ကရင်နီလူငယ် သပိတ်စခန်း ထပ်မံဖြိုခွဲခံရ

လွိုင်ကော်၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉

ထူးသာဦး(VOM)

ဗိုလ်ချုပ်ကြေးရုပ်ထုကို လွိုင်ကော်မှာ ထားရှိမယ့် ကိစ္စနှင့်ပတ်သက်ပြီး လွိုင်ကော်NLDပြည်နယ်ရုံးရှေ့မှာ ကန့်ကွက်ထိုင်သပိတ်ဆင်နွှဲနေတဲ့နေရာကို ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက်ပိုင်းမှာ  ထပ်မံဝင်ရောက် စီးနင်းလိုက်ပါတယ်။

“လူငယ်ကိုးယောက်ဖမ်းသွားတယ်၊အခုဖမ်းတဲ့ထဲမှာ ကျနော်တို့ သပိတ်စခန်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးနေတဲ့ မီဒီယာလဲပါတယ် ကင်မရာတွေလည်းအားလုံးသိမ်းသွားတယ်၊ လက်ရှိအချိန် သပိတ်စခန်းနေရာကို ရဲတပ်ဖွဲ့ဝင်တွေ နေရာယူထားပြီး မည်သူမှဝင်လို့မရအောင် တာဆီးထားတယ် ” လို့ ခွန်းသောမတ်စ် က ပြောပါတယ်။

လူငယ်များအနေနဲ့က ကြေးရုပ်ထုကိုဖျက်သိမ်းပေးဖို့၊ မဖြစ်မနေလုပ်မယ်ဆိုပါက တပြည်နယ်လုံးမဲပုံးထောင်ပြီး ပြည်သူ့ဆန္ဒခံယူဖို့ ၊ NLDအနေနဲ့ ရုပ်ထုကိုမဖြစ်မနေထားမယ်ဆိုရင် အများပြည်သူပိုင် ပန်းခြံမှာမထားဘဲ ပါတီနဲ့သက်ဆိုင်တဲ့ နေရာမှာထားဖို့၊ပရဟိတအသင်းလုပ်မယ်ဆိုရင်လည်း  ပရဟိတနဲ့သက်ဆိုင်တဲ့ နေရာမှာထားဖို့ စသည့်အချက်တွေကို တောင်းဆိုထားတာဖြစ်ပါတယ်။

” သပိတ်စခန်းကို ဝင်စီးလိုက်တဲ့သဘောပါ၊ အခုအဲ့နေရာကိုရဲတွေ နေရာယူထားတယ်၊ ဘယ်သူ့ကိုမှပေးမဝင်တော့ဘူး ” လို့ ခွန်းသောမတ်စ် က ပြောပါတယ်။

ဖေဖေါ်ဝါရီ၇ရက် ညနေပိုင်းက ရဲအင်အားအလုံးအရင်းနဲ့ဖြိုခွဲခံရပြီး မနေ့ည ၇ နာရီဝန်းကျင်က ပြန်လည်စတင်လိုက်တဲ့ ကရင်နီလူငယ်ထိုင်သပိတ်စခန်းကို ယနေ့မနက်တွင် ရဲတပ်ဖွဲ့ဝင်များ ထပ်မံဖြိုခွဲလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်အများအပြားသုံးစွဲကာ သပိတ်စခန်းကို ဖြိုခွဲခံရတာ တတိယအကြိမ်ရှိသွားပြီဖြစ်ပြီး လူငယ် ၅၀ ကျော်မှာ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

#voicofmyanmar#လွိုင်ကော်#ကရင်နီလူငယ်သပိတ်စခန်းထပ်မံဖြိုခွဲခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW