစ်ပါတယ်။ ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူငါးဦးဖမ်းဆီးခံထားရပြီး သုံးဦးမှာ ကုမ္ပဏီအရာရှိတွေဖြစ်တယ်လို့  ဘရာဇီးအစိုးရ ရှေ့နေတွေက ပြောပါတယ်။ #voiceofmyanmar#လူ၃၀၀ကျော်သေဆုံးခဲ့ရတဲ့#ဘရာဇီးဆည်ကျိုးကျတဲ့ရုပ်သံမှတ်တမ်းထွက်ပေါ်# Ref: BBC   Video : R

Read More

ခြောက်လအတွင်း နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်နှုတ်ထွက်တော့မည်

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၂-၂၀၁၉ မျိုးဆက်(VOM) ၁၉၈၇ ခုနှစ်က  ချုပ်ဆိုခဲ့သည့် တာလတ်ပစ်နျူကလီးယား စာချုပ်ပါစည်းမျဉ်းတွေအပေါ် ချိုးဖောက်နေတာကို ရုရှားနိုင်ငံက မရပ်တန့်ဘူးဆိုရင်  အဆိုပါသဘောတူစာချုပ်ကနေ နှုတ်ထွက်သွားမယ်လို့  အမေရိကန်က ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ စာချုပ်ကို ဖောက်ဖျက်တာမရှိဘူးလို့  ငြင်းဆိုထားတဲ့ ရုရှားအနေနဲ့ ဥရောပမှာ မြေပြင်အခြေစိုက် တာတိုနဲ့ တာလတ်ပစ်ဒုံးပျံစခန်းများ ထားရှိတာကို နှစ်နိုင်ငံလုံးက တားမြစ်ပိတ်ပင်ထားတဲ့ သဘောတူညီချက်အပါအ၀င် စည်းမျဉ်းတွေကို လိုက်နာခဲ့ပါက စာချုပ်ကနေ နှုတ်ထွက်တာကို ပြန်စဉ်းစားမယ်လို့ ဆိုပါတယ်။ အမေရိကန်အနေနဲ့  ဖေဖော်ဝါရီ ၂ ရက်နေ့ကစကာ စာချုပ်ပါအချက်အလက်တွေကို လိုက်နာနေတာကနေ ကိုယ်တိုင်ရပ်စဲမှာဖြစ်ပြီး  စာချူပ်မှနှုတ်ထွက်ရတဲ့ ရည်ရွယ်ချက်ကို ရုရှားသို့အသိပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။ အမေရိကန်က ဒီလိုလုပ်ဆောင်မှုဟာ ခြောက်လအတွင်း စာချုပ်ပါစည်းကမ်းတွေကို ပြန်လည်လိုက်နာဖို့ ရုရှားနိုင်ငံအပေါ် ဖိအားပေးဖို့ ရည်ရွယ်ခြင်းဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမယ့် စာချုပ်ကနေ…

Read More

ဖျော်ဖြေရေးကဏ္ဍ အထူးချွန်ဆုံးဆုကို အိန္ဒြာကျော်ဇင်ရရှိ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂-၂၀၁၉ TGH (VOM) မြန်မာနိုင်ငံရဲ့ Entertainment  ဖျော်ဖြေကေဏ္ဍမှာ အထူးချွန်ဆုံးသူအဖြစ်  ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်က ရရှိခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ၂၀၁၄ခုနှစ်က မျက်နှာများတဲ့ကောင်းကင် ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မ့ာရုပ်ရှင်အကယ်ဒမီဆုရရှိသူတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာလည်း ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပါတယ်။ ဆုရရှိတာနဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က “ဒီဆုကိုရတဲ့အတွက် အရမ်းဝမ်းသာတယ်၊ဂုဏ်လည်းယူတယ်၊အားလုံးကိုလည်းကျေးဇူးတင်ပါတယ်၊နောက်ပြီးဒီဆုကိုရတဲ့အတွက် တာဝန်လည်းကြီးသွားတယ်လို့ ထင်မိပါတယ်၊မြန်မာနိုင်ငံအတွက် ကျွန်မအကောင်းဆုံး ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကျွန်မ ပံ့ပိုးနိုင်သလောက် ကြိုးစားသွားပါမယ်”လို့  ပြောပါတယ်။ ဒါ့အပြင် ဘက်စုံထူးချွန်လှတဲ့ အိန္ဒြာကျော်ဇင်က အလှအပနဲ့ဆိုင်တဲ့ ဆုတွေလည်းရရှိထားသူဖြစ်ပြီး ပရိတ်သတ်များမှ လေးစားအားကျအတုယူရတဲ့စံပြအမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။ မြန်မာကို ကမ္ဘာကသိအောင် ထူးချွန်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ” ကမ္ဘာကသိတဲ့ မြန်မာပြည်ဖွား ဖျော်ဖြေရေးကဏ္ဍ အထူးချွန်ဆုံးဆု”ကို ရရှိရထိုက်သူ ၊ဂုဏ်ပြုထိုက်သူအဖြစ်  Pride of myanmar ရဲ့ ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ Pride…

Read More
VOM News

FREE
VIEW