ရန်ကုန် ဖေဖေါ်ဝါရီ ၁၉ -၂၀၁၉ နေလင်း (VOM) ၈၈ မျိုးဆက်ကျောင်းသားအများစုနဲ့ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီဟာ အခုဆိုရင် နိုင်ငံနေရာ အတော်များများမှာ သူတို့ရဲ့ ပါတီရုံးတွေ ဖွင့်လာတာကို တွေ့ရပါတယ်။ ပါတီရဲ့ လက်ရှိအနေအထားနဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ပထမဆုံးအနေနဲ့ ပါတီရဲ့ လက်ရှိအခြေအနေကို စမေးကြည့်တော့ #ဦးကိုကိုကြီး#
Read MoreMonth: February 2019
ပျူရိုးရာ ဥာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့မှာ အစဉ်လာမပျက် စည်ကားစွာကျင်းပ
ပြည် ဖေဖေါ်ဝါရီ ၁၉ – ၂၀၁၉ လမင်း (VOM) ပျူလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ဥာဏ်ရိုးမီးပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တပို့တွဲလပြည့်နေ့ မနက် ၄ နာရီအချိန်ခန့်က ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ ဥာဏ်ရိုးမီးပူဇော်ပွဲကိုကျင်းပလာခဲ့တာဟာ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးခြားဆုံး ရှေးရိုးရာဘာသာရေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ ချမ်းအေးတဲ့ တပို့တွဲလရာသီမှာ ဗုဒ္ဓဘုရားရှင်ကို အလင်းဓာတ်နဲ့ အနွေးဓာတ်လှူဒါန်းလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ရှေးလူကြီးတွေက ပြောခဲ့တာကြောင့် ဒီနေ့ခေတ်လူငယ်တွေထိ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ် ။ တပို့တွဲလပြည့်နေ့မတိုင်မီ တောသူတောင်သားတွေဟာ တောတောင်တွေထဲက ဆင်စွယ်အလားသဏ္ဍန်တူပြီး ဥာဏ်ပင်လို့ခေါ်တဲ့ အဖြူရောင်အဆင်းရှိ ပေါ့ပါးတဲ့ သစ်ကိုင်းချောင်းကလေးတွေကို ခုတ်ယူနေပူလှန်း လှပမှုရှိအောင်အချောကိုင်ပြီး ရွှေဆံတော်ဘုရားကြီး မြောက်စောင်းတန်းအရှေ့ဘက်မှာ ရောင်းချကြပါတယ်။ ကိုယ်တိုင်မခုတ်နိုင်သူတွေက အဲဒီဆိုင်တွေကနေဝယ်ပြီး…
Read Moreစစ်ကိုင်းမြို့က ဘဲဥထုပွဲတော်
စစ်ကိုင်း ဖေဖော်ဝါရီ ၁၉-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်းရှိတဲ့ ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မှာရိုးရာ အစဉ် အလာမပြတ်ထည့်သွင်းကျင်းပလာတဲ့ဘဲဥ ထုပွဲတော်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန်က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ VOM ရဲ့ စစ်ကိုင်းသတင်းထောက် စောပြည့်ချမ်းသာက ရိုက်ကူးတင်ဆက်ထားပါတယ်။ စစ်ကိုင်း#voiceofmyanmar#ဘဲဥထုပွဲ
Read Moreမြောက်ဦးမြို့နယ် ရမ်းချောင်းအထက်ပိုင်းမှာ တိုက်ပွဲဖြစ်နေ
မြောက်ဦး၊ ဖေဖော်ဝါရီ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ရမ်းချောင်းအထက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်လောက်ကစတင်ပြီးတော့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ရန်အောင်ပြင်ကျေးရွာနဲ့ ကျောက်ဆည်ပြင်ကျေးရွာအကြားမှာရှိတဲ့ ပဒင်း မြောင်ထဲမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “တိုက်ပွဲက ရန်အောင်ပြင်နဲ့ ကျောက်ဆည်ပြင်ရွာကြားက ပဒင်းမြောင်ထဲမှာဖြစ်နေတာပါ။ ရန်အောင်ပြင်ရွာနဲ့ နီးပါတယ်။ မနက် ၁၀ နာရီမထိုးခင်လောက်ကနေ စဖြစ်တယ်လို့ သတင်းရပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမှာ လက်ရှိအချိန်ထိဖြစ်ပွားနေခြင်းဖြစ်ပြီး အခြေအနေမှာ ပြင်းထန်နေတဲ့အတွက် လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမဘေးရှိ တောင်ဦးကျေးရွာကနေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “တိုက်ပွဲကတော့ဖြစ်နေတုန်းပါပဲ။ တောင်ဦးတို့ ကျီရာပြင်တို့ကနေ ပစ်ခတ်တာတွေကို ကြားနေရပါတယ်။ လက်နက်ကြီးသံရော လက်နက်ငယ်သံရောကြားရပါတယ်။ တောင်ဦးနဲ့ အဲဒီနေရာနဲ့ သိပ်မဝေးဘူး။…
Read Moreပိုင်ရှင်မဲ့ ဗိုလ်ချုပ်
စစ်ကိုင်းတိုင်း အတွင်း လေပြင်းကြောင့် လူနေအိမ် ၁၅၀ နီးပါး ပျက်စီး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် လူနေအိမ် အလုံး ၁၅၀ နီးပါး အမိုးလန်ပျက်စီးတာတွေ အိမ်အလုံးလိုက် ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့် ခွဲ မှု ဦးစီးဌာန ကပြောပါတယ်။ ရေဦးမြို့နယ်မှာ အိမ်၂လုံး အမိုးလန်ပျက်စီးပြီး၊ ကနီမြို့နယ်မှာ ရှိတဲ့ စေတီတွေရဲ့ စိန်ဖူးတော်မြေခခဲ့ပါတယ်။ ဒါ့အပြင် ဘုတလင်းမြို့နယ်မှာ အိမ်၂လုံး၊ ၀က်လက်မြို့နယ်မှာ အိမ် ၂၈ လုံး၊ ကောလင်းမြို့နယ်မှာ လူနေအိမ် ၂၁လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ဒီပဲယင်းမြို့နယ်မှာ လူနေအိမ် ၉၃ လုံးနဲ့ စာသင်ကျောင်းဆောင် တဆောင်တို့ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ဒီပျက်စီးခဲ့တဲ့ နေအိမ်…
Read Moreပြည်မြို့ မီးလောင်မှု ဆိုင်ခန်းများနှင့် ဆိုင်ကယ်အသစ်များ ဆုံးရှုံး
ပြည် – ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း၊ ပြည်မြို့ ပြည်သာယာရပ်ကွက် ၊ ပြည် – အောင်လံကားလမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်ကနေ စပြီးလောင်တဲ့မီးကြောင့် ဆိုင်ခန်း ၅ ခန်းအပါအဝင် ဆိုင်ကယ်အသစ်တွေ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ပြည်-အောင်လံ ကားလမ်းဘေးရှိ မောင်သိန်းပိုင်ဆိုင်တဲ့ ဆိုင်ကယ်ပြင်ဆိုင်ထဲမှာ ပြင်ထားသည့်ဆိုင်ကယ်တစ်စီးကို သော့ဖွင့်ပြီးထားခဲ့တာကြောင့် ဘထ္ကရီအပူလွန်ကဲပြီး မီးလောင်မှု့ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ မီးလောင်မှုကြောင့် ပြင်လက်စဆိုင်ကယ်တွေနဲ့ ဓါတ်ဆီ၊ အင်ဂျင်ဝိုင်ဘူးတွေကို ကူးဆက်လောင်ကျွမ်းရာကနေ ဘေးပတ်ဝန်းကျင်က ဆိုင်ခန်း ၄ ခန်းအပါအဝင် ဆိုင်ကယ်အရောင်းဆိုင် ၊ ဆိုင်ကယ်အသစ် ၃၇ စီးနှင့် ဖုန်းဆိုင် ၁ ဆိုင် တို့မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးလောင်မှုဖြစ်စေတဲ့ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် မောင်သိန်းကို ပြည်မြို့နယ်၊ အမှတ်…
Read Moreသမဝါယမ တက္ကသိုလ် (စစ်ကိုင်း)က ထမနှဲထိုးပွဲ ပြိုင်ပွဲ
စစ်ကိုင်း။ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ စောပြည့်ချမ်းသာ(VOM) သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)မှာ ယနေ့ နံနက်ပိုင်းအချိန်က ထမနှဲထိုးပွဲပြိုင်ပွဲကျင်းပ ခဲ့ပါတယ်။ အဲ့ဒီ ထမနှဲထိုးပွဲပြိုင်ပွဲမှာသမဝါယမကျောင်းရှိ မေဂျာပေါင်းစုံကပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး ထမနှဲထိုးပြိုင်ပွဲ ကိုသမဝါ ယမ တက္ကသိုလ် (စစ်ကိုင်း)မှာ သင်ကြားပေးလျက်ရှိတဲ့ စီမံခန့်ခွဲမှုပညာဌာန၊ ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာန နဲ့ ယခု တက်ရောက်ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများက စုစုပေါင်း အသင်း ၆ သင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပထဆုကို စီမံခန့်ခွဲမှုပညာဌာနမှ ရရှိခဲ့ပြီး၊ ဒုတိယဆုကိုတော့ ယခုနှစ်တက်ရောက် ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများရရှိခဲ့ပြီး တတိယဆုကို ဘောဂဗေဒပညာဌာန ရရှိကာ နှစ်သိမ့်ဆုများ အနေနဲ့ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာနတို့က ရရှိခဲ့ပါတယ်။
Read Moreအင်းတော်မြို့နယ်မှာ မူးယစ်ဆေးဝါးများ ကျပ်သိန်း တစ်ထောင့်လေးရာကျော်ဖိုး ဖမ်းဆီးရမိ
ကသာ – ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမ နန့်မကျိုင်းကျေးရွာအနီး မှာ မောင်းနင်လာတဲ့ ကားတစ်စီးပေါ်က မူးယစ်ဆေးဝါးများ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ည (၇)နာရီ အချိန်က ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်တပ်စုမှူး ဒုရဲမှူး မျိုးမင်း ၊ ရဲအုပ် ကျော်စိုးလင်း နဲ့ တပ်ဖွဲ့ဝင်များ က သက်သေတွေနဲ့အတူ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး နန့်မကျိုင်းကျေးရွာ လမ်းဆုံမှာ စစ်ဆေးရှာဖွေနေချိန် အင်းတော်မြို့နယ်ဘက်မှ မိုးညှင်းမြို့နယ်ဘက်ကို ဇော်ဘောက် (ခ) မာဒီး မောင်းနင်လာတဲ့ SHN 9I/8631 နံပါတ်ပါ NISSAN AD VAN အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာမှာ ယာဉ်နောက်ပိတ် အဖုံးအတွင်း…
Read Moreရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်စခန်းမှာ ရေတွေကို ခွဲဝေသုံးစွဲနေရ
ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမကြာခဏ အပြင်းအထန်ဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်တဲ့ ရသေ့တောင်မြို့နယ်က ပဲသတူစစ်ဘေးရှောင်စန်းမှာ ရေရှားပါးမှုကြောင့် သောက်သုံးရေတွေကို ခွဲဝေသုံးစွဲနေကြရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစခန်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကုန်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ ဗောဓိကုန်း ကျေးရွာသားတွေဖြစ်ကြပြီး လက်ရှိနေထိုင်တဲ့ ပဲသတူကျေးရွာမှာ သောက်သုံးရေ ပြတ်လပ်သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ “အစကတော့ ကျွန်တော်တို့ လိုအပ်တဲ့ရေတွေကို ရွာသားတွေအသုံးပြုနေတဲ့ တွင်းကနေ အသုံးပြုခဲ့ကြတာပေါ့။ အခုက ရေတွေခမ်းလာတော့ သောက်သုံးရေအတွက် တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်။”လို့ စခန်းမှာနေထိုင်သူ တစ်ဦးကပြောပါတယ်။ ပဲသတူကျေးရွာဟာ ရေရှားပါးတဲ့ ဒေသတစ်ခုဖြစ်ပြီး ကျေးရွာတစ်ရွာလုံးဟာ လက်ရှိအသုံးပြုနေတဲ့ ရေတွင်းလေးကိုပဲ အမှီပြုနေကြရတာဖြစ်ပြီး ကျန်ရှိတဲ့ရေတွေကို ရေရှည်အသုံးပြုနိုင်ရေးအတွက် မိသားစုတစ်စုကို တနေ့ ရေအိုးလေးလုံးသာ ခွင့်ပြုထားခြင်းဖြစ်ပါတယ်။ “ရေအခက်အခဲဖြစ်တာ နှစ်ပတ်လောက်ရှိနေပါပြီ။ ရေခမ်းလာတဲ့အတွက်…
Read More