ရုပ်ရှင်ကားကို ဗီဒီယိုလို ပြီးပြီးရောရိုက်နေကြတယ်လို့ ကျော်ရဲအောင်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၈-၂၀၁၉

သင်းသဒ္ဒါ (VOM)

ရိုက်တာ ပီပြင်စွာသရုပ်ဆောင်တတ်တာကြောင့် ပရိသတ်အားပေးမှုကို ယနေ့ချိန်ထိရနေတဲ့ သရုပ်ဆောင် ကျော်ရဲအောင်ကတော့ ရုပ်ရှင်ကားတွေကို ဗီဒီယိုလို ပြီးပြီးရောရိုက်နေကြတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်

“ကျွန်တော် ဇာတ်ကားရိုက်ကူးမှု တော်တော်လေးကို ကြဲတာက မရိုက်တော့တာပါ၊ ဘယ်လိုလည်းဆိုတော့ ကားတွေကပြီးပြီးရော ရိုက်လာကြတယ်၊ ရုပ်ရှင်ကားကြီးကို ဗီဒီယိုလိုပြီးပြီးရော ရိုက်နေကြတော့ ဘယ်လိုတွေ ရိုက်တော့မလဲ၊ ကျွန်တော်တော့ လိုက်မမှီတော့လို့ ခဏရပ်ထားတယ်၊ တစ်ကားချင်းလောက်ပဲ ခင်ရာခင်ကြောင်း လက်တွဲရိုက်ခဲ့တဲ့သူတွေလောက်ပဲ ရိုက်ဖြစ်တော့တာပါ”လို့ ပြောပါတယ်။

သူကတော့ ဖေဖော်ဝါရီ ၇ ရက်က မိတ်ဆက်ခဲ့တဲ့ Fortune Tv စတင်မိတ်ဆက်ပွဲ နဲ့ ပျော်ရွှင်ပါပွဲတော် ကျင်းပမယ် စာနယ်ဇင်း မိတ်ဆက်ပွဲကို ပြည်လမ်းရှိ Novotel Hotel ကို ပွဲတက်ရောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ဟာသဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်က ဇာတ်ညွှန်းတစ်ခုကို ၃ လလောက်ဖတ်တယ်၊ ခုက အဲလိုလုပ်လို့ မရတော့ဘူး၊ ခု နောက်ပိုင်းက ဇာတ်ကားတွေကို ဘယ်နှရက်နဲ့ အပြတ်ရိုက်ဆိုတာရယ်၊ ဒါကြောင့် ကျွန်တော်အနေနဲ့ အရည်အသွေးကို ထိန်းလိုက်တယ်၊ အရည်အသွေးကိုထိန်းလို့ ထမင်းအိုးကွဲသွားတော့လဲငတ်ပေါ့၊ ကျွန်တော်က အနုပညာသမားဆိုတော့ ဒီအလုပ်ဘဲ ဝါသနာပါတာ၊ ကျန်တဲ့အလုပ်တွေလဲ မလုပ်ထားတော့ ရှိတာလေးနဲ့ပဲ စားပေါ့၊ မရှိတော့ ကြံဖန်စားပေါ့၊ ကျွန်တော်တို့က ဇာတ်လမ်းကာရိုက်တာ ပေါင်းစုံလုပ်ကြည့်ချင်တယ်၊ ကာရိုက်တာ အဆန်းအသစ်ဆိုရင် ကျွန်တော်လည်း ရိုက်ချင်ပါတယ်”လို့ပြောပါတယ်။

#voiceofmyanmar#ကျော်ရဲအောင်#

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW