ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့  စိုက်ပျိုးမွေးမြူရေးစခန်း ၅ခုက  ကျပ်သန်းပေါင်း ၇၀၀ ကျော်အရှုံးပေါ်ခဲ့

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈-၂၀၁၉

TGH (VOM)

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ထုတ်လုပ်ရေးဌာနအောက်မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးစခန်း ၅ခုက   ၅နှစ်ဆက်တိုက်အရှုံးအဖြစ် ကျပ်သန်းပေါင်း ၇၀၀ ကျော် အရှုံးပေါ် နေတယ်လို့ ဖေဖေါ်ဝါရီ၂၇ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စည်ပင်သာယာရေးဝန်ကြီးဦးမောင်မောင်စိုး ရဲ့ ပြောကြားချက်အရသိရပါတယ်။

 

မစို စိုက်ပျိုးမွေးမြူရေးနှင့်အပန်းဖြေစခန်းက  ကျပ်သန်း ၈၈.၀၄၇၊ အောင်ချမ်းသာ ရေငံပုစွန် မွေးမြူရေးစခန်းက  ကျပ်သန်း ၃၈.၄၀၈ ၊ ထောက်ကြန့်ကြက်မွေးမြူရေးစခန်းက ကျပ်သန်း ၃၄၀.၈၆၂၊ ဥတိုစိုက်ပျိုးမွေးမြူရေး စခန်းက အရှုံးကျပ်သန်း ၁၇၅.၆၅၁ ၊ နှစ်ရှည်ပင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက အရှုံးကျပ်သန်း ၈၁.၅၇၈ ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။

 

“၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်အတွက် အဲ့ဒီ စိုက်ပျိုးမွေးမြူရေးစခန်း (၅)ခုမှာ နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်း အနေနဲ့ ကြက်ဆူပင်ကနေ နှစ်ရှည်ကျွန်းပင် ပြောင်းလဲစိုက်ပျိုးတော့   စိုက်ပျိုးစရိတ် ရင်းနှီးမြှုပ်နှံထားရတာတွေကြောင့် အရှူံးဖြစ်ပေါ်ရခြင်းဖြစ်တယ်။ နောက်ပြီး ကျန်တဲ့စိုက်ပျိုးမွေးမြူရေးစခန်း (၄)ခုကလည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် စတင်ရင်းနှီးမြှုပ်နှံငွေနဲ့  ပုံသေပိုင်ပစ္စည်းတွေ နှစ်စဉ်တန်ဖိုးလျော့ချတာတွေ၊  သတ်မှတ်နှုန်းထားနဲ့အညီ ငှားရမ်းဆောင်ရွက်မယ့် ကုမ္ပဏီမရှိသေးတော့  ဝင်ငွေမရှိတာတွေကြောင့် လည်း အရှုံးဖြစ်ပေါ်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။”လို့ ဦးမောင်မောင်စိုးက ယနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာပြောခဲ့ပါတယ်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ထုတ်လုပ်ရေးဌာနအောက်မှာဆိုရင် စိုက်ပျိုးမွေးမြူရေးစခန်း ၁၂ ခု၊ စက်ရုံ ၂ ခု၊ စုစုပေါင်း လုပ်ငန်း ၁၄ ခု ဆောင်ရွက်နေကြောင်းနဲ့ အဲ့ဒီထဲကမှ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စိုက်ပျိုးမွေးမြူရေးစခန်း ၅ခုက   ၅နှစ်ဆက်တိုက် အရှုံးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

ဒါကြောင့် စာရင်းစစ်ချုပ်ရုံးက ဖော်ပြထားတဲ့  ၅ နှစ် ဆက်တိုက် အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေအနက် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းကလွဲပြီး ကျန်လုပ်ငန်း ၄ ခုဟာဆိုရင် ယခုအခါမှာ ရပ်နားထားကြောင်းနဲ့စခန်းပိုင်မြေတွေကို ရေရှည် အကျိုးအမြတ်ရရှိစေဖို့အတွက် စီးပွားရေးအသွင်ဆောင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေထံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နှင့်အညီ အငှားချထားဖို့လည်း  ဆောင်ရွက်ခဲ့တယ်လို့ပြောခဲ့ပါတယ်။

ခုတော့ မစိုစိုက်ပျိုးမွေးမြူရေးစခန်းနဲ့ ထောက်ကြန့် ကြက်မွေးမြူရေးစခန်းမြေနေရာကို လည်း သတ်မှတ်နှုန်းထားနှင့်အညီ ငှားရမ်းမယ့် ကုမ္ပဏီတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အတည်ပြုချက်ရယူကာ ဆောင်ရွက်ပြီးဖြစ်တယ်လို့သိရပါတယ်။

ဓါတ်ပုံ ဦးမောင်မောင်စိုး ဖေ့စ်ဘုတ်

#voiceofmyanmar#ရန်ကုန်စည်ပင်သာယာ#ဦးမောင်မောင်စိုး#ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW