မြောက်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်တဲ့ကိစ္စ ထွေအုပ်သတင်းစာရှင်း

စစ်တွေ၊ မတ် ၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါးနှုတ်ထွက်သွားတာနဲ့ပတ်သက်လို့ ဒီကနေ့ မတ်လ ၂ ရက်နေ့နေ့လယ်ပိုင်းက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်နဲ့ ရခိုင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်စိုးတို့က ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။   “မြောက်ဦးမှာ အုပ်ချုပ်ရေးမှူး ၄ ဦးကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ခေါ်ယူမေးမြန်းတဲ့အတွက် ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေက ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ရတာ မလုံခြုံတော့ဘူးဆိုပြီး ထွက်စာတင်ပါတယ်ဆိုပြီးတော့ မီဒီယာတွေမှာ ပြောကြားထားတဲ့အတွက် ခေါ်ယူပြီးတော့ ရှင်းလင်းရခြင်းဖြစ်ပါတယ်။”လို့ ဦးဌေးအောင်ကပြောပါတယ်။   တိုက်ပွဲဖြစ်ပွားရာဒေသတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီးတော့ အခုလိုစစ်ဆေးမှုတွေပြုလုပ်နေရတာဟာ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိတဲ့သူတွေက သတင်းလက်ဦးမှုရယူပြီးတော့ ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ပါဝင်ပတ်သက်နေတဲ့အတွက် အခုလိုခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ ပြောပါတယ်။   “ကျွန်တော်တို့ ပြည်နယ်ထဲမှာ သွားရေးလာရေးတွေ အခက်အခဲဖြစ်နေတယ်။…

Read More

မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ မပြောင်းဘူးလို့ ကုလသမဂ္ဂဆို

နယူးယောက်၊ မတ်-၂-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပူးတွဲ ဥက္ကဌအဖြစ် လက်ရှိတာဝန်ယူထား ပြင်သစ်နဲ့ ဂျာမနီ သံအမတ်ကြီးတွေက ပြောပါတယ်။   ဂျာမန်သံအမတ်ကြီး ခရစ်တိုဖာ ဟီယူဆဂင်နဲ့ ပြင်သစ်သံအမတ်ကြီး ဖရန်ကွိုင်ဒီလာထရာ တို့ မတ် ၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။ သဘောတူညီချက်တစ်စုံတစ်ရာ မထွက်ခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ဂျာမန်သံအမတ်ကြီး ခရစ်တိုဖာ ဟီယူဆဂင်က လုံခြုံရေးကောင်စီမှာ မေးမြန်းခဲ့တာပါ။  မြောက်ကိုရီးယားအပေါ် လက်ရှိချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြောင်းလဲဖို့မလိုအပ်ဘူးလို့ ရှုမြင်ကြောင်းလည်း ၎င်းကပြောပါတယ်။   တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ ကူညီနိုင်ခဲ့ကြောင်း ၎င်းက ထောက်ပြပြောဆိုပြီး အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိမယ်လို့…

Read More

စစ်ကိုင်းတိုင်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အခက်ခဲတွေကြောင့် လျော့နည်းလာ

စစ်ကိုင်း မတ် ၂ -၂၀၁၉ မောင်တာရာ (VOM)   စစ်ကိုင်းတိုင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအချို့မှာ ငွေကြေးအခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပြီး ပညာသင်ကြားပေးနေတဲ့ ဆရာ ၊ဆရာမတွေရဲ့  လစာကို ကောင်းစွာ ထောက်ပံ မပေးနိုင်ခြင်းတို့ကြောင့် ဆရာ၊ဆရာမ မတည်မြဲခြင်း အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရကာ နှစ်နှစ် အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၃)ကျောင်း ရပ်နားသွားရတယ်လို့  သိရပါတယ်။ စစ်ကိုင်းတိုင်း ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ကောသလ္လာဘိဝံသ က ခုလိုမိန့်ကြားပါတယ်။   ”ဘ/က ကျောင်းတွေ မှာ အထူးသဖြင် ဆရာ၊ဆရာမတွေ အခက်အခဲရှိပါတယ်။ဆရာ၊ဆရာမတွေက မမြဲကြဘူး ဘာလို့ မမြဲကြသလဲ ဆိုတော့ ငွေကြေး ထောက်ပံမှု အားနည်းလို့ ပါပဲ၊ ငွေကြေး အခက်အခဲကြောင့် ဆရာ၊ဆရာမ ထောက်ပံပေးမှုအားနည်းသွားတဲ့ အခါကျတော့  မဖွင့်နိုင်ကျတော့ နည်းသွားတယ်။…

Read More

လိုင်စင်အတုနဲ့ လေယာဉ်မောင်းနေသူကို နှစ်ပေါင်း ၂၀ ကျော်ကြာမှ စိစစ်တွေ့ရှိ

ကိပ်တောင်း၊မတ်-၂-၂၀၁၉ မျိုးဆက် (VOM)   တောင်အာဖရိကလေကြောင်းလိုင်း (အက်စ်အေအေ)မှ လေယာဉ်မှူးတစ်ဦးဟာ နှစ်ပေါင်း၂၀ကျော် ကြာအောင် လိုင်စင်အတုနဲ့ လေယာဉ်မောင်းခဲ့တာကို လေကြောင်းလိုင်းကသိရှိပြီးနောက်  ရာထူးက နှုတ်ထွက်လိုက်ရပါတယ်။   တောင်အာဖရိကနေ ဂျာမနီကိုသွားတဲ့  ခရီးစဉ်တစ်ခုအတွင်း အစီရင်ခံတစ်ခုမှာ မတော်တဆအချက်အလက်မှားယွင်းပြီးနောက် လေယာဉ်မှူးဝီလျံချန်းဒလာရဲ့ လေယာဉ်မောင်းလိုင်စင်မှာ အတုဖြစ်နေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တောင်အာဖရိကလေကြောင်းလိုင်းကဆိုပါတယ်။   လိုင်စင်အတုနဲ့ လေယာဉ်မောင်းတဲ့ ဝီလျံချန်းဒလာကို အဆိုပါလေကြောင်းလိုင်းကနေ ပြစ်မှုကြောင်းအရ တရားစွဲဆိုသွားမှာဖြစ်ပြီး အာဖရိကငွေသန်းချီရရှိဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ဒါ့အပြင် တောင်အာဖရိကလေကြောင်းလိုင်း လုံခြုံရေးအရာရှိတစ်ဦးကိုလည်း  အဆိုပါလိုင်စင်တုနဲ့ပတ်သက်ပြီး ဖုံးကွယ်ပေးဖို့  ကြိုးပမ်းမှုအတွက် တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။   မစ္စတာချန်ဒလာဟာ ၁၉၉၄ခုနှစ်က လေယာဉ်မှူးတစ်ဦးအဖြစ် တာဝန်မထမ်းဆောင်မီ နိုင်ငံပိုင် တောင်အာဖရိကလေကြောင်းလိုင်းမှာ လေယာဉ်အင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ တောင်အာဖရိကသတင်းစာ Mail & Guardian သတင်းစာက ဖော်ပြပါတယ်။   Ref :BBC…

Read More

လေရှီးမြို့နယ်မှာ ကျန်းမာရေးဌာနခွဲ (၇)ခု အဆောက်အဦး တည်ဆောက်ပေးရေး လွှတ်တော်မှာမေး

နေပြည်တော် မတ် ၂-၂၀၁၉ မိုင်ချယ်ရီ (VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းက ကျေးရွာ (၇)ရွာမှာ စံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦးတွေ ဆောက်လုပ်ပေးရေးအတွက် မတ်လ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လေရှီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးကျော်ဌေး က မေးခွန်းမေးမြန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးကျော်ဌေး က “မေးခွန်းမှာဖော်ပြထားတဲ့ ကျန်းမာရေးဌာနခွဲများဟာ ယခင်က နတလ အစီအစဉ် နဲ့ ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးတွေလည်း ရှိပါတယ်။ နောက် ၀န်ကြီးဌာနကနေပြီးတော့ ဆောက်လုပ်ပေးထားတဲ့ အဆောက်အဦးတွေလည်း ရှိသလို ကျေးရွာက ကိုယ်ထူကိုယ်ထ ထရံကာ ကပ်ကာလေးနဲ့ ဆောက်လုပ်ခဲ့တဲ့ ဆေးခန်းတွေ ဖြစ်ပါတယ်။ဒီလို ဒေသထွက် သစ်ဝါးတွေနဲ့ပဲ ဆောက်လုပ်ထားတော့ ယခုဆိုရင် ပျက်စီးနေပြီဖြစ်ပါတယ်။ဒါ့အပြင် ၀န်ထမ်းများနေဖို့လည်း မလုံလောက်ဘူး။သန့်ရှင်း လုံခြုံမှုလည်း မရှိဘူးဖြစ်နေပါတယ်။ဒါကြောင့် ကျန်းမာရေးဌာန ဆရာ…

Read More

တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ဖိနှိပ်ခံတောင်သူတွေ ဝတ်ပြုဆုတောင်းပွဲလုပ်

မန္တ​လေး၊ ​မတ်​ ၂-၂၀၁၉ ဟိန်းကို+မောင်တာရာ(VOM) အကျဉ်းကျခံ တောင်သူတွေ လွတ်မြောက်ရေးနဲ့ ဖိနှိပ်ခံတောင်သူတွေအတွက် လယ်ယာမြေသိမ်းဆည်းခံတောင်သူတွေ က ဒီနေ့မနက်က  မန္တလေးမြို့ရှိ မဟာမြတ်​မုနိဘုရားကြီးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်​တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ချုပ်က​နေ ဦး​ဆောင်​ပြီး တောင်သူ ၁၀၀နီးပါးနဲ့ ဆုတောင်းပွဲပြုလုပ်​ခဲ့ပါတယ်​။ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန် တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ချုပ်ရုံး မန္တ​လေးတိုင်းဥက္ကဌ ကိုလင်းထင်စိုး က   “ဒီနေ့က ​တောင်​သူလယ်​သမား​နေ့ဆိုပြီး သက်​မှတ်​ခံရတဲ့​နေ့ဖြစ်​တယ်​၊ အမှန်​ဆိုရင်​ ဒီ​နေ့ဟာ မတ်​၂ရက်​ ၁၉၆၂ခုနှစ်​ ဦး​နေ၀င်း ဟာ အာဏာသိမ်းပြီး ပြည်​သူလူထုကို မတရားသဖြင့်​အုပ်​ချုပ်​ခဲ့တာ နှစ်​​ပေါင်း၅၇နှစ်​ပြည့်​တဲ့ ​နေ့တ​နေ့ဖြစ်​တယ် ကျွန်​​တော်​တို့ ​တောင်​သူလယ်​သမား​တွေက မတရားဖိနိုပ်​ချုပ်​ချယ်​ခံရတယ်​ ၊ မတရားသဖြင့်​​ထောင်​တွင်းအကျဉ်းချခံရတယ်​၊ မတရားသဖြင့်​တရားစွဲဆိုခံ​နေရတယ်​ ဒါ​တွေနဲ့ပက်​သက်​ပြီး​တောင်​သူလယ်​သမား​တွေရဲ့ဒုက္ခကို ​ပြေ​ပျောက်​​စေ​ဖို့အတွက်​ ဘုရားကိုလာ​ရောက်​ပြီး ဆု​တောင်းပွဲပြုလုပ်​ရခြင်းဖြစ်​ပါတယ်​” လို့ပြောပါတယ်​။   အဲဒီ ဆုတောင်းပွဲကို မန္တလေးတိုင်းအတွင်းက ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊စဥ့်ကိုင်မြို့နယ်၊သပိတ်ကျင်းမြို့နယ်၊…

Read More

လွှတ်တော်ကိုယ်စားလှယ်တွေကို အစိုးရက မထီမဲ့မြင်လုပ်နေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေပြော

စစ်တွေ၊ မတ် ၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုတွေနဲ့ ကတိကဝတ်ပြုထားတဲ့ မေးခွန်းတွေအပေါ်မှာ အစိုးရလိုက်နာမှုမရှိသလို အကောင်အထည်ဖော်ဆောင်ရွက်ပေးတာတွေ မရှိသလောက်ဖြစ်နေ တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။   ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီးတာ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို အစိုးရကအခုလိုမျိုး ဆောင်ရွက်ပေးခြင်း မရှိတာဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မထီမဲ့မြင်လုပ်နေတာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။   “ရခိုင်လူမျိုးတွေရဲ့ ဒေဖွံ့ဖြိုးရေး၊ စီးပွားရေးတွေ တိုးတက်လာဖို့အတွက် ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုတွေ မေးခွန်းအများကြီးမေးခဲ့ပါတယ်။ လွှတ်တော်ထဲမှာ အားကြိုးမာန်တက်ဆွေးနွေးခဲ့ ကြတဲ့ အဆိုတွေကို အခုအချိန်ထိ အစိုးရကလိုက်နာဆောင်ရွက်ပေးဖို့ နေနေသာသာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မထီမဲ့မြင်လုပ်သလိုဖြစ်လာပါတယ်။”လို့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောပါတယ်။   လွှတ်တော်သက်တမ်း သုံးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ်လွှတ်တော်မှာ…

Read More

ကျောက်ဂူဆရာတော် ကမ္မဌာနာစရိယ ဣန္ဒာစရိယရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်မည်

ဂန့်ဂေါ မတ် ၂-၂၀၁၉ မိုင်ချယ်ရီ (VOM) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ကျေးရွာအနီးမှာ ရှိတဲ့ ကျောက်ဂူတောရကျောင်း ဆရာတော် ဣန္ဒာစရိယရဲ့ ရုပ်ကလာပ် ကို ဒီနေ့ မတ်လ ၂ ရက်နေ့ ညဦးပိုင်းမှာ မီးသဂြိုလ်မှာ  ဖြစ်တယ်လို့ သိရပါတယ်။ ဆရာတော် ပျံလွန်တော်မူပြီးနောက်မှာ သူရဲ့ ရုပ်ကလာပ်ကို ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ကျောက်ဂူတောရကျောင်းမှာ ရပ်ဝေးရပ်နီးက ဆရာတော်ရဲ့ ဒကာ ဒကာမတွေ ဖူးမြှော်နိုင်ဖို့ ပူဇော်ခံထားရာကနေ မီးသဂြိုလ်တော့မှာ ဖြစ်ပါတယ်။   “ယောဆရာတော်ဘုရားကြီးရဲ့ ညတရားပွဲ ရှိတယ်။ တရားပွဲပြီမှ မီးသဂြိုလ်မှာ စီစဉ်ထားတာတွေကတော့ အားလုံးပြီးပြီ။ ကျောက်ဂူတောရကျောင်းက စွယ်တော်ဘုရားဝန်းထဲ မုခ်တည့်တည့်မှာပဲ မီးသဂြိုလ်ဖို့ နေရာပြင်ထားတယ်။ မီးသဂြိုလ်တဲ့နေရာ အတိုင်းပဲ လွမ်းစေတီတော် (မဟာဗောဓိ(ဗုဒ္ဓဂယာ))ပုံတူ စေတီတည်မယ်” လို့ ကန်ကျေးရွာက ဆရာတော် ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းနိုင်…

Read More

အနောက်ဖက်စစ်မျက်နှာဟာ ကြောက်စရာကောင်းလာတယ်လို့ ရခိုင်နိုင်ငံရေးသမားပြော

စစ်တွေ၊ မတ် ၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ပိုင်းသေမှာ မြန်မာတပ်မတော်နဲ့ AA တို့အကြား ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်လာ ၈ ရက်နေ့က စတင်ပြီးတော့ မြို့နယ်ငါးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဟာ ကြောက်စရာကောင်းလို့ သင်ခန်းစာယူသင့်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။   အခုလိုမျိုးတိုက်ပွဲတွေဖြစ်ပွားနေပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပွားလာနေတဲ့အတွက် အနာက်ဖက်စစ်မျက်နှာဟာ အင်မတန်ကြောက်စရာကောင်းလာတယ်လို့ ဒေါက်တာအေးမောင်က မတ်လ ၁ ရက် မနေ့ကရုံးထုတ်မှာ ပြောကြားခဲ့ပါတယ်။   “ပြည်ထောင်စုကို သင်္ခန်းစာယူကြပါ။ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး အမျိုးသားရင်ကြားစေ့အောင်လုပ်မှာလဲ။ ကျွန်တော်တို့ ရခိုင်ဒေသကြောင့် ၁၈၂၄ ပြဿနာ ပြန်ပေါ်တော့မယ် ကျွန်တော်မြင်တယ်။ အနောက်ဘက်စစ်မျက်နှာက အင်မတန် ကြောက်စရာကောင်းလာတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဝင်လာကြပြီ။”လို့ ဒေါက်တာအေးမောင်က ပြောကြားခဲ့ ပါတယ်။   ဒါ့ကြောင့် ပြည်တွင်းစစ်တွေရပ်စဲဖို့လိုအပ်နေပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွေကို…

Read More

ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါအ၀င် အရပ်သား ၁၀ ကိုဖမ်းဆီး

မြောက်ဦး၊ မတ် ၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးနဲ့ ရွာသားတစ်ဦးအပါအ၀င် ကျောက်တော် မြို့နယ်က အရပ်သား ၅ဦးတို့ကို မနေ့က ဖေဖော်ဝါရီ ၂၈ တစ်ရက်တည်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။   အဲ့ဒီလူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာမှန်ကန်ပေမယ့် လက်ရှိမှာတော့ ဘာကြောင့်ဖမ်းဆီးရတယ်တိုတာကို ပြောပြလို့ မရသေးကြောင်းပြောပါတယ်။   “ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး လေးယောက်နဲ့ ရွာသားတစ်ယောက်ကို လောလောဆယ် ထိန်းသိမ်းထားတာပါ။ စစ်ဆေးစရာတွေရှိလို့ စစ်ဆေးနေပါတယ်။ ဖမ်းဆီးထားတဲ့သဘောတော့မဟုတ်ဘူး။”လို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။   မြောက်ဦးမြို့နယ်အတွင်း ဖမ်းဆီးခံထားရသူတွေကတော့ ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ ကျောက်ဆည်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်း၊ ပေါက်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်ချေ၊ ပြိုင်းချကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်နဲ့ တင်းထိန်ကန်ကျေးရွာသား တစ်ဦးတို့ကို မနေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ကတော့ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုမသိရသေးဘူး။ မနေ့က နေ့လည်ပိုင်းလောက်မှာ လပါတ်အစည်းအဝေးကိုရောက်နေတဲ့အချိန် မြို့နယ်…

Read More
VOM News

FREE
VIEW