အစ္စရေးနိုင်ငံအထိ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးပျံကို အီရန်ကအောင်မြင်စွာ စမ်းသပ်နိုင်ပြီဟုဆို

တီဟီရန်၊ ဖေဖော်ဝါရီ ၃-၂၁၀၉

မျိုးဆက် (VOM)

အစ္စရေးနိုင်ငံအထိ ပစ်လွှတ်နိုင်ပြီး မိုင် ၈၀၀ ကျော်အထိ ခရီးရောက်နိုင်တဲ့ ခရုဇ်ဒုံးပျံကို အီရန်တော်လှန်ရေး နှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အီရန်ကပြောပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့ ကန့်ကွက်မှုတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေကို မထီမဲ့မြင်ပြုပြီး အထူးသဖြင့် တိုက်ချင်းပစ် ဒုံးပျံတွေကို စမ်းသပ်မှုတွေကို ချဲ့ထွင်လုပ်ဆောင် နေတာဖြစ်ပါတယ်။ဒါပေမယ့် ၎င်းရဲ့ ဒုံးပျံအစီအစဉ်တွေဟာ နိုင်ငံကာကွယ်ရေးအတွက်သာဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။

အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးပျံအစီအစဉ်ကို ထိန်းချုပ်ဖို့အတွက် ဥရောပနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေဟာ လက်ရှိကန့်သတ်ထားတာထက်ကျော်လွန်ပြီး လက်နက်တွေကို ချဲ့ထွင်လုပ်ဆောင်ဖို့ လှုံ့ဆော်သလိုဖြစ်လာနိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ထိပ်တန်းတပ်မှူးတစ်ဦးက ပြောပါတယ်။

အဆိုပါ ဒုံးပျံကို မိုင်၈၄၀ အထိ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့တယ်လို့ အီရန် ကာကွယ်ရေးဝန်ကြီးက ရုပ်မြင်သံကြားမှတစ်ဆင့်ပြောပါတယ်။ ယင်းဒုံးပျံစမ်းသပ်နိုင်ခဲ့တာက မိမိကိုယ်ကိုကိုယ်ယုံကြည်မှုရဲ့ သင်္ကေတဖြစ်ပြီး ကမ္ဘာပေါ်က လက်ရှိနည်းပညာတိုးတက်မှုဆိုင်ရာအပေါ် အခြေခံပြီးအရေးပါတဲ့ ကာကွယ်ရေးဆိုင်ရာ အောင်မြင်မှုဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

တာဝေးပစ်ဒုံးပျံတွေနဲပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေပေမယ့် အီရန်ဟာ ၎င်းရဲ့လက်နက်တွေရဲ့ ပစ်ခတ်နိုင်တဲ့ စွမ်းအားကို မကြာခဏဆိုသလို ချဲ့ထွင်လုပ်ဆောင်နေတယ်လို့ အနောက်တိုင်းကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။

#voiceofmyanmar#အစ္စရေးနိုင်ငံအထိပစ်ခတ်နိုင်တဲ့ခရုဇ်ဒုံးပျံကို#အီရန်ကအောင်မြင်စွာစမ်းသပ်နိုင်ပြီဟုဆို#

Ref : Reuter/ UPI

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW