ကျောက်ဂူဆရာတော် ကမ္မဌာနာစရိယ ဣန္ဒာစရိယရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်မည်

ဂန့်ဂေါ မတ် ၂-၂၀၁၉

မိုင်ချယ်ရီ (VOM)

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ကျေးရွာအနီးမှာ ရှိတဲ့ ကျောက်ဂူတောရကျောင်း ဆရာတော် ဣန္ဒာစရိယရဲ့ ရုပ်ကလာပ် ကို ဒီနေ့ မတ်လ ၂ ရက်နေ့ ညဦးပိုင်းမှာ မီးသဂြိုလ်မှာ  ဖြစ်တယ်လို့ သိရပါတယ်။ ဆရာတော် ပျံလွန်တော်မူပြီးနောက်မှာ သူရဲ့ ရုပ်ကလာပ်ကို ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ကျောက်ဂူတောရကျောင်းမှာ ရပ်ဝေးရပ်နီးက ဆရာတော်ရဲ့ ဒကာ ဒကာမတွေ ဖူးမြှော်နိုင်ဖို့ ပူဇော်ခံထားရာကနေ မီးသဂြိုလ်တော့မှာ ဖြစ်ပါတယ်။

 

“ယောဆရာတော်ဘုရားကြီးရဲ့ ညတရားပွဲ ရှိတယ်။ တရားပွဲပြီမှ မီးသဂြိုလ်မှာ စီစဉ်ထားတာတွေကတော့ အားလုံးပြီးပြီ။ ကျောက်ဂူတောရကျောင်းက စွယ်တော်ဘုရားဝန်းထဲ မုခ်တည့်တည့်မှာပဲ မီးသဂြိုလ်ဖို့ နေရာပြင်ထားတယ်။ မီးသဂြိုလ်တဲ့နေရာ အတိုင်းပဲ လွမ်းစေတီတော် (မဟာဗောဓိ(ဗုဒ္ဓဂယာ))ပုံတူ စေတီတည်မယ်” လို့ ကန်ကျေးရွာက ဆရာတော် ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးသန်းဝင်းနိုင် က ပြောပါတယ်။

ကျောက်ဂူတောရ ဆရာတော်ဟာဆိုရင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ကျော် အချိန်ခန့်က နေပြည်တော် မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၀ မိုင် ၃ ဖာလုံ နဲ့ ၄ ဖာလုံ ကြားမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ပျံလွန်တော်မှုခဲ့တာ ဖြစ်ပါတယ်။

ပျံလွန်တော်မူခဲ့သည့် ကျောက်ဂူတောရ ဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တက္ကန္ဒာစရိယ သက်တော် (၆၈) နှစ် ပြည့် မွေးနေ့ပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့နယ်ရှိ ကျောက်ဂူတောရကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဆရာတော်ရဲ့ရုပ်ကလာပ် မီးသဂြိုလ်တဲ့ အချိန်မှာ ပူဇော်ဖို့  ရပ်ဝေးရပ်နီးက ဒကာ ဒကာမ တွေ တပည့်သာဝကတွေ ကျောက်ဂူတောရ ကျောင်းကို အစုံအလင် ရောက်ရှိနေပြီလို့သိရပါတယ်။

 

ဒီနေ့ည (၇)နာရီ အချိန်ဝန်းကျင်မှာ စတင်ကျင်းပမှာဖြစ်တဲ့ ယောဆရာတော်ဘုရားကြီးရဲ့ တရားပွဲ အပြီးမှာ မီးသဂြိုလ်သွားမှာ ဖြစ်ပါတယ်။ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ရဲ့ ပုံတူကို ထုလုပ်ပြီး ကန်ကျောက်ဂူတောရကျောင်းမှာ တည်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

 

#voiceofmyanmar#ကျောက်ဂူတောရဆရာတော်#မီးသဂြိုလ်#ဂန့်ဂေါ#ကလေး

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW