ကသာခရိုင်မှာ ၂၀၁၈ ခုနှစ်အတွင်း သစ်တန်ချိန် သုံးထောင်နီးပါး ဖမ်းဆီးရမိ

ကသာ၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ မြို့နယ်ခုနှစ်မြို့နယ်ရှိပြီး တရားမဝင်သစ်တွေကို ဖမ်းဆီးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ တစ်နှစ်စာဖမ်းဆီးရှိမှု အနေနဲ့ တစ်ခရိုင်လုံးမှာ သစ်တန်ချိန် သုံးထောင်နီးပါး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

တရားမဝင်သစ် သယ်ဆောင်သူတွေဟာ ရေလမ်း ကုန်းလမ်း တို့ကနေ နည်းလမ်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေတာဖြစ်လို့ သစ်တောဦးစီးဌာန က ဝန်ထမ်းတွေအနေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ ၊ သစ်တောရဲ တို့နဲ့အတူ ပူးပေါင်းဖမ်းဆီးခဲ့ရကြောင်း သစ်တောဦးစီးဌာနက ပြောပါတယ် ။

ကသာခရိုင်အတွင်း က အဖိုးတန် ကျွန်းသစ် ၊ သစ်မာ အပြင် အခြားသစ် တွေကို သစ်အလုံးလိုက် နဲ့ သစ်ခွဲသားတွေအဖြစ် ဖမ်းဆီးခဲ့ရာမှာ ကသာမြို့နယ် က စုစုပေါင်းသစ်တန် ၈၆၇.၅၅၉၄ တန် ၊ ကောလင်းမြို့နယ် က စုစုပေါင်းသစ်တန် ၁၈၇.၃၄၄၄ တန် ၊ ထီးချိုင့်မြို့နယ် က စုစုပေါင်းသစ်တန် ၃၁၈.၃၈၁ တန် ၊ ပင်လည်ဘူးမြို့နယ် က စုစုပေါင်းသစ်တန် ၂၁၈.၆၉၆၃ တန် ၊ ဗန်းမောက်မြို့နယ် က စုစုပေါင်းသစ်တန် ၃၈၅.၄၉၃၄ တန် ၊ ဝန်းသိုမြို့နယ် က စုစုပေါင်းသစ်တန် ၅၀၃.၇၂၄၇ တန် ၊ အင်းတော်မြို့နယ် က စုစုပေါင်းသစ်တန် ၄၆၁ တန် တစ်ခရိုင်လုံး စုစုပေါင်း ဖမ်းမိသစ်တန် ၂၉၄၂.၁၉၉၂ တန် တို့နဲ့အတူ ပူးတွဲဖမ်းမိ တရားခံ(၃၀၅)ဦး ၊ သစ်တင်ကား(၁၃၄)စီး ၊ ဆိုင်ကယ်(၄၉)စီး ၊ သစ်စက်အင်ဂျင်(၁၄၁)လုံး ၊ ချိန်းဆောလွှစက်(၂၀)လက် တို့ကို ၂၀၁၈ ခုနှစ် အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ် လို့ ကသာခရိုင် သစ်တောဦးစီးဌာန က သိရပါတယ် ။

#voiceofmyanmar#ကသာခရိုင်#၂၀၁၈ခုနှစ်အတွင်းသစ်တန်ချိန်သုံးထောင်နီးပါးဖမ်းဆီးရမိ#

Related posts

Leave a Comment

VOM News

FREE
VIEW