မိန်းကလေးချင်း ချစ်ရတာ ပိုစိတ်ချရတယ်ဆိုတဲ့ မော်ဒယ်လ် JNaw

ရန်ကုန် ဖေဖော်ဝါရီ ၈-၂၀၁၉

သင်းသဒ္ဒါ(VOM)

ဖက်ရှင်လန်းလန်းတွေဝတ်ဆင်တတ်တဲ့ မော်ဒယ်လ် JNawက ယောက်ျားလေးတွေထက် မိန်းကလေးချင်း ချစ်ရတာ ပိုစိတ်ချရတယ်လို့ဆိုပါတယ်။

” နောက မိန်းကလေးချင်း စိတ်ဝင်စားတယ်ဆိုတော့ ၂၀၁၉ ခုနှစ်မှာ မိန်းကလေးချင်း ရည်းစားထားရင် ကောင်းမလားလို့ပါ၊ Tomboy တစ်ယောက်လောက်နဲ့ တွဲရင်ကောင်းမလားလို့ စဉ်းစားနေတယ်၊ မိန်းမချင်းဆိုတော့ ပိုပြီးတော့ Safe ဖြစ်တယ်လေ”လို့ဆိုပါတယ်။

သူမက တကယ်လို့ ကိုယ့်ကချစ်တဲ့သူက Tomboy ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကိုယ့်အပေါ်မှာ စိတ်ရှည်မယ်။ နားလည် ပေးမယ်သူ ၊ ချစ်ပေးနိုင်မယ်။ ဂရုစိုက်ပေးနိုင်မယ်။ရုပ်ချောသည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ နောလေးက အိုကေပါတယ်လို့ပြောပါတယ်။

” ယောက်ကျားဆိုပြီး ကြိုက်လိုက်ခါမှ ခြောက်နေတဲ့ သူမျိုးနဲ့ ကြုံရတာမကောင်းဘူး၊ အဲဒီလိုဖြစ်မှာလည်း ကြောက်တယ်၊ အဲဒါကြောင့် FA ဘဝကကောင်းတယ်၊ အဲဒီလိုအဖြစ်မျိုးဖြစ်တာ နားထောင်လို့လည်း မကောင်းဘူး၊ ယောကျာ်းတွေ မကောင်းဘူးလို့တော့ နော မပြောဘူးနော်၊ ဝါးလုံးအရှည်နဲ့လည်း ပတ်မရမ်းပါဘူး၊ ကောင်းတဲ့ ယောက်ျားတွေလည်း အများကြီး မြန်မာနိုင်ငံမှာရှိတယ်၊ ဒီယောက်ျားထုကြီးထဲမှာ မကောင်းတဲ့ တချို့သော သူတွေရှိကြတယ်၊ နှမချင်း ကိုယ်ချင်းစာမှုမရှိတာမျိုး၊ အစ်မချင်း မစာနာတာမျိုးရှိတယ်၊ အများကြီး ပတ်ဝန်းကျင်မှာ တွေ့ရတယ်”လို့ ဆိုပါတယ်။
သူမကတော့ လက်တလောမှာ Photo cover ရိုက်ကူးမှုတွေ ၊ချင်းအမျိုးသားနေ့အတွက် channel 9 နဲ့ ဖက်ရှင် ရှိုးတွေလျှောက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar#မော်ဒယ်လ်JNaw#

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

✕
VOM News

FREE
VIEW