ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း) ကိုနိုင်ရဲဝေ အမရပူရရဲစခန်းကို လာရောက်အဖမ်းခံ

မန္တ​လေး၊ ​မတ်​ ၂၁-၂၀၁၉

ဟိန်းကို(VOM)

 

ဒီဇင်​ဘာ(၂၈)ရက်​​နေ့က ရတနာပုံတက္ကသိုလ်​​ကျောင်း​ရှေ့မှာ မန္တ​လေးတိုင်းအစိုးရအဖွဲ့တာဝန်​ရှိသူ​တွေကို အသုဘချသည့်​ သရုပ်​ပြမှုပြုလုပ်​ခဲ့တဲ့​နေရာမှာ ရတနာပုံတက္ကသိုလ်​ ​ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(​ဟောင်း) ကိုနိုင်​ရဲ​ဝေ ပါဝင်​ပက်​သက်​ခဲ့တဲ့လို့ဆိုကာ ရဲတပ်​ဖွဲ့က ဖမ်းဝရမ်းထုတ်​ထားရာ ဒီက​နေ့ ည​နေ့ပိုင်းက အမရပူရရဲစခန်းမှာ လာ​ရောက်​ အဖမ်းခံခဲ့ပါတယ်​။ အမရပူရရဲစခန်း က နိုင်​ရဲ​ဝေကို ပ/၇၂၂ ၂၀၁၈ငြိမ်းစုစီပုဒ်​မ ၁၉/ကျင့်​ ၅၁၂ နဲ့ တရားစွဲဆိုပြီး မနက်​ဖြန်​မနက်​ မတ်​လ၂၂ရက်​​နေ့မှာ အမရပူရတရားရုံးမှာ ရုံးထုတ်​စစ်​​ဆေးမှာဖြစ်​ပါတယ်​။

 

ဒီအမှုမှာပါဝင်​တဲ့ ​ကျောင်းသားသမဂ္ဂ​ အဖွဲ့ဝင်​(၇)ဦးကို ​ဖေ​ဖော်​၀ါရီ ၁၃ရက်​ နံနက်​ပိုင်းက အမရပူရမြို့နယ်​တရားရုံးက​နေ ပုဒ်မ ၄၃၅ ဖြင့် ​​ထောင်​ဒဏ်​(၃)လ၊ ပုဒ်မ ၁၉ ဖြင့် ​ထောင်​ဒဏ်​(၂)လ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

 

#voiceofmyanmar #ရတနာပုံကျောင်းသား #နိုင်ရဲဝေ

 

Related posts

Leave a Comment

VOM News

FREE
VIEW