အချစ်ရေးကြောင့် တိုက်ပေါ်က ခုန်ချခဲ့တယ်ဆိုတာကို ဖြေရှင်းလိုက်တဲ့ ခြူးလေး

ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉

သင်းသဒ္ဒါ (VOM)

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ သရုပ်ဆောင် ခြူးလေးကတော့ အချစ်ရေးကြောင့် တိုက်ပေါ်ကခုန် ချခဲ့တယ်ဆိုတဲ့ အွန်လိုင်းမှာတက်နေတဲ့သတင်းနဲ့ ပတ်သက်ပြီးတော့ အမှန်တကယ်မဟုတ်ဘဲ  ကောလဟာလလို့ဆိုပါတယ်။

”အွန်လိုင်းမှာက ဟုတ်တာရော မဟုတ်တာတွေရော တက်နေတာပါ။ ခြူးလေးက အရမ်းဒေါသကြီးတဲ့လူတစ် ယောက်ပါ၊ ကောလဟလနဲ့ ကြုံရရင် စိတ်ကို လျော့ပြီးနေပါတယ်။ ဒေါသကြီးရင် အမှားပါတတ်တယ်။ တကယ်တမ်းကောလဟလဆိုတာ ဟုတ်တာရော မဟုတ်တာပါ တတ်တယ်။ ဟုတ်ရင်လည်း ပုံကြီးချဲ့တတ်တာမျိုး ၊မဟုတ်ရင်လည်း ဟုတ်သယောင် လုပ်တတ်တာမျိုး ဆိုတော့လေ အဲဒီမှာမှ ကိုယ်က ဒေါသရှေ့ထားလိုက်မယ်ဆိုရင် ကိုယ့်အမှားပါ ပါသွားပြီး ဖြေရှင်းတာမဖြစ်တော့ဘဲ ထပ်အဖွခံရတာမျိုး ဖြစ်သွားနိုင်တယ်လေ။ အဲဒါကြောင့် ဘယ်သူကိုမှ မထိခိုက်ဘဲ အကောင်းဆုံးဖြစ်စေနိုင်မယ့် နည်းလမ်းကိုပဲ စိတ်အေးအေးထားပြီး ဖြေရှင်း တယ်။ အနုပညာလောကထဲမှာ ကောလဟလ ဆိုတာ ဘယ်သူမဆိုကြုံတွေ့နေရမှာပါပဲ”လို့ဆိုပါတယ်။

သူမကတော့ ”ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲရိုက်ကူးနေပါတယ်နေသလို နယ်ပရိသတ်တွေနဲ့ နီးစပ်မှုပိုရှိအောင်လို့ သီချင်းဆိုဖြစ်နေတယ်လို့ သိရပါတယ်။ ဒါအပြင် MTV ရိုက်ဖို့ ကမ်းလှမ်းထားတာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

လက်ရှိဘဝအပေါ် ခြူးလေးက ”လက်ရှိအနေအထားအပေါ် စိတ် ကျေနပ်မှု ရှိလားဆိုရင်တော့ မကျေနပ်သေးပါဘူး။ခြူးလေး အများကြီး ကြိုးစားဖို့ လိုပါသေး တယ်။ အချိန်ဆိုတာမျိုးက ကိုယ့်ကို စောင့်နေတာ မဟုတ်ဘူးလေ။ ခြူးလေး အခုအခြေအနေနဲ့ ရပ်တည်မှု အပေါ်အားမရသေးပါဘူး။ အများ ကြီးထပ်ကြိုးစားရဦးမှာပါ။ ဒိထက် အများကြီး အောင်မြင်မှုပန်းတိုင်ကို ရောက်ချင်ပါသေးတယ်။ မကျေနပ် သေးပါဘူး”လို့ဆိုပါတယ်။

#VOICEOFMYANMAR#ခြူးလေး

ဓာတ်ပုံ #ခြူးလေး facebook

 

 

Related posts

Leave a Comment

VOM News

FREE
VIEW