မင်းဝံတောင်မှာ ဒေသခံတွေ တရားဝင်ကျောက်ထုတ်လုပ်ခွင့်ရရှိရန် စီစဉ်နေ

စစ်ကိုင်း ၊ဖေဖော်ဝါရီ ၈-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊မင်းဝံတောင်မှာ ဒေသခံတွေကို တရားဝင်ကျောက်တူးထုတ်လုပ်ဖော်ခွင့် ရရှိဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ တရားမဝင် ကျောက်ထုတ်လုပ်နေတဲ့ အတွက် ကျောက်တွင်းပြိုကျ၍ လူသေဆုံးမှုတွေ၊သ ဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ စတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့အတွက် ယခုအခါ ဒေသခံတွေ တရားဝင် ကျောက်ထုတ်လုပ်ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ ဌာနတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ ”ဒေသခံတွေက ဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်းလုပ်တယ်၊ ဒါကြောင့် တရားဝင်ခွင့်ပြုပေးဖို့ ကျွန်တော်လုပ်နေပါတယ်၊ သစ်တောကနေ တရားဝင်ပယ်ဖျက်ပြီးတာနဲ့ အုပ်ချုပ်ရေးအပိုင်ကနေ တရားဝင်တူးဖော်ခွင့်ကို အများပိုင်ကုမ္ပဏီကနေ ဖြစ်ဖြစ် အဖွဲ့စည်းပဲဖြစ်ဖြစ် သူတို့ကို တရားဝင်တူးခိုင်းမယ်” လို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင် ကပြောပါတယ်။ တရားဝင် ကျောက်တူးဖော်ထုတ်လုပ်ခွင့် ရရှိရန်အတွက် စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ဒေသခံ ကျောက်ထုတ်လုပ်တဲ့သူတွေကို အဖွဲ့ဖွဲ့စည်းပေးထားပြီး ယင်း အဖွဲ့အစည်းကနေ…

Read More

ကသာခရိုင်မှာ ၂၀၁၈ ခုနှစ်အတွင်း သစ်တန်ချိန် သုံးထောင်နီးပါး ဖမ်းဆီးရမိ

ကသာ၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ မြို့နယ်ခုနှစ်မြို့နယ်ရှိပြီး တရားမဝင်သစ်တွေကို ဖမ်းဆီးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ တစ်နှစ်စာဖမ်းဆီးရှိမှု အနေနဲ့ တစ်ခရိုင်လုံးမှာ သစ်တန်ချိန် သုံးထောင်နီးပါး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားမဝင်သစ် သယ်ဆောင်သူတွေဟာ ရေလမ်း ကုန်းလမ်း တို့ကနေ နည်းလမ်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေတာဖြစ်လို့ သစ်တောဦးစီးဌာန က ဝန်ထမ်းတွေအနေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ ၊ သစ်တောရဲ တို့နဲ့အတူ ပူးပေါင်းဖမ်းဆီးခဲ့ရကြောင်း သစ်တောဦးစီးဌာနက ပြောပါတယ် ။ ကသာခရိုင်အတွင်း က အဖိုးတန် ကျွန်းသစ် ၊ သစ်မာ အပြင် အခြားသစ် တွေကို သစ်အလုံးလိုက် နဲ့ သစ်ခွဲသားတွေအဖြစ် ဖမ်းဆီးခဲ့ရာမှာ ကသာမြို့နယ် က စုစုပေါင်းသစ်တန် ၈၆၇.၅၅၉၄ တန် ၊…

Read More

မြတန်ဆောင်းဆရာတော်ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ အမ်းမြို့မှာ တားမြစ်ခံရ

အမ်း၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ အမ်းမြို့နယ်အတွင်းက ကောက်ခံရရှိထားတဲ့ စားနပ်ရိက္ခာနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေပါဝင်တဲ့ စစ်ဘေးဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့ဟာ အမ်းမြို့ကိုအရောက်မှာ တားမြစ်ခံခဲ့ရပါတယ်။ အဲဒီပစ္စည်းတွေကို မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်ဦးဆောင်ပြီး အဖွဲ့ဝင် ၁၆ ဦးပါတဲ့အဖွဲ့က အမ်းမြို့ တပ်တောင်မြို့နယ်ခွဲကနေ သယ်ယူလာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ပေးအပ်သွားမှာဖြစ်ပါတယ်။ “ဦးဇင်းတို့က အဲဒီပစ္စည်းတွေနဲ့ တပ်တောင်ကနေ ဟိုတစ်ရက်နေ့ ညနေ ၃ နာရီလောက်မှာစထွက်လာတယ်၊ အမ်းမြို့ပေါ်ကို ညနေ ၅ နာရီလောက်မှာရောက်တယ်၊ အဖွဲ့ဝင်တွေ ထမင်းစားကြတယ်၊  အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်လာတယ်၊  ဒီပစ္စည်းတွေကိုသယ်ယူခွင့်မပြုဘူး၊ သွားလို့ရှိရင် အမ်းမြို့ကို မကျော်စေရဘူးဆိုပြီတော့ ခြိမ်းခြောက်တယ်၊ ဘာအကြောင်းပြချက်မှမပေးဘူး”လို့ မြတန်ဆောင်းဆရာတော်က ပြောပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဆန်၊ ငပိ၊ ငါးခြောက်၊ တခြားစားစရာများပါဝင်ပြီး အမ်းမြို့နယ်အတွင်းရှိကျေးရွာများမှ အလှူခံရရှိထားသည့် စားနပ်ရိက္ခာများဖြစ်ကာ ပစ္စည်းပို့တဲ့အဖွဲ့မှာ တပ်တောင်၊ဆရာတော်၊…

Read More

မြစ်​ဆုံစီမံကိန်း လုံးဝရပ်​ဆိုင်း​ရေး ပခုက္ကူတက္ကသိုလ်ပေါင်းစုံကျောင်းသားတွေ ဆန္ဒပြ

ပခုက္ကူ ၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ အောင်မြင့်(VOM) ပခုက္ကူ နည်းပညာ တက္ကသိုလ်​၊ ကွန်​ပျူတာတက္ကသိုလ်​ နဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်​က တက္ကသိုလ်​​ကျောင်းသား ၅၀၀ ​လောက်​ဟာ  မြစ်​ဆုံစီမံကိန်း လုံးဝရပ်​ဆိုင်း​ရေးအတွက်  ဒီကနေ့နံနက်ပိုင်းက ဧရာဝတီတံတား​အောက်​မှာလာ​ရောက်​ဆန္ဒပြခဲ့ကြပါတယ်​။ ဒါ့ပြင် ပခုက္ကူဒေသခံကဗျာဆရာတွေက ဧရာဝတီမြစ်လယ်သောင်ပြင်မှာ စီမံကိန်ရပ်ဆိုင်းဖို့ ရင်ဖွင့်စကားပြောတာတွေ ကဗျာရွတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar#ပခုက္ကူ#မြစ်​ဆုံစီမံကိန်းလုံးဝရပ်​ဆိုင်း​ရေး တက္ကသိုလ်ပေါင်းစုံကျောင်းသားတွေဆန္ဒပြ#

Read More

မိန်းကလေးချင်း ချစ်ရတာ ပိုစိတ်ချရတယ်ဆိုတဲ့ မော်ဒယ်လ် JNaw

ရန်ကုန် ဖေဖော်ဝါရီ ၈-၂၀၁၉ သင်းသဒ္ဒါ(VOM) ဖက်ရှင်လန်းလန်းတွေဝတ်ဆင်တတ်တဲ့ မော်ဒယ်လ် JNawက ယောက်ျားလေးတွေထက် မိန်းကလေးချင်း ချစ်ရတာ ပိုစိတ်ချရတယ်လို့ဆိုပါတယ်။ ” နောက မိန်းကလေးချင်း စိတ်ဝင်စားတယ်ဆိုတော့ ၂၀၁၉ ခုနှစ်မှာ မိန်းကလေးချင်း ရည်းစားထားရင် ကောင်းမလားလို့ပါ၊ Tomboy တစ်ယောက်လောက်နဲ့ တွဲရင်ကောင်းမလားလို့ စဉ်းစားနေတယ်၊ မိန်းမချင်းဆိုတော့ ပိုပြီးတော့ Safe ဖြစ်တယ်လေ”လို့ဆိုပါတယ်။ သူမက တကယ်လို့ ကိုယ့်ကချစ်တဲ့သူက Tomboy ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကိုယ့်အပေါ်မှာ စိတ်ရှည်မယ်။ နားလည် ပေးမယ်သူ ၊ ချစ်ပေးနိုင်မယ်။ ဂရုစိုက်ပေးနိုင်မယ်။ရုပ်ချောသည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ နောလေးက အိုကေပါတယ်လို့ပြောပါတယ်။ ” ယောက်ကျားဆိုပြီး ကြိုက်လိုက်ခါမှ ခြောက်နေတဲ့ သူမျိုးနဲ့ ကြုံရတာမကောင်းဘူး၊ အဲဒီလိုဖြစ်မှာလည်း ကြောက်တယ်၊ အဲဒါကြောင့် FA ဘဝကကောင်းတယ်၊ အဲဒီလိုအဖြစ်မျိုးဖြစ်တာ နားထောင်လို့လည်း မကောင်းဘူး၊ ယောကျာ်းတွေ မကောင်းဘူးလို့တော့…

Read More

ဗင်နီဇွဲလားအရေးမှာ တိုက်ရိုက်စစ်ရေးကျူးကျော်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ရုရှား သတိပေး

ကရာကတ်၊ ဖေဖော်ဝါရီ ၈-၂၀၁၉ မျိုးဆက် (VOM) လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက နိုင်ငံရေး မတည်မငြိမ်ဖြစ်ပေါ်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံအရေးမှာ တိုက်ရိုက်စစ်ရေး ကျူးကျော်မှုအပါအဝင် သမ္မတ နီကိုးလပ်မာဒူရိုရဲ့ ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးတွေလုပ်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ရုရှားနိုင်ငံက သတိပေးပြောဆိုလိုက်ပါတယ်။ တိုက်ရိုက်စစ်ရေးကျူးကျော်မှုမှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်အာဏာပိုင်တွေကို ဖြုတ်ချဖို့ အမေရိကန်က စစ်ရေးအင်အား အသုံးပြုနိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေ ရှိနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဖေဖော်ဝါရီ ၇ ရက်ကသတိပေးပြောဆိုပါတယ်။ လွန်ခဲ့တဲ့လက နောက်ထပ်ခြောက်နှစ် သမ္မတသက်တမ်း တာဝန်စတင်ထမ်းဆောင်ဖို့ ကျမ်းကျိန်ခဲ့တဲ့ သမ္မတ မာဒူရိုကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ ဗင်နီဇွဲလား နိုင်ငံသား သောင်းပေါင်းများစွာဟာ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဗင်နီဇွဲလားအမျိုးသားလွှတ်တော် ဥက္ကဌနဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာပြီး သမ္မတမာဒူရို ရာထူးမှ…

Read More

တောင်နဝင်းဆည်ကျိုးတယ်လို့ ကောလဟာလသတင်းကြောင့် ဒေသခံတွေစိုးရိမ်

ပေါက်ခေါင်း၊ ဖေဖော်ဝါရီ ၈-၂၀၁၉ လမင်း(ပြည်) (VOM) ဖေဖော်ဝါရီလ ၈ ရက်နေ့မနက်ပိုင်းက ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်က တောင်နဝင်းဆည်ကျိုးတယ်လို့ ကောလဟာလသတင်းများ ပျံ့နှံ့ခဲ့ပြီး ဒေသခံတွေဟာ စိုးရိမ်နေကြပါတယ်။ ” ဆည်ကျိုးပြီးရေတွေဝင်လာတယ်ဆိုတာကြောင့်ဆည်အောက်ပိုင်းကကျေးရွာနေပြည်သူများသာမက ပေါက်ခေါင်းမြို့မှာနေတဲ့သူတွေလည်းပြေးကြလွှာကြနဲ့စိုးရိမ်ထိတ်လန့်ကြတယ် ” ဟုပေါက်ခေါင်းမြို့နေ ဒေသခံတစ်ဦးကဟြေပါတယ်။ ယခုလက်ရှိမှာ ဆည်ကျိုးသည့်မဟုတ်မမှန်ကောလဟာလသတင်းကြောင့် တောင်နဝင်းဆည်ကို လာရောက်ကြည့်ရှု့ကြတဲ့သူများနေပြီး တောင်နဝင်းဆည်အနီးပတ်ဝန်းကျင်ရှိရွာတွေနဲ့ ပေါက်ခေါင်းမြို့ထဲမှာ တောင်နဝင်းဆည်ကျိုးတာဟာ မဟုတ်မမှန် ကောလဟာလသတင်းဖြစ်ကြောင်း ပြည်သူများစိုးရိမ်မှု့မရှိအောင် အသံချဲ့စက်များနဲ့ လိုက်လံသတိပေးနေပါတယ်။ #voiceofmyanmar#ပေါက်ခေါင်း#တောင်နဝင်းဆည်ကျိုးတယ်လို့ကောလဟာလသတင်းကြောင့်ဒေသခံတွေစိုးရိမ်#

Read More

ရုပ်ရှင်ကားကို ဗီဒီယိုလို ပြီးပြီးရောရိုက်နေကြတယ်လို့ ကျော်ရဲအောင်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၈-၂၀၁၉ သင်းသဒ္ဒါ (VOM) ရိုက်တာ ပီပြင်စွာသရုပ်ဆောင်တတ်တာကြောင့် ပရိသတ်အားပေးမှုကို ယနေ့ချိန်ထိရနေတဲ့ သရုပ်ဆောင် ကျော်ရဲအောင်ကတော့ ရုပ်ရှင်ကားတွေကို ဗီဒီယိုလို ပြီးပြီးရောရိုက်နေကြတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ် “ကျွန်တော် ဇာတ်ကားရိုက်ကူးမှု တော်တော်လေးကို ကြဲတာက မရိုက်တော့တာပါ၊ ဘယ်လိုလည်းဆိုတော့ ကားတွေကပြီးပြီးရော ရိုက်လာကြတယ်၊ ရုပ်ရှင်ကားကြီးကို ဗီဒီယိုလိုပြီးပြီးရော ရိုက်နေကြတော့ ဘယ်လိုတွေ ရိုက်တော့မလဲ၊ ကျွန်တော်တော့ လိုက်မမှီတော့လို့ ခဏရပ်ထားတယ်၊ တစ်ကားချင်းလောက်ပဲ ခင်ရာခင်ကြောင်း လက်တွဲရိုက်ခဲ့တဲ့သူတွေလောက်ပဲ ရိုက်ဖြစ်တော့တာပါ”လို့ ပြောပါတယ်။ သူကတော့ ဖေဖော်ဝါရီ ၇ ရက်က မိတ်ဆက်ခဲ့တဲ့ Fortune Tv စတင်မိတ်ဆက်ပွဲ နဲ့ ပျော်ရွှင်ပါပွဲတော် ကျင်းပမယ် စာနယ်ဇင်း မိတ်ဆက်ပွဲကို ပြည်လမ်းရှိ Novotel Hotel ကို ပွဲတက်ရောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ဟာသဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။…

Read More

ထိုင်းဘုရင်ရဲ့အမတော် မင်းသမီးယူဘိုရာတာနာ ဝန်ကြီးချုပ်ရာထူး ဝင်ရောက်ယှဉ်ပြိုင်မယ်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈-၂၀၁၉ မျိုးဆက် (VOM) ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ အကြီးဆုံးအစ်မဖြစ်သူ မင်းသမီးယူဘိုရာတာနာမာဟစ်ဒို ဟာ မတ်လ ၂၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အသက်၆၇နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးယူဘိုရာတာနာမာဟစ်ဒို ဟာ ထိုင်းရတ်ဆာချက်ပါတီအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့  ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အဆိုပါပါတီကနေ ယင်းကိစ္စကို ဖေဖော်ဝါရီ ၈ ရက်က အံ့အားသင့်ဖွယ် ကြေညာလိုက်တာဖြစ်ပါတယ်။ မင်းသမီးကို ပါတီရဲ့တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်တင်သွင်းလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်း မှတ်ပုံတင်ပြီးနောက် ထိုင်းရတ်ဆာချက် ပါတီရဲ့အကြီးအကဲ ပရီချာပိုပေါင်ပါနစ်က သတင်းထောက်တွေကို အတည်ပြုပြောဆိုပါတယ်။ ထိုင်းတော်ဝင်မိသားစု အစဉ်အလာအရ နိုင်ငံရေးကိစ္စတွေနဲ့ ကင်းအောင်နေရတဲ့အတွက် ယခုကိစ္စရပ်မှာ ကြိုတင်မျှော်မှန်းမထားတဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ခုဖြစ်ပြီး မင်းသမီးဟာ ၁၉၇၀ပြည့်လွန်နှစ်တွေအတွင်း သူမရဲ့ တော်ဝင်အမည်ကို စွန့်လွှတ်ထားသူဖြစ်ပါတယ်။ မင်းသမီး ယူဘိုရာတာနာရဲ့ အမည်တင်သွင်းမှုကို…

Read More

ကရင်နီလူငယ် သပိတ်စခန်း ထပ်မံဖြိုခွဲခံရ

လွိုင်ကော်၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ ထူးသာဦး(VOM) ဗိုလ်ချုပ်ကြေးရုပ်ထုကို လွိုင်ကော်မှာ ထားရှိမယ့် ကိစ္စနှင့်ပတ်သက်ပြီး လွိုင်ကော်NLDပြည်နယ်ရုံးရှေ့မှာ ကန့်ကွက်ထိုင်သပိတ်ဆင်နွှဲနေတဲ့နေရာကို ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက်ပိုင်းမှာ  ထပ်မံဝင်ရောက် စီးနင်းလိုက်ပါတယ်။ “လူငယ်ကိုးယောက်ဖမ်းသွားတယ်၊အခုဖမ်းတဲ့ထဲမှာ ကျနော်တို့ သပိတ်စခန်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးနေတဲ့ မီဒီယာလဲပါတယ် ကင်မရာတွေလည်းအားလုံးသိမ်းသွားတယ်၊ လက်ရှိအချိန် သပိတ်စခန်းနေရာကို ရဲတပ်ဖွဲ့ဝင်တွေ နေရာယူထားပြီး မည်သူမှဝင်လို့မရအောင် တာဆီးထားတယ် ” လို့ ခွန်းသောမတ်စ် က ပြောပါတယ်။ လူငယ်များအနေနဲ့က ကြေးရုပ်ထုကိုဖျက်သိမ်းပေးဖို့၊ မဖြစ်မနေလုပ်မယ်ဆိုပါက တပြည်နယ်လုံးမဲပုံးထောင်ပြီး ပြည်သူ့ဆန္ဒခံယူဖို့ ၊ NLDအနေနဲ့ ရုပ်ထုကိုမဖြစ်မနေထားမယ်ဆိုရင် အများပြည်သူပိုင် ပန်းခြံမှာမထားဘဲ ပါတီနဲ့သက်ဆိုင်တဲ့ နေရာမှာထားဖို့၊ပရဟိတအသင်းလုပ်မယ်ဆိုရင်လည်း  ပရဟိတနဲ့သက်ဆိုင်တဲ့ နေရာမှာထားဖို့ စသည့်အချက်တွေကို တောင်းဆိုထားတာဖြစ်ပါတယ်။ ” သပိတ်စခန်းကို ဝင်စီးလိုက်တဲ့သဘောပါ၊ အခုအဲ့နေရာကိုရဲတွေ နေရာယူထားတယ်၊ ဘယ်သူ့ကိုမှပေးမဝင်တော့ဘူး ” လို့ ခွန်းသောမတ်စ် က ပြောပါတယ်။ ဖေဖေါ်ဝါရီ၇ရက် ညနေပိုင်းက…

Read More
VOM News

FREE
VIEW