ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၂-၂၀၁၉
မျိုးဆက်(VOM)
၁၉၈၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် တာလတ်ပစ်နျူကလီးယား စာချုပ်ပါစည်းမျဉ်းတွေအပေါ် ချိုးဖောက်နေတာကို ရုရှားနိုင်ငံက မရပ်တန့်ဘူးဆိုရင် အဆိုပါသဘောတူစာချုပ်ကနေ နှုတ်ထွက်သွားမယ်လို့ အမေရိကန်က ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စာချုပ်ကို ဖောက်ဖျက်တာမရှိဘူးလို့ ငြင်းဆိုထားတဲ့ ရုရှားအနေနဲ့ ဥရောပမှာ မြေပြင်အခြေစိုက် တာတိုနဲ့ တာလတ်ပစ်ဒုံးပျံစခန်းများ ထားရှိတာကို နှစ်နိုင်ငံလုံးက တားမြစ်ပိတ်ပင်ထားတဲ့ သဘောတူညီချက်အပါအ၀င် စည်းမျဉ်းတွေကို လိုက်နာခဲ့ပါက စာချုပ်ကနေ နှုတ်ထွက်တာကို ပြန်စဉ်းစားမယ်လို့ ဆိုပါတယ်။
အမေရိကန်အနေနဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကစကာ စာချုပ်ပါအချက်အလက်တွေကို လိုက်နာနေတာကနေ ကိုယ်တိုင်ရပ်စဲမှာဖြစ်ပြီး စာချူပ်မှနှုတ်ထွက်ရတဲ့ ရည်ရွယ်ချက်ကို ရုရှားသို့အသိပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။
အမေရိကန်က ဒီလိုလုပ်ဆောင်မှုဟာ ခြောက်လအတွင်း စာချုပ်ပါစည်းကမ်းတွေကို ပြန်လည်လိုက်နာဖို့ ရုရှားနိုင်ငံအပေါ် ဖိအားပေးဖို့ ရည်ရွယ်ခြင်းဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမယ့် စာချုပ်ကနေ နှုတ်ထွက်လိုက်တာကြောင့် အာရှမှာ အမေရိကန်နဲ့တရုတ်နိုင်ငံအကြား တင်းမာမှုတွေကဲ့သို့ ဥရောပမှာလည်း အမေရိကန်-ရုရှား လက်နက်ပြိုင်ဆိုင်မှု ထပ်မံဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
တကယ်လို့ ခြောက်လအတွင်း ရုရှားနိုင်ငံက စာချုပ်ကို အပြည့်အ၀လိုက်နာတယ်ဆိုတာကို သက်သေပြခြင်းမရှိရင် ၎င်း၏ ဒုံးပျံ၊ လောင်ချာနဲ့ ဆက်စပ်ပစ္စည်းကိရိယာများက တာလတ်ပစ်နျူကလီးယား သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုတာ သက်သေပြခြင်းဖြစ်ပြီး စာချုပ်အဆုံးသတ်သွားမှာဖြစ်ကြောင်း မိုက်ပွန်ပီယိုက သတင်းထောက်တွေကို ပြောပါတယ်။
#voiceofmyanmar#ဝါရှင်တန်#ခြောက်လအတွင်းနျူကလီးယားသဘောတူစာချုပ်မှအမေရိကန်နှုတ်ထွက်တော့မည်#
Ref & Photo : Reute