ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဘဝအလင်းဆရာတော် ဦးသောဘိတ ရဲ့အမှု တရားရုံးကလက်ခံ

မန္တ​လေး ၊ ​ဖေ​ဖေါ်ဝါရီ ၁၄-၂၀၁၉

ဟိန်းကို(VOM)

 

လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော် နဲ့ တပ်မတော်သား​တွေအ​ပေါ် သိက္ခာကျဆင်းစေမယ့်​ ပုတ်ခတ်ရေးသားတယ်လို့ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဘဝအလင်းဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့အမှု အမရပူရတရားရုံးက အမှုစတင်​လက်​ခံခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်​က လာ​ရောက်​ခြင်းမရှိ​သေးဘဲ တရားရုံးက ဆရာ​တော်​ဦး​သောဘိတကို အာမခံ​ပေးခဲ့ပြီး ​ဖေ​ဖေါ်ဝါရီ ၂၈ရက်​​နေ့ကို ထပ်မံရုံးချိန်းချိန်းဆိုခဲ့ပါတယ်​။

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ၂၀၁၈ခုနှစ်​ စက်တင်ဘာ(၁၁)ရက်နေ့က တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည် ဗီနိုင်းဆိုင်းဘုတ်၏နောက်မှာ  ခြေအတု တပ်ဆင်ထားတဲ့ စစ်မှုထမ်းဟောင်း ပုဆိုးဝတ်ထားတဲ့ပုံပေါ်မှာ တပ်မတော်က မစွမ်းဘဲခိုးနေတော့ တိုင်းပြည်မွဲတာပေါ့ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် နို့စားနွားမွေးမြူရေးခြံစစ်ဆေးနေတဲ့ပုံတင်ပြီး နွားခြံထဲ နွားဝင်နေတယ်လို့ရေးသားတာတွေအပြင် ပြည်သူတွေအပေါ်စေတနာရှိရင် ပြည်သူမပေးတဲ့တာဝန်တွေမယူပဲ စစ်တန်းလျားပြန်ပါ စတာတွေရေးထားတာဟာ တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာထိခိုက်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက တရားလို ပြုလုပ်​ပြီး  (ပ)၄၅၈/၂၀၁၈၊ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ အမှုဖွင့်​ထားတာဖြစ်​ပါတယ်​။

 

#voiceofmyanmar#ဆရာ​တော်​ဦး​သောဘိတ#အမှုစတင်​လက်​ခံ#

Related posts

Leave a Comment

VOM News

FREE
VIEW