စစ်ကိုင်းတိုင်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အခက်ခဲတွေကြောင့် လျော့နည်းလာ

စစ်ကိုင်း မတ် ၂ -၂၀၁၉

မောင်တာရာ (VOM)

 

စစ်ကိုင်းတိုင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအချို့မှာ ငွေကြေးအခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပြီး ပညာသင်ကြားပေးနေတဲ့ ဆရာ ၊ဆရာမတွေရဲ့  လစာကို ကောင်းစွာ ထောက်ပံ မပေးနိုင်ခြင်းတို့ကြောင့် ဆရာ၊ဆရာမ မတည်မြဲခြင်း အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရကာ နှစ်နှစ် အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၃)ကျောင်း ရပ်နားသွားရတယ်လို့  သိရပါတယ်။

စစ်ကိုင်းတိုင်း ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ကောသလ္လာဘိဝံသ က ခုလိုမိန့်ကြားပါတယ်။

 

”ဘ/က ကျောင်းတွေ မှာ အထူးသဖြင် ဆရာ၊ဆရာမတွေ အခက်အခဲရှိပါတယ်။ဆရာ၊ဆရာမတွေက မမြဲကြဘူး ဘာလို့ မမြဲကြသလဲ ဆိုတော့ ငွေကြေး ထောက်ပံမှု အားနည်းလို့ ပါပဲ၊ ငွေကြေး အခက်အခဲကြောင့် ဆရာ၊ဆရာမ ထောက်ပံပေးမှုအားနည်းသွားတဲ့ အခါကျတော့  မဖွင့်နိုင်ကျတော့ နည်းသွားတယ်။ (၂)နှစ် အတွင်း ဘ/က ကျောင်း ၁၃ ကျောင်း လျော့သွားတယ်။ ”လို့ဆရာတော်က မိန့်ပါတယ်။

 

 

စစ်ကိုင်းတိုင်းမှာ အရင်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၇၀)ကျော် ရှိခဲ့ရာကနေ လက်ရှိမှာ(၁၆၂)ကျောင်းသာရှိပါတော့တယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ ငွေကြေးအခက်အခဲ ဖြစ်ပေါ်ပြီး ရပ်နားသွားရတာကြောင့် မြန်မာနိုင်ငံအတွင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ  ရေရှည်ရပ်တည်ရေးအတွက် လက်ရှိမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရဲ့  မဟာဗျူဟာစီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

#voiceofmyanmar#စစ်ကိုင်းတိုင်း#ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW