မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ မပြောင်းဘူးလို့ ကုလသမဂ္ဂဆို

နယူးယောက်၊ မတ်-၂-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပူးတွဲ ဥက္ကဌအဖြစ် လက်ရှိတာဝန်ယူထား ပြင်သစ်နဲ့ ဂျာမနီ သံအမတ်ကြီးတွေက ပြောပါတယ်။

 

ဂျာမန်သံအမတ်ကြီး ခရစ်တိုဖာ ဟီယူဆဂင်နဲ့ ပြင်သစ်သံအမတ်ကြီး ဖရန်ကွိုင်ဒီလာထရာ တို့ မတ် ၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။

သဘောတူညီချက်တစ်စုံတစ်ရာ မထွက်ခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ဂျာမန်သံအမတ်ကြီး ခရစ်တိုဖာ ဟီယူဆဂင်က လုံခြုံရေးကောင်စီမှာ မေးမြန်းခဲ့တာပါ။  မြောက်ကိုရီးယားအပေါ် လက်ရှိချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြောင်းလဲဖို့မလိုအပ်ဘူးလို့ ရှုမြင်ကြောင်းလည်း ၎င်းကပြောပါတယ်။

 

တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ ကူညီနိုင်ခဲ့ကြောင်း ၎င်းက ထောက်ပြပြောဆိုပြီး အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိမယ်လို့ ပြင်သစ်သံအမတ်ကြီး ဒီလာထရာကလည်း ပြောပါတယ်။

 

မြောက်ကိုရီးယားရှိ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့ အဆိုပြုချက်မှာ ထောက်ခံမှုမရှိတာကြောင့် လွန်ခဲ့သည့်နှစ်က မဆွေးနွေးနိုင်ခဲ့ကြပါဘူ။ ဒီလို ဆွေးနွေးပွဲကျင်းပနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် အနည်းဆုံး ကိုးနိုင်ငံက သဘောတူရမှာဖြစ်ပါတယ်။

 

Ref : Sputnik

Photo : Getty Images

#voiceofmyanmar#မြောက်ကိုရီးယားကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW