မန္တလေး၊ မတ် ၂၁-၂၀၁၉
ဟိန်းကို(VOM)
ဒီဇင်ဘာ(၂၈)ရက်နေ့က ရတနာပုံတက္ကသိုလ်ကျောင်းရှေ့မှာ မန္တလေးတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေကို အသုဘချသည့် သရုပ်ပြမှုပြုလုပ်ခဲ့တဲ့နေရာမှာ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း) ကိုနိုင်ရဲဝေ ပါဝင်ပက်သက်ခဲ့တဲ့လို့ဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားရာ ဒီကနေ့ ညနေ့ပိုင်းက အမရပူရရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ အမရပူရရဲစခန်း က နိုင်ရဲဝေကို ပ/၇၂၂ ၂၀၁၈ငြိမ်းစုစီပုဒ်မ ၁၉/ကျင့် ၅၁၂ နဲ့ တရားစွဲဆိုပြီး မနက်ဖြန်မနက် မတ်လ၂၂ရက်နေ့မှာ အမရပူရတရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။
ဒီအမှုမှာပါဝင်တဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်(၇)ဦးကို ဖေဖော်ဝါရီ ၁၃ရက် နံနက်ပိုင်းက အမရပူရမြို့နယ်တရားရုံးကနေ ပုဒ်မ ၄၃၅ ဖြင့် ထောင်ဒဏ်(၃)လ၊ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်(၂)လ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။
#voiceofmyanmar #ရတနာပုံကျောင်းသား #နိုင်ရဲဝေ